Health: စိတ်ထဲမှာဝမ်းနည်းလာရင် ဘာဖြစ်လို့ စိတ်ရှိလက်ရှိ ငိုသင့်သလဲ

တကယ်တမ်းကျတော့ နာကျင်မှုကို အံကြိတ်ခံတာက ဒဏ်ရာကို ပိုရှည်ကြာစေပါတယ်။ အထူးသဖြင့် အသဲကွဲလို့ နာကျင်ရတဲ့ နာကျင်မှုမျိုးမှာပေါ့။

လူတိုင်း လူတိုင်းဟာ မိမိတို့ရဲ့ စိတ်ခံစားချက်တွေကို နည်းအမျိုးမျိုးနဲ့ ဖော်ပြတတ်ကြပါတယ်။ တချို့တွေက ဝမ်းနည်းရင် ချောင်တစ်ချောင်သွားပြီး ဒါမှမဟုတ် ကိုယ့်အခန်းတံခါး ကိုယ်ပိတ်ပြီး အားပါးတရ ငိုချတယ်။ တချို့ကတော့ ဝမ်းနည်းလာရင် နာကျင်မှုကို ထိန်းသိမ်းထားပြီး ဘာမှမဖြစ်သလို ဟန်ဆောင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ နာကျင်မှုကို အံကြိတ်ခံတာက ဒဏ်ရာကို ပိုရှည်ကြာစေပါတယ်။ အထူးသဖြင့် အသဲကွဲလို့ နာကျင်ရတဲ့ နာကျင်မှုမျိုးမှာပေါ့။

play

 

တကယ်တမ်းကျတော့ အသဲကွဲပြီဆိုရင် စိတ်ရှိလက်ရှိ ငိုချလိုက်တာက နာကျင်မှုဝေဒနာကို ပိုမိုသက်သာစေပါတယ်။ ဒါ့အပြင် ငိုကြွေးခြင်းမှာ တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိနေပါသေးတယ်။ အဲဒါတွေကတော့...

၁။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

play
 

ငိုကြွေးခြင်းက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ထုတ်လွှတ်ပေးပါတယ်။ အထူးသဖြင့် မျက်ရည်တွေဟာ ကော်တစ်ဆောလ်လို့ခေါ်တဲ့ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဟော်မုန်းကို အားပေးတဲ့ ဓာတုပစ္စည်းတွေကို ခန္ဓာကိုယ်ထဲက ထွက်သွားအောင် ဖိအားပေးနိုင်ပါတယ်။ အသက်ရှူထုတ်ခြင်း၊ ဆီးသွားခြင်း၊ ချွေးထွက်ခြင်းတို့လိုပဲ ငိုကြွေးခြင်းကလည်း ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသည်းကွဲနေချိန် အားပါးတရ ငိုချလိုက်ခြင်းရဲ့ ကောင်းကျိုးတစ်မျိုးပဲပေါ့။

၂။ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးတယ်

မျက်ရည်တွေဟာ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကိုလည်း တားဆီးပေးနိုင်ပါတယ်။ မျက်ရည်တွေကို လာခရီမယ်ဂလင်းဆိုတဲ့ ဂလင်းတစ်မျိုးနဲ့ ပြုလုပ်ထားပြီး အဲဒီဂလင်းက မျက်စေ့နဲ့ မျက်ခွံတွေကို စိုစွတ်စေခြင်းဖြင့် မျက်စိအမြင်အာရုံကိုပါ ရှင်းလင်းပေးပါတယ်။ မျက်ရည်တွေက ကျွန်တော်တို့ရဲ့ မျက်စိအမြှေးပါးတွေကို ပြန်လည်အစိုဓာတ်ပြည့်ဝစေပြီး မျက်စိအပေါ်ယံလွှာကိုလည်း ဆေးကြောသန့်စင်ပေးပါတယ်။

 

၃။ စိတ်ခံစားချက်ကို ပိုမိုကောင်းမွန်စေတယ်

play
 

ငိုကြွေးခြင်းက စိတ်ခံစားချက်ကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ အသည်းကွဲနေပြီဆိုရင် စိတ်ပါလက်ပါသာ ငိုချပစ်လိုက်ပါ။ အငိုတိတ်သွားချိန်မှာ စိတ်ရောလူပါ လန်းဆန်းသွားတာကို တွေ့ရှိရပါလိမ့်မယ်။ ဘာကြောင့်ပဲဝမ်းနည်းနေပါစေ... ငိုချပစ်လိုက်ြံပီးတော့ ပိုမိုဆိုးဝါးသွားနိုင်ခြေရှိတဲ့ စိတ်ခံစားချက်တွေကို တားဆီးလိုက်ပါ။

၎။ စိတ်ဖိစီးမှုကို လျော့ကျစေတယ်

ငိုကြွေးခြင်းက ခန္ဓာကိုယ်ထဲက စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို ဖယ်ထုတ်ပစ်ခြင်းဖြင့် စိတ်ဖိစီးမှုတွေကို လျော့နည်းစေပါတယ်။ ၄င်းက စိတ်ဖိစီးမှုနဲ့ သောကတွေကိုလည်း လျော့ပါးစေနိုင်ပါတယ်။

၅။ မိမိကိုယ်ကိုယ် ပိုချစ်တတ်လာလိမ့်မယ်

play
 

ဝအောင်ငိုပြီးပြီဆိုရင် ထူးခြားတဲ့ ခံစားချက်တစ်မျိုး ရလာပါလိမ့်မယ်။ အဲဒါကတော့ မိမိကိုယ်ကိုယ် ပိုချစ်တတ်လာတာပါပဲ။ မိမိကို နာကျင်အောင်လုပ်တဲ့သူတွေ စိတ်ကျေနပ်အောင် လုပ်ပေးဖို့ထက် ကိုယ်စိတ်ကျေနပ်အောင် ကိုယ်လုပ်ဖို့က ပိုအရေးကြီးတယ်ဆိုတာကို နားလည်လာပါလိမ့်မယ်။

Source: Youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ