AD
AD
AD

ရေဟာ ကျွန်တော်တို့ဘဝမှာ အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါပဲ။ ရှင်းရှင်းပြောရရင် ရေဟာ လူသားတစ်ယောက် အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အဓိကအရေးပါတဲ့ အစိတ်အပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ရှင်းလင်းဖို့နဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ပုံမှန်အလုပ်လုပ်ဖို့ တစ်နေ့ကို ရေဆယ်ခွက်ခန့် သောက်ပေးသင့်တယ်လို့ ဆိုထားပါတယ်။

play

 

နောက်ပြီး အာဟာရဗေဒ ပညာရှင်တွေကလည်း နေ့တစ်နေ့ကို ရေနွေးဖြူထဲမှာ ပျားရည်နဲ့ သံပုရာရည်ရောထည့်ပြီး သောက်ပေးဖို့ အကြံပြုထားပါတယ်။ ဂျပန်လူမျိုးတွေကတော့ ရေကိုအလွန်အလေးထားကြပြီး ခန္ဓာကိုယ် အဆီကျလှပနေစေဖို့ ရေကုထုံးကို အသုံးပြုကြပါတယ်။ ဒီလိုလွယ်ကူရိုးရှင်းတဲ့ ကုထုံးလေးကို မှန်မှန်ကန်ကန် အသုံးချတတ်မယ်ဆိုရင် ကျန်းမာရေးပြဿနာ အများအပြားကို ဖြေရှင်းနိုင်မှာလည်း ဖြစ်ပါတယ်။

တကယ်တော့ ခန္ဓာကိုယ်ပြဿနာ တော်တော်များများက အစာအိမ်အားနည်းနေချိန်မှာ ဖြစ်တတ်တာပါ။ ဂျပန်ရေကုထုံးကတော့ အစာအိမ်ကို ရှင်းလင်းပေးနိုင်ပြီး အစာခြေအင်္ဂါ အဖွဲ့အစည်းကို အထောက်အကူ ပေးနိုင်ပါတယ်။ ဂျပန်ရိုးရာ ရေကုထုံးကတော့ မနက်မိုးလင်းတာနဲ့ ရေကိုတတ်နိုင်သမျှ များများသောက်ဖို့ အကြံပြုထားပါတယ်။

play

 

ဂျပန်လူမျိုးတွေအတွက်တော့ မနက်ပိုင်း အချိန်နာရီတွေဟာ အလွန်အရေးကြီးပြီး အဲဒီအချိန်မှာ ရေများများသောက်ပေးမယ်ဆိုရင် အစာခြေအင်္ဂါစနစ်ကို အထောက်အကူပြုနိုင်ပြီး ဝိတ်မြန်မြန်ကျစေနိုင်ပါတယ်။ ဝိတ်ကျစေဖို့ ဂျပန်ရေကုထုံးက အောက်ပါ ငါးချက်ကို အကြံပြုထားပါတယ်။

၁။ ရေများများသောက်ပါ

play
 

မနက်အိပ်ယာထပြီဆိုတာနဲ့ ရေ ငါးခွက်၊ ခြောက်ခွက်လောက် သောက်ပေးပါ။ ရေတစ်ခွက်ချင်းစီဟာ အနည်းဆုံး (၂၀၀) မီလီလီတာ (ရေသန့်ဘူးတစ်ဘူးရဲ့ ငါးပုံတစ်ပုံ) ခန့်ရှိရမှာ ဖြစ်ပါတယ်။ ရေအေးအစား ကြက်သီးနွေးရုံလောက် ရေနွေးထဲမှာ သံပုရာရည်လေး ညှစ်သောက်ရင်လည်း ရပါတယ်။

၂။ အစာမစားခင် ရေသောက်ပါ

ပိုပြီး တိတိကျကျပြောရရင် သွားမတိုက်ရသေးခင် ရေသောက်ပါ။ ရေသောက်ခြင်းက မနက်အိပ်ယာထတာနဲ့ ပထမဦးဆုံးလုပ်တဲ့ အလုပ်ဖြစ်ဖို့ လိုပါတယ်။ နောက်ပြီး ရေသောက်ပြီးရင်လည်း (၄၅) မိနစ်လောက် ဘာမှမစားဖို့ လိုအပ်ပါတယ်။

၃။ အစာစားပြီးတိုင်း ရေမသောက်ပါနဲ့

play
 

ကျွန်တော်တို့ မြန်မာလူမျိုးတွေက ထမင်းစားပြီးတိုင်း ရေသောက်တတ်တဲ့ ဓလေ့ရှိကြပါတယ်။ ဂျပန်လူမျိုးတွေကတော့ ထမင်းစားပြီးပြီးချင်း ရေမသောက်ဖို့ တိုက်တွန်းထားပါတယ်။ ထမင်းစား ပြီးပြီးချင်း ရေသောက်တာက အစာအိမ်လုပ်ဆောင်မှုတွေကို ထိခိုက်စေပြီး ဝိတ်တက်စေနိုင်ပါတယ်တဲ့။

 

၎။ ဖြည်းဖြည်းချင်း တိုးသွားပါ

ကျန်းမာရေးပြဿနာ တစ်ခုခုရှိတဲ့ သက်ကြီးပိုင်းတွေ ဂျပန်ရေကုထုံးကို စတင်တော့မယ်ဆိုရင် စစချင်း သောက်နေကျထက် ရေတစ်ခွက်စီပဲ တိုးသောက်ပါ။ နောက်မှ ဖြည်းဖြည်းချင်း အရေအတွက် တိုးသွားလို့ရပါတယ်။

၅။ နားနားပြီးသောက်ပါ

play
 

တကယ်လို့ မနက်အိပ်ယာထချိန်မှာ ရေလေးခွက်တောင် တောက်လျှောက်သောက်ဖို့ ခက်ခဲမယ်ဆိုရင် တစ်ခွက်နဲ့တစ်ခွက်ကြားမှာ မိနစ်ပိုင်းလောက် ခြားခြားပြီးသောက်ပေးပါ။ ဒါမှသာ အစာအိမ်က အနားရမှာဖြစ်ပါတယ်။

Source: youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD