Health: အဝလွန်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း (၄) မျိုး

အဝလွန်ရောဂါဟာ လူမှုဆက်ဆံရေး တစ်ခုတည်းကိုပဲ ထိခိုက်စေတာ မဟုတ်ဘဲ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါတို့လို အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ရောဂါတွေနဲ့ပါ ဆက်စပ်နေတဲ့အတွက် သတိပြုသင့်ပါတယ်။

အဝလွန်ရောဂါဟာ ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်မျိုးပါ။ အဝလွန်ရောဂါဟာ လူမှုဆက်ဆံရေး တစ်ခုတည်းကိုပဲ ထိခိုက်စေတာ မဟုတ်ဘဲ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ရောဂါတို့လို အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ရောဂါတွေနဲ့ပါ ဆက်စပ်နေတဲ့အတွက် သတိပြုသင့်ပါတယ်။

play

 

အဝလွန်ရောဂါ မဖြစ်စေဖို့အတွက် ကိုယ်အလေးချိန် ထိန်းသိမ်းဖို့ လိုတာကိုတော့ ပြောနေဖို့တောင် လိုမယ်မထင်ပါဘူး။ အဝလွန်ရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတချို့ကို ရှောင်ကြဉ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ စိတ်ဖိစီးမှုများခြင်း

play
 

တချို့လူတွေ သိချင်မှသိကြမှာပါ။ ဒါပေမယ့် စိတ်ဖိစီးမှုများခြင်းဟာ လူကိုဝစေပါတယ်။ စိတ်ဖိစီးမှုဟာ ဟော်မုန်းတွေကို အနှောင့်အယှက်ပေးပြီး ဝိတ်တက်စေတာပါ။ နောက်ပြီး ကျွန်တော်တို့ စိတ်ဖိစီးနေချိန်မှာ emotional eaters (အစားပဲဖိစားတတ်သူ) တွေ ဖြစ်လာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစားတွေဖိစားမိရာကနေ ဝိတ်ကျဖို့အတွက် လေ့ကျင့်ခန်းလုပ်နေတာတွေ၊ diet လုပ်နေတာတွေကို အလကားဖြစ်သွားစေမှာပါ။

၂။ အိပ်ချိန်မမှန်ခြင်း

play
 

လူက အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ကလည်း ပုံမှန်အလုပ်မလုပ်တော့ပါဘူး။ လူ့ခန္ဓာကိုယ်တွင်းက ကလီစာနဲ့ အစိတ်အပိုင်းတွေ ပုံမှန်အလုပ် မလုပ်တော့တဲ့အခါ ဇီဝကမ္မဖြစ်စဉ်တွေလည်း ကမောက်ကမဖြစ်လာပြီး ဝိတ်တက်လာစေနိုင်ပါတယ်။ အဲဒီအချိန်မှာ လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် ဝိတ်မကျတော့ပါဘူး။

မှတ်သားထားဖို့က နေ့လည်ဘက်မှာ gym ဘယ်လောက်ဆော့ဆော့ ညဘက်ပုံမှန်မအိပ်ရင် အလကားပါပဲ။ နောက်တစ်ခုက အိပ်ရေးပျက်ခြင်းဟာ motivation (စိတ်အားထက်သန်မှု) ကျဆင်းခြင်းကိုလည်း ဖြစ်စေနိုင်လို့ gym သွားဖို့ စိတ်ဓာတ်မွေးမြူရာမှာ၊ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားရာမှာ အနှောင့်အယှက်ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကိုပုံမှန်လေးထားပြီး အိပ်ရေးဝအောင် အိပ်ပေးသင့်ပါတယ်။

 

၃။ အလင်းရောင်ညစ်ညမ်းမှု

play
 

မြို့ပြရဲ့နီယွန်မီးရောင်တွေ၊ တီဗီကလာတဲ့ blue light လို့ခေါ်တဲ့အပြာရောင်အလင်းတွေ၊ စမတ်ဖုန်းကထွက်တဲ့ အပြာရောင် အလင်းတွေ စသဖြင့် များစွာသော အလင်းရောင်ညစ်ညမ်းမှုတွေဟာ ကျွန်တော်တို့ကို ဝန်းရံထားတာပါ။ လျှပ်စစ်ပစ္စည်းတွေက ထွက်တဲ့ အဲဒီ အပြာရောင်အလင်း (blue light) တွေဟာ ကျွန်တော်တို့ရဲ့အိပ်ချင်စိတ်တွေကို အနှောင့်အယှက်ပေးနိုင်ပြီး အိပ်မောကျဖို့ကို ပိုမိုခက်ခဲစေပါတယ်။

အလင်းရောင်ညစ်ညမ်းမှုတွေက ကိုယ်အလေးချိန်ကို တိုက်ရိုက်မတက်စေပေမယ့် ဝိတ်ချရာမှာ အခက်အခဲတစ်ခု ဖြစ်လာစေမှာပါ။ ဒါကြောင့်အိပ်ယာမဝင်ခင်မှာ လျှပ်စစ်ပစ္စည်းတွေကိုပိတ်ထားခြင်းက အိပ်ချိန် ပုံမှန်ပြန်ဖြစ်စေပြီး ကိုယ်အလေးချိန်ချရာမှာ အထောက်အကူဖြစ်စေပါတယ်။

၎။ စိတ်ဓာတ်ကျခြင်း

play
 

စိတ်ဖိစီးမှုလိုပဲ စိတ်ဓာတ်ကျခြင်းဟာလည်း လူတိုင်းမှာရှိနေနိုင်ပြီး တစ်ခါတလေဆိုရှိလို့ရှိနေမှန်းတောင် မသိနိုင်ပါဘူး။ ဝိတ်ချဖို့ ကြိုးစားနေသူတွေအတွက် သတင်းဆိုးတစ်ခုကတော့ စိတ်ကျရောဂါဟာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းနဲ့ အစားလွန်ခြင်းကြောင့် ဝိတ်တက်လာစေနိုင်ပါတယ်။

ဒါကြောင့် (၂) ရက်၊ (၃) ရက်ဆက်တိုက် စိတ်ဓာတ်ကျနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး မိမိဘယ်လို ခံစားနေရတယ် ဆိုတာကို တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓာတ်ကျခြင်းမရှိရင် ဘဝကပိုမိုနေပျော်ဖို့ကောင်းလာပြီး လေ့ကျင့်ခန်းတွေနဲ့ diet လုပ်ရတာတွေကို ပိုမိုလွယ်ကူလာစေပါတယ်။

Source: powerofpositivity

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ