Health: ယောက်ျားလေးအများစု လုပ်နေမိတဲ့ ကျန်းမာရေးထိခိုက်စေတဲ့အကျင့်ဆိုး (၃) ခု

အဆိုးရွားဆုံးကတော့ ကွန်ပျူတာကီးဘုတ်ကို နေ့စဉ် ကိုင်တွယ်အသုံးပြုနေတဲ့ လုပ်ငန်းခွင်အတွင်းမှလူတွေ၊ ဂိမ်းကစားသူတွေပါ။

ယောက်ျားလေးတွေဟာ မိန်းကလေးတွေလို တစ်ကိုယ်ရည်သန့်ရှင်းရေးနဲ့ အလှအပကို သိပ်ပြီးဂရုမစိုက်ဖြစ်ကြဘူး။ တချို့ကြတော့လည်း တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိပါရဲ့။ ဒါပေမဲ့ သတိမထားမိဘဲ လုပ်နေမိတဲ့ အကျင့်တွေကပဲ ကျန်းမာရေးပြဿနာတွေ ဖြစ်လာစေပြန်ရော။

၁။ လက်သည်းကိုက်ခြင်း၏

play
 

လက်ဆိုတာက အရာဝတ္ထုများစွာကို နေ့စဉ် ထိတွေ့ကိုင်တွယ်နေရတာပါ။ ရံဖန်ရံခါမှာ သတိမပြုမိဘဲ ညစ်ပတ်ပေကျံနေတာမျိုးနဲ့ထိတွေ့မိတာမျိုးလည်းရှိပါတယ်။ အဆိုးရွားဆုံးကတော့ ကွန်ပျူတာကီးဘုတ်ကို နေ့စဉ် ကိုင်တွယ်အသုံးပြုနေတဲ့ လုပ်ငန်းခွင်အတွင်းမှလူတွေ၊ ဂိမ်းကစားသူတွေပါ။ တစ်စုံတစ်ခု ပြုလုပ်ခါနီး၊ ဆုံးဖြတ်ခါနီးမှာ လက်သည်းကိုက်တာမျိုး၊ တွေးတာကြံဆတာမျိုး ပြုလုပ်နေချိန်မှာလက်သည်းကိုက်တာမျိုး ပြုလုပ်လေ့ရှိကြပါတယ်။ လက်သည်း (သို့) လက်ကတဆင့် ကူးစက်ရောဂါဖြစ်ပွားနိုင်တဲ့အထိ ဆိုးကျိုးတွေဖြစ်စေတတ်တာမို့ လက်သည်းကိုက်တတ်တဲ့ အလေ့အထကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

 

၂။ နားကလော်ခြင်း

play
 

နားယားတဲ့အခိုက်အတန့် (သို့) နားဖောချေးရှိတယ်လို့ ယူဆမိတဲ့အချိန်မှာ အမှတ်တမဲ့နဲ့ပဲ နားတွင်းသို့ လက်ထိုးထည့်ပြီး ယားယံခြင်းဖြေဖျောက်တာ၊ နားကလော်တာကို ပြုလုပ်တတ်ကြပါတယ်။ တခါတလေ သွားကြားထိုးတံ၊ ငွေစက္ကူကို ကန်တော့ချွန်ပုံစံ ဖန်တီးကာ နားတွင်းထည့်သွင်းတာမျိုးလည်း လုပ်လေ့ရှိပါတယ်။ ဒီလိုအခြေအနေမှာ အခန့်မသင့်ပါက နားအတွင်းမှ အကြောလေးများ၊ နားစည်ထိပါ ထိခိုက်မှု ရှိနိုင်ပြီး နားမကြားရခြင်းပါ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လက်မှ အညစ်အကြေး၊ရောဂါပိုးများ၊ ငွေစက္ကူမှ မှိုအညစ်အကြေး၊ ပိုးမွှားများ နားတွင်းသို့ဝင်ရောက်စေပီး နားအတွင်း အနာများပါ ပေါက်စေတဲ့အထိ အန္တရာယ်များတာကြောင့် ဆေးကြောပီးသား နားဖာကလော်တံနဲ့သာ နားဖာကလော်ခြင်းမျိုးပြုလုပ်သင့်ပါတယ်။

Postby

 

၃။ ၀က်ခြံကုတ်ဖဲ့ခြင်း

play
 

လွယ်လင့်တကူပြုမူမှုအများဆုံး လုပ်တတ်ကြတဲ့ အပြုအမူပါ။ မျက်နှာပြင်တစ်ခုလုံးကို ပွတ်သပ်ထိတွေ့ကြည့်ပြီး ၀က်ခြံပေါက်နေပြီလို့၊ ရင့်မှည့်နေပြီလို့ ယူဆတဲ့အခါမျိုးမှာ လက်နဲ့ညှစ်ပစ်တတ်ကြပါတယ်။ ဒီလိုလုပ်ခြင်းကြောင့် ၀က်ခြံဖုဟာ ပိုမိုယောင်ယမ်းလာပြီး အခန့်မသင့်ပါက ခွဲထုတ်ပစ်ရတဲ့အထိ ဖြစ်တတ်ပါတယ်။ ၀က်ခြံညှစ်ကိရိယာ အသုံးပြုခြင်း၊ ၀က်ခြံရင့်မှည့်လာအောင် စောင့်ဆိုင်းပြီးမှ သန့်ရှင်းစွာ ဖယ်ရှားတာ အကောင်းဆုံးပါပဲ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ