Health: တက်တူးမထိုးသင့်တဲ့ အကြောင်းရင်းတွေ

"အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုး"

ဒီနေ့ခေတ်မှာ တက်တူးထိုးသူတွေ ပိုပိုပြီး များလာကြတယ်။ ကိုယ့်ဘာသာ ကြိုက်လို့ထိုးတာရော၊ ချစ်သူနဲ့ သူငယ်ချင်းနဲ့ ဆင်တူထိုးတာတွေရော ခေတ်စားနေတာလေ။ မိန်းကလေးတွေလည်း တက်တူးတွေ ထိုးနေကြပါပြီ။ "အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုး၊ ဤသုံးမျိုး ချက်မပိုင် နောင်ပြင်ရန်ခက်သည့်အမျိုး"လို့တောင် ရှေးလူတွေက ဆိုခဲ့ကြတယ်။ တက်တူးထိုးတယ်ဆိုတာ အရင်ခေတ်နဲ့ပြောရင် ဆေးမင်ရည်စုတ်ထိုးတာပဲပေါ့။ ဒီသုံးမျိုးလုံးဟာ ပြင်ရခက်တာမို့ သေသေချာချာ ချင့်ချိန်ပြီးမှ လုပ်သင့်တယ်လို့ လူကြီးတွေက မှာခဲ့ကြတယ်လေ။

၁။ တက်တူးဆရာကိုမသိဘူး

play
 

တက်တူးထိုးမယ်ဆိုရင် တက်တူးဆရာအကြောင်းကို သေသေချာချာလေး စုံစမ်းရပါမယ်။ လက်ရာကောင်းလား၊ ဈေးကြီးလား၊ သန့်ရှင်းမှုရှိလား၊ တစ်ခါသုံးအပ်ကိုသုံးတာ သေချာလား စသဖြင့် အချက်အလက်တွေကို သေချာပြီဆိုမှ ရွေးသင့်တယ်။ တွေ့ရာဆိုင်မှာ ကြုံလို့ တက်တူးထိုးတာမျိုးက ဘဝတစ်လျှောက်လုံး နောင်တရပြီး ကျန်နေရဖို့များတယ်။

 

၂။ အလုပ်ရှာနေတုန်း

ကျောင်းပြီးခါစ အလုပ်ရှာနေတုန်းဖြစ်စေ၊ ပိုကောင်းတဲ့အလုပ်ကိုရဖို့ ရှာနေချိန်မှာဖြစ်စေ တက်တူးမထိုးသင့်ဘူးလို့ အကြံပေးပါရစေ။ ထိုးမယ်ဆိုလည်း လူတွေ အလွယ်တကူ မမြင်နိုင်တဲ့ ကျောကုန်းတို့ လက်မောင်းတို့မှာပဲ ထိုးသင့်တယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ကိုမြင်တာနဲ့ အလုပ်ခန့်ချင်အောင် သပ်ရပ်နေဖို့ လိုတယ်လေ။ ဘဝက ပထမ၊ ဝါသနာက ဒုတိယမဟုတ်လား။

၃။ ဆုံးဖြတ်ချက်မခိုင်မာသေးဘူး

play
 

ရုတ်တရက် တက်တူးထိုးတာမျိုး မလုပ်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ တက်တူးဆိုတာ ထိုးနေတုန်းမှာလည်းနာတယ်၊ ထိုးပြီးသွားရင်လည်း တစ်ပတ်လောက်က ရောင်ရမ်းနေသေးတာ။ ပြီးရင် ပြန်ဖျက်လို့မလွယ်တော့ဘူး။ သူငယ်ချင်းတက်တူးထိုးတာကြည့်ပြီး ထိုးချင်စိတ်ပေါက်လို့ ချက်ချင်းဝင်မထိုးလိုက်ပါနဲ့။ သေသေချာချာ ဆုံးဖြတ်ပြီးမှသာ ထိုးသင့်ပါတယ်။

၎။ မပြတ်မသားဝေဝေဝါးဝါး

ဒီပုံကို တက်တူးထိုးချင်တယ်၊ ဒါပေမဲ့ လူတွေ ဝေဖန်ကဲ့ရဲ့မှာလည်း စိုးရိမ်နေတယ်ဆို တက်တူးမထိုးပါနဲ့ဦး။ ဘယ်သူဘာပြောပြော ဂရုမစိုက်ဘူးဆိုတဲ့ ခံယူချက်ရှိတော့မှ တက်တူးထိုးပါ။ ထိုးပြီးမှ နောင်တရနေရင် ပိုဆိုးမယ်နော်။

Postby

 

၅။ ကလေးယူဖို့စီစဉ်နေတယ်

play
 

ကိုယ်ဝန်ဆောင်ဖို့ စဉ်းစားထားတယ်၊ ကလေးယူဖို့ စီစဉ်နေတယ်ဆိုရင်လည်း တက်တူးမထိုးသင့်သေးပါဘူး။ တက်တူးထိုးပြီး နောက်ဆက်တွဲဂယက်တွေက အချိန်အကြာကြီးထိ သက်ရောက်နေဦးမှာပါ။ ကိုယ်ဝန်လွယ်ချိန်မှာ လူက ဝလာမယ်၊ အကြောတွေပြတ်မယ်ဆိုရင် ထိုးထားတဲ့တက်တူးကလည်း ပုံစံပျက်သွားမှာလေ။

Source : List

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ