Health: ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်းကြောင့် ရရှိမယ့် အကျိုးကျေးဇူး (၈) ခု

လေ့လာမှုစစ်တမ်းတွေအရ အေရိုးဗစ်ကစားခြင်းက မှတ်ဥာဏ်လျော့ပါးလာခြင်းကို ကာကွယ်ပေးပြီး သိလွယ်တတ်လွယ်မှု မြန်ဆန်စေပါတယ်တဲ့။

မနက်ခင်းမှာပဲဖြစ်ဖြစ်၊ ညနေအလုပ်ဆင်းချိန်မှာပဲဖြစ်ဖြစ် လွယ်လင့်တကူရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပေးတာဟာ ကျန်းမာရေးအတွက် အထူးသင့်လျော်ပါတယ်။ မနက်ခင်းဆို လန်းဆန်းတက်ကြွမှုအပြည့်နဲ့ လုပ်ငန်းခွင်ကို ၀င်ရောက်နိုင်သလို ညနေခင်းဆိုလည်း တစ်နေကုန်ပင်ပန်းထားသမျှကို ဖြေလျှော့ပေးနိုင်သေးတယ်လေ။ လွယ်လင့်တကူရှိတဲ့ လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးတာက ဘယ်လိုအကျိုးကျေးဇူးတွေရလဲဆိုတာ အားလုံးကိုသိစေချင်လို့ တင်ပြပေးလိုက်တယ်နော်။

၁။ စိတ်ကြည်လင်လန်းဆန်းမှုရှိခြင်း

play
 

မိနစ် (၃၀)ခန့်လောက် အသေးစားလေ့ကျင့်ခန်းတွေ ပြုလုပ်ပေးခြင်းဟာ ဦးဏှောက်ထဲက Chemicals တွေကို ဖယ်ရှားပေးပါတယ်။ ဦးဏှောက်ကြည်လင်မှုရှိလာပြီဆိုရင် သင့်စိတ်တွေလည်း လန်းဆန်းတက်ကြွလာပြီပေါ့။

၂။ ကောင်းမွန်စွာအိပ်ပျော်ခြင်း

ပန်းခြံ (သို့) အားကစားကွင်းထဲမှာ ဆော့ကစားနေတဲ့ ကလေးငယ်လေးတွေကို မြင်ဖူးကြမှာပေါ့။ သူတို့က လွယ်ကူစွာ အိပ်ပျော်တတ်ကြပြီး နှစ်ခြိုက်စွာလည်း အိပ်မောကျတတ်ကြပါသေးတယ်။ ဒါက ကိုယ်လက်လှုပ်ရှားမှုကြောင့်ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေပေါ့။ ကိုကို၊မမတို့လည်း အခုကစပြီး ကိုယ်လက်လှုပ်ရှားမှု အားကစားလုပ်ကြည့်ကြပါလား။ အိပ်ပျော်လွယ်လာမယ့်အပြင် နှစ်ခြိုက်စွာအိပ်မောကျလာပါလိမ့်မယ်။

 

၃။ ကိုယ်ရည်စစ်ခြင်း

အစားအစာဆိုတာ တကယ်တော့ လောင်စာတွေပါပဲ။ ခန္ဓာကိုယ်ကလိုအပ်တဲ့ အာဟာရဓာတ်၊ ဗီတာမင် နဲ့ ကယ်လိုရီတွေက ခန္ဓာကိုယ်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ မက်မက်မောမောနဲ့စားသောက်ခြင်းက သင့်ကို အ၀လွန်လာစေမယ့်အပြင် တခြားသောဆက်စပ်ရောဂါများကိုလည်း ဖြစ်ပွားနိုင်ပါသေးတယ်။ ဒီလိုမဖြစ်ရလေအောင် ပုံမှန်လေ့ကျင့်ခန်းလေးတွေ ပြုလုပ်ပေးတာက အဆီကျစေမယ့်အပြင် ကိုယ်ခန္ဓာခုခံအားကိုလည်း မြှင့်တင်ပေးမှာကြောင့် စိတ်ပူစရာမလိုတော့ဘူးပေါ့။

၎။ အရွယ်တင်နုပျိုစေခြင်း

play
 

လေ့လာမှုစစ်တမ်းတွေအရ အေရိုးဗစ်ကစားခြင်းက မှတ်ဥာဏ်လျော့ပါးလာခြင်းကို ကာကွယ်ပေးပြီး သိလွယ်တတ်လွယ်မှု မြန်ဆန်စေပါတယ်တဲ့။ တင်းနစ်ရိုက်တာ၊ ကြက်တောင်ရိုက်တာတွေကတော့ ဦးဏှောက်စွမ်းရည်ကို တိုးတက်စေပြီး ကြီးရင့်လာမှုကို နှေးကွေးစေကာ အရွယ်တင်နုပျိုမှုကိုပေးစွမ်းနိုင်တယ်လို့ သိရပါတယ်။

၅။ မူးယစ်ဆေးဝါး၊ အရက်သေစာ အလွန်အကျွံစွဲလမ်းမှုကို လျှော့ချပေးနိုင်ခြင်း

မူးယစ်ဆေးဝါးနဲ့အရက်သေစာ စွဲလမ်းမှုက ကြောက်ရွံထိတ်လန့်စရာပါ။ ဆေးရွက်ကြီးစားသုံးတာတို့၊ ဘိန်းဖြူသုံးစွဲတာတို့ကြောင့် နှစ်စဉ် လူဦးရေများစွာ သေဆုံးနေရပါတယ်။ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းပုံမှန် လုပ်ဖြစ်တဲ့သူတွေ (အထူးသဖြင့် အပြေးလေးကျင့်) ဆိုရင် ဒီလိုစွဲလမ်းမှုဒဏ်ကို လျော့ပါးစေပါတယ်။ လမ်းလျှောက်ခြင်း၊ ပြေးခြင်းတို့ကြောင့် ခန္ဓာကိုယ်ကြွက်သားများ သန်စွမ်းလာပြီး စိတ်ဓာတ်ကိုပါ ကြံ့ခိုင်စေပါတယ်။

၆။ နာကျင်ကိုက်ခဲမှုများ သက်သာခြင်း

ကြွက်သားများ မာကျောတောင့်တင်းမှုမရှိတော့ဘူးရင် ခန္ဓာကိုယ်က ပျော့ပြောင်းလာပါပြီ။ ဇက်ကြောထိုးတာ၊ အကြောတက်တာ၊ မကြာခဏကြွက်တက်ခြင်းတို့ ပျောက်ကင်းသွားပါလိမ့်မယ်။ အရိုးတွေကို သန်မာစေပြီး နာကျင်ကိုက်ခဲမှုများ ကင်းဝေးလာပါလိမ့်မယ်။

Postby

 

၇။ မိတ်ဆွေ၊အပေါင်းအသင်းများနှင့် ညီညွှတ်မှုရှိခြင်း

ခြင်းလုံးခတ်ဆော့ကစားတာ၊ ဘော်လီဘောပုတ်၊ ဘတ်စကတ်ဘောကစားတာတွေက ကျန်းမာရေးအတွက် သင့်လျော်တဲ့အပြင် တစ်ဦးနဲ့တစ်ဦး ပူးပေါင်းလုပ်ဆောင်ချင်စိတ်၊ အပေးအယူမျှတခြင်းတို့ပါ ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် လေ့ကျင့်ခန်းပုံမှန်လုပ်တာ၊ အားကစားလိုက်စားမှုတွေက လူမှုဘ၀ကိုပါ အကျိုးပြုပါတယ်နော်။

၈။ ယုံကြည်မှုရှိလာခြင်း၊ ဆွဲဆောင်မှုပြည့်ဝလာခြင်း

play
 

ဒီအချက်က လူတော်တော်များများအတွက် သဘောကျစေမှာပါ။ လေ့ကျင့်ခန်းပုံမှန်လေး ပြုလုပ်ပေးနေသူတစ်ယောက်ဟာ မိမိကိုယ်မိမိ ယုံကြည်မှုပြည့်ဝလာပါတယ်။ လုပ်ငန်းခွင်အတွင်း သက်တောင့်သက်သာနဲ့ လုပ်ဆောင်နိုင်တဲ့အပြင် တက်ကြွမှုကလည်း ပြည့်ဝနေမှာပါ။ ပြီးတော့ ကျန်းမာသန်စွမ်းပြီး ယုံကြည်မှုပြည့်ဝနေတာကြောင့် ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်ညှို့ယူနိုင်စွမ်းက အပြည့်အ၀ရှိနေပါသေးပါတယ်။ ဒါကြောင့် မပျင်းမရိပဲ လေ့ကျင့်ခန်းပုံမှန်လုပ်ကြဖို့ မမေ့ကြနဲ့နော်။

Source : Health & Life

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ