Health: ဝိတ်တက်စေတဲ့ အကြောင်းရင်း (၅) မျိုး

နည်းပညာတိုးတက်လာတာနဲ့အမျှ ထိုင်ရာမထ စီမံခန့်ခွဲလို့ရတဲ့ အလုပ်တွေ များလာတော့ လူတွေအပျင်းကြီးလာသလို လေးလံထိုင်းမှိုင်းပြီး အဝလွန်လာပါတယ်။

အဝလွန်ရောဂါဟာ ယနေ့ကမ္ဘာမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါပဲ။ နည်းပညာတိုးတက်လာတာနဲ့အမျှ ထိုင်ရာမထ စီမံခန့်ခွဲလို့ရတဲ့ အလုပ်တွေ များလာတော့ လူတွေအပျင်းကြီးလာသလို လေးလံထိုင်းမှိုင်းပြီး အဝလွန်လာပါတယ်။ အဝလွန်ခြင်းကို တိုက်ဖျက်ဖို့ လေ့ကျင့်ခန်းလုပ်ခြင်း၊ အစားအသောက်အနေအထိုင် ဆင်ခြင်ခြင်းတို့နဲ့ ထိန်းသိမ်းလို့ရပေမယ့် တချို့အပြုအမူတွေက အဝလွန်ခြင်းကို အားပေးနိုင်ပါတယ်။ ဒီလိုအပြုအမူတွေကို ဆက်လုပ်နေရင် gym ဘယ်လောက်ဆော့ဆော့ ဝိတ်ကျမှာ မဟုတ်ပါဘူး။

၁။ အိပ်ချိန်မမှန်ခြင်း

play
 

ခန္ဓာကိုယ်ရဲ့ဇီဝနာရီက အလုပ်လုပ်ချိန်တန်လုပ်၊ စားချင်တန်စား၊ အိပ်ချင်တန်အိပ်ဆိုပြီး မှတ်သားထားပါတယ်။ မိမိရဲ့ အိပ်ချိန်၊ စားချိန်မမှန်ရင် ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မစနစ် ပျက်ဆီးယိုယွင်းပြီး အဝလွန်လာတတ်ပါတယ်။ နောက်ပြီး ညအိပ်မပျော်တဲ့အခါ မီးဖိုချောင်ထဲကိုသွား၊ ရှိသမျှလှန်လှောစားသောက်မိတတ်တဲ့ အကျင့်လည်း ရှိလာတတ်ပါတယ်။ အဲဒါတွေစုလာတဲ့အခါမှာ လေ့ကျင့်ခန်းဘယ်လောက်လုပ်လုပ် ဝိတ်မကျတော့ပါဘူး။

နေ့ခင်းဘက်မှာ gym ဘယ်လောက်ဆော့ဆော့ ညဘက်ပုံမှန်မအိပ်ရင် အလကားပါပဲ။ နောက်တစ်ခုက အိပ်ရေးပျက်ခြင်းဟာ motivation (စိတ်အားထက်သန်မှု) ကျဆင်းခြင်းကိုလည်း ဖြစ်စေနိုင်လို့ gym သွားဖို့ မိမိကိုယ်ကိုယ် အားတင်းရာမှာ၊ လေ့ကျင့်ခန်းလုပ်ဖို့ ကြိုးစားရာမှာ အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကိုပုံမှန်လေးထားပြီး အိပ်ရေးဝအောင် အိပ်ပေးသင့်ပါတယ်။

၂။ ညအချိန်မှာ အလင်းရောင်ညစ်ညမ်းခြင်း

မြို့ပြရဲ့ နီယွန်မီးရောင်တွေ၊ တီဗီကလာတဲ့ blue light လို့ခေါ်တဲ့အပြာရောင်အလင်းတွေ၊ စမတ်ဖုန်းကထွက်တဲ့ အပြာရောင် အလင်းတွေ စသဖြင့် များစွာသော အလင်းရောင်ညစ်ညမ်းမှုတွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာရှိနေပါတယ်။ အထူးသဖြင့် စမတ်ဖုန်းတို့၊ တီဗီတို့ကထွက်တဲ့ အပြာရောင်အလင်း (blue light) တွေဟာ ကျွန်တော်တို့ရဲ့အိပ်ချင်စိတ်တွေကို အနှောင့်အယှက်ပေးပြီး အိပ်မောကျဖို့ ပိုမိုခက်ခဲစေပါတယ်။

 

အလင်းရောင်ညစ်ညမ်းမှုတွေက ကိုယ်အလေးချိန်ကို တိုက်ရိုက်တော့တက်မလာစေပေမယ့် အိပ်ရေးမဝတဲ့အခါ ဝိတ်ချရာမှာ အခက်အခဲတစ်ခုလိုဖြစ်လာစေမှာပါ။ ဒါကြောင့်အိပ်ယာမဝင်ခင်မှာ လျှပ်စစ်ပစ္စည်းတွေကိုပိတ်ထားခြင်းက အိပ်ချိန် ပုံမှန် ပြန်ဖြစ်စေပြီး ဝိတ်ကျစေဖို့အတွက် အကူအညီဖြစ်စေမှာပါ။

၃။ စိတ်ဖိစီးမှုများပြားခြင်း

play
 

စိတ်ဖိစီးမှုဆိုတာ လူသိများပြီးသား ဝိတ်တက်စေတဲ့အကြောင်းရင်းတစ်မျိုးပါပဲ။ စိတ်ဖိစီးမှုဟာ ဟော်မုန်းတွေကို အနှောင့်အယှက် ပေးပြီး ကိုယ်အလေးချိန်တက်စေသလို ကျွန်တော်တို့ကို emotional eaters (စိတ်ဖိစီးလာတိုင်း အစားပဲဖိစားတတ်သူ) တွေ ဖြစ်လာစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် အစားတွေဖိစားရာကနေ ကိုယ်အလေးချိန်ကျဆင်းစေဖို့ လေ့ကျင့်ခန်းလုပ်နေတာတွေ၊ diet လုပ်နေတာတွေကို အလကားဖြစ်သွားစေမှာပါ။

၎။ တချို့ဆေးဝါးတွေ

play
 

တချို့ဆေးဝါးတွေက ဇီဝကမ္မလုပ်ဆောင်မှု (metabolism) တွေကို ရပ်တန့်စေပါတယ်။ နောက်ပြီး သူတို့က အစားစားချင်စိတ်နဲ့ ဆာလောင်မှုကိုလည်း အရှိန်မြင့်စေပါတယ်။ ဒါကြောင့် တချို့ဆေးတွေမှာ ဝိတ်တက်လာခြင်းက ဘေးထွက်ဆိုးကျိုး တစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့်ဆေးဝါးကုသမှု ခံယူတော့မယ်ဆိုရင် ဆရာဝန်ကို မိမိသောက်ရမယ့်ဆေးဝါးနဲ့ပတ်သက်တဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်းကို မေးမြန်းပါ။ ဝိတ်တက်စေတဲ့ ဘေးထွက်ဆိုးကျိုး မပါဝင်တဲ့ ဆေးဝါးမျိုးနဲ့ လဲလှယ်ပေးဖို့ တောင်းဆိုပါ။

၅။ စိတ်ဓာတ်ကျခြင်း

play

စိတ်ဖိစီးမှုလိုပဲ စိတ်ဓာတ်ကျခြင်းဟာလည်း လူတိုင်းမှာရှိနေနိုင်ပြီး တစ်ခါတလေဆိုရှိလို့ရှိနေမှန်းတောင် မသိနိုင်ပါဘူး။ ဝိတ်ချဖို့ ကြိုးစားနေသူတွေအတွက် သတင်းဆိုးတစ်ခုကတော့ စိတ်ကျရောဂါဟာ ဘာကိုမှ လုပ်ချင်ကိုင်ချင်စိတ်မရှိခြင်းနဲ့ အစားလွန်ခြင်းကြောင့် ဝိတ်တက်လာစေနိုင်ပါတယ်။

ဒါကြောင့် (၂) ရက်၊ (၃) ရက်ဆက်တိုက် စိတ်ဓာတ်ကျနေတယ်လို့ ခံစားရရင် ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး မိမိဘယ်လို ခံစားနေရတယ် ဆိုတာကို တိုင်ပင်ဆွေးနွေးပါ။ စိတ်ဓာတ်ကျခြင်းမရှိရင် ဘဝကပိုမိုနေပျော်ဖို့ကောင်းလာပြီး လေ့ကျင့်ခန်းတွေနဲ့ diet လုပ်ရတာ တွေကို ပိုမိုလွယ်ကူလာစေပါတယ်။

Source: powerofpositivity

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ