Health: ခန္ဓာကိုယ်မှာ အဓိကလိုအပ်တဲ့ဗီတာမင်တွေ လျော့နည်းနေပြီလား

ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ folate လုံလောက်မှုမရှိဘူးဆိုရင် ဆံပင်တွေပါးလာပြီး ကျိုးကြေပျက်စီးလွယ်တော့တာပဲ။

သင့်ရဲ့ခန္ဓာကိုယ်ဟာ သင့်ကို သတင်းအချက်အလက်ပေါင်းများစွာ ပေးပို့နေပါတယ်။ ကိုယ်တွင်းမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မျက်စိနဲ့ မမြင်ရပေမဲ့ ခန္ဓာကိုယ်က အခြားနည်းလမ်းတွေနဲ့ အချက်ပြလေ့ရှိတယ်။ လိုအပ်တဲ့ အာဟာရ၊ ဗီတာမင်တွေ လုံလုံလောက်လောက်မရဘဲ လျော့နည်းနေပြီဆိုရင်တော့ ဒီလိုတွေ အချက်ပြပါလိမ့်မယ်။

၁။ ဦးရေပြားကအဖတ်တွေကွာတယ်

play
 

ခေါင်းကို ကုတ်လိုက်တာနဲ့ အဖတ်တွေ ကွာကျလာတယ်။ ဒါကိုမြင်ရင် ဗောက်ထတာလို့ ထင်မိတယ်မဟုတ်လား။ အဖတ်တွေဟာ ဗောက်ထလို့ကွာတာထက် fatty acid မလုံလောက်လို့ ဖြစ်ရတာပါ။ Omega 3 လိုမျိုး fatty acid တွေဟာ ခန္ဓာကိုယ်အတွက် ချောမွေ့စေတဲ့ အရေးကြီးဆီဓာတ်တစ်မျိုးပါ။ ဒီလိုဖြစ်နေရင် တစ်ပတ်ကို ငါး နှစ်ကြိမ်လောက် စားပေးရပါမယ်။

 

၂။ ဆံပင်ပါးပြီးကျိုးကြေတယ်

ဖောလစ်အက်ဆစ်လို့ခေါ်တဲ့ folate လုံလောက်မှုမရှိဘူးဆိုရင် ဆံပင်တွေပါးလာပြီး ကျိုးကြေပျက်စီးလွယ်တော့တာပဲ။ Folate ကို ဂျုံကြမ်းပေါင်မုန့်နဲ့ cereal တို့ စားခြင်းဖြင့် ရနိုင်ပါတယ်။

၃။ နှုတ်ခမ်းကွဲပြီး အတွင်းက အပူဖုတွေ

play
 

ဒါကတော့ ခန္ဓာကိုယ်မှာ ဗီတာမင် B12 မလုံလောက်လို့ပါ။ အနီရောင်အသားနဲ့ ဥအမျိုးမျိုး စားပေးဖို့ လိုပါတယ်။

၎။ လက်မောင်းနောက်ကအဖုလေးများ

play
 

ကြက်သီးထသလိုမျိုး အဖုလေးတွေ လက်မောင်းနောက်မှာ ထွက်တာ ဖြစ်ဖူးလား။ ကြာဆူးလို့လည်း တချို့ကခေါ်တယ်။ အဲ့လိုအဖုလေးတွေ ထွက်တာက ဇင့်နဲ့ ဗီတာမင် A ဓာတ် လုံလုံလောက်လောက်မရလို့ ဖြစ်နိုင်ပါတယ်။ ဇင့်ဓာတ်ကိုတော့ ဖရုံစေ့စားရင် ရနိုင်ပါတယ်။

၅။ လက်သည်းခွံမာကျောလွန်းခြင်း

play
 

အစာအိမ်ထဲမှာရှိတဲ့ အစာခြေအက်ဆစ်တွေ လုံလောက်မှုမရှိခြင်းက ဗီတာမင်ဓာတ်တွေ လျော့နည်းခြင်းနဲ့တော့ မတူပါဘူး။ ဒါပေမဲ့ အစာခြေအက်ဆစ်တွေက အစာကို ကောင်းကောင်းမွန်မွန်ချေဖျက်ပြီး အစာထဲက အာဟာဓာတ်တွေစုပ်ယူနိုင်ဖို့အတွက် လုပ်ဆောင်ပေးပါတယ်။ အစာခြေအင်ဇိုင်းဓာတ်ပါတာတွေ စားပေးရမှာပေါ့။ အားဆေးတွေသောက်ဖို့လိုရင်လည်း သောက်ရပါမယ်။

Postby

 

၆။ ကြွက်တက်ခြင်း

တော်ရုံနဲ့တော့ ကြွက်တက်ခဲပါတယ်။ ကြွက်တက်တာ မကြာခဏ ဖြစ်နေပြီဆိုရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ မဂ္ဂနီစီယံနဲ့ ကယ်လ်ဆီယံဓာတ်တွေ အားနည်းနေလို့ ဖြစ်နိုင်ပါတယ်။ ငှက်ပျောသီး၊ ထောပတ်သီး၊ ဖရုံစေ့တို့မှာ မဂ္ဂနီစီယံ ကြွယ်ဝစွာ ပါဝင်ပြီး ကယ်လ်ဆီယံအတွက်တော့ နို့နဲ့ နို့ထွက်ပစ္စည်းတွေစားသုံးပေးနိုင်ပါတယ်။

Source : RD

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ