Health: ဆေးဘက်ဝင်တဲ့ မန်ကျည်းရွက်

ခန္ဓာကိုယ်တွင်းက အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး ဆီးချိုရောဂါကို သက်သာစေပါတယ်။

မန်ကျည်းသီးဟာ မြန်မာ့တိုင်းရင်းဆေးတွေမှာ ထည့်သွင်းဖော်စပ်လေ့ရှိပါတယ်။ မန်ကျည်းဖျော်ရည်လေးသောက်လိုက်ရင် ရင်ပူတာပျောက်သွားပြီး ဝမ်းမှန်တယ်လေ။ မန်ကျည်းသီးက အစာကြေ ရင်ချောင်စေတယ်။ မန်ကျည်းပင်မှာ မန်ကျည်းသီးတစ်မျိုးတည်း အစွမ်းထက်တာတော့ မဟုတ်ပါဘူး။ မန်ကျည်းရွက်ရဲ့ ဆေးဘက်ဝင်အာနိသင်တွေကိုလည်း ဗဟုသုတရအောင် ဖော်ပြလိုက်ပါတယ်။

၁။ ဆီးချိုသက်သာစေ

play
 

မန်ကျည်းရွက်မှာ ပါဝင်တဲ့ ဒြပ်ပေါင်းတွေက အသည်းရဲ့လုပ်ဆောင်ချက်ကို တိုးတက်ကောင်းမွန်စေပါတယ်။ သွေးချိုဆီးချိုရောဂါ ဖြစ်နေသူတွေ သို့မဟုတ် သွေးထဲမှာ သကြားဓာတ်လွန်ကဲနေသူတွေဟာ မန်ကျည်းရွက်ကိုစားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်တွင်းက အင်ဆူလင်ပမာဏကို မြင့်တက်စေပြီး ဆီးချိုရောဂါကို သက်သာစေပါတယ်။

 

၂။ ချောင်းဆိုးပျောက်ဆေး

play
 

မန်ကျည်းရွက်ပြုတ်ရည်ကို သောက်ပေးရင် ချောင်းဆိုးပျောက်ပါတယ်။ မန်ကျည်းရွက်ပြုတ်ရည် ပူပူလေးက ချောင်းခြောက်ဆိုးတာကို သက်သာစေပါလိမ့်မယ်။

Postby

 

၃။ အနာကျက်မြန်

play
 

ပွန်းပဲ့ရှနာတွေဖြစ်ရင် မန်ကျည်းရွက်ကို အရည်ညှစ်ပြီး သုတ်လိမ်းပေးကြည့်ပါလား။ အနာကျက်မြန်တယ်။ မန်ကျည်းရွက်ရည်က အနာကို ပိုးတွေမဝင်အောင် ကာကွယ်ပေးပြီး ဆဲလ်သစ်တွေ မြန်မြန်ဖြစ်ပေါ်စေကာ အနာကျက်မြန်စေပါတယ်။

Source : Health Tips

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ