Health: ဆီးချိုရောဂါ စဖြစ်နေပြီဆိုရင် သိထားဖို့လိုတဲ့ ဆောင်ရန်ရှောင်ရန်အချက်များ

စိတ်ဓာတ်မကျပါနဲ့။

ဆီးချိုသွေးချိုရောဂါ ရှိနေပြီဆိုတာ သိသိချင်းမှာ ထိတ်လန့်သွားကြလေ့ရှိတယ်။ အနေအထိုင် အစားအသောက်ကို ကန့်သတ်ထိန်းချုပ်ရတော့မှာလေ။ ဒီလိုမှမဟုတ်ရင် နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရင်ဆိုင်ရတော့မှာပါ။ နောက်ဆက်တွဲဆိုးကျိုးတွေဟာ ဆီးချိုရှိတိုင်း သေချာပေါက်ဖြစ်မယ်လို့တော့ ပြောလို့မရပါဘူး။ ကျန်းမာရေးပညာရှင်တွေနဲ့ တိုင်ပင်ပြီး ကောင်းကောင်းထိန်းချုပ်ကုသမယ်ဆိုရင် နောက်ဆက်တွဲရောဂါတွေ ဝင်မလာအောင် အကြာကြီးထိန်းထားနိုင်မှာဖြစ်ပါတယ်။

၁။ အချက်အလက်တွေစုဆောင်းပါ

play

ဆီးချိုရောဂါနဲ့ ပတ်သက်တဲ့ အခေါ်အဝေါ်တွေ၊ အချက်အလက်တွေကို သိထားဖို့ လိုလာပါပြီ။ သွေးတွင်းသကြားဓာတ်ပမာဏ၊ သွေးချိုတိုင်းကိရိယာ၊ အင်ဆူလင် စတာတွေကို သိနားလည်လာအောင် လေ့လာရပါမယ်။ မြန်မာနိုင်ငံမှာ ဆီးချိုသွေးချိုရောဂါအသင်းကြီးလည်း ရှိနေတာမို့ အဲ့ဒီကနေ အချက်အလက်နဲ့ မှတ်သားစရာတွေကို ရယူနိုင်ပါတယ်။

 

၂။ အကူအညီ

play
 

မိသားစုဝင်တွေရဲ့ အကူအညီလည်း လိုပါတယ်။ ဆီးချိုသွေးချိုရောဂါရှင်တစ်ဦးကို ဆရာဝန်ကပဲ ပြုစုစောင့်ရှောက်တာမဟုတ်ပါဘူး။ မိသားစုဝင်တွေနဲ့ အတူနေသူတွေကလည်း ကိုယ့်ရဲ့အနေအထိုင် စားသောက်မှုစရိုက်တွေကို ကူညီထိန်းသိမ်းပေးဖို့ လိုပါတယ်။ သူတို့တွေကိုလည်း ဆီးချိုသွေးချိုရောဂါနဲ့ ပတ်သက်တာတွေ၊ ကိုယ့်ရဲ့အခြေအနေတွေကို အသိပေးထားပါ။

၃။ သေးသေးလေးတွေကစပြီးပြောင်း

play
 

ဆီးချိုဖြစ်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ လူနေမှုဘဝကို ရုတ်တရက်ကြီး အကြီးအကျယ်ပြောင်းလဲပစ်လိုက်ဖို့ မကြိုးစားပါနဲ့။ ထိန်းချုပ်တာတွေ ပွင့်ထွက်ကုန်ရင် ပိုဆိုးသွားနိုင်တယ်။ သေးသေးလေးတွေကစပြီးပြောင်းလဲပါ။ ကိုယ်လက်လှုပ်ရှားမှုတွေအနေနဲ့ ညနေခင်း လမ်းလျှောက်ထွက်တာမျိုး၊ အချိုများလွန်းတာတွေ လျှော့စားတာ၊ အားဖြည့်အချိုရည် ဖြတ်တာမျိုးတွေကနေ စသင့်ပါတယ်။

Postby

 

၎။ အပေါင်းအသင်း

play

ကိုယ့်ရဲ့အသိမိတ်ဆွေတွေထဲမှာ ကိုယ့်လိုမျိုး ဆီးချိုသွေးချို ဖြစ်နေသူတွေ ရှိမရှိ စုံစမ်းပါ။ သူတို့ရှိနေရင် ကိုယ့်အတွက် အကြံဉာဏ်တွေပေးနိုင်မှာဖြစ်သလို အတူတူ ရေကူးကြတာမျိုး၊ အားကစားလုပ်ကြတာမျိုး စတဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့်အရာတွေ ပိုလုပ်ဖြစ်ပါလိမ့်မယ်။

Source : Health Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ