AD
AD
AD

"ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးဝါးစွာ ထိခိုက်နိုင်၏" ဆိုတဲ့ သတိပေးစာသားကြီးကို ဆေးလိပ်ဘူးတွေမှာ၊ ဆိုင်းဘုတ်တွေမှာ တွေ့ဖူးကြမှာပေါ့။ ဒါပေမယ့် သောက်တဲ့သူတွေကတော့ တရှိုက်မက်မက် သောက်နေကြတာပါပဲ။ ဆေးလိပ် မသောက်တတ်ရင် ကျန်းမာရေးအကျိုးကျေးဇူး အများကြီးရှိတာကိုတော့ ပြောနေဖို့တောင် မလိုပါဘူး။

play

 

ဒါပေမယ့် ဂျပန်နိုင်ငံက ဒီကုမ္မဏီကတော့ ဆေးလိပ်မသောက်တတ်တဲ့ သူတွေအတွက် အခွင့်ထူးတစ်ခုကို ဆုအဖြစ် ချီးမြှင့်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကျန်းမာရေးကို တစ်ဖက်တစ်လမ်းက အထောက်အကူ ပြုထားပါတယ်။

Lucky Strike ဆေးလိပ်တွေကို သကြားလုံးလို အလွယ်ရနေတဲ့ ၁၉၅၀ ပြည့်နှစ်တွေတုံးကတော့ အမေရိကန်နိုင်ငံက အလုပ်ရှင်တွေဟာ သူတို့ရဲ့ အလုပ်သမားတွေကို ဆေးလိပ်သောက်ချိန်ဆိုပြီး နားချိန်သီးသန့် ပေးရပါတယ်။ ယနေ့ခေတ်မှာတော့ အဲလောက်မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဂျပန်နိုင်ငံမှာတော့ ဆေးလိပ်သောက်သုံးသူ ဦးရေများပြားတဲ့အတွက် အလုပ်ရှင်တွေဟာ ဆေးလိပ်သောက်ချိန်ကို ပိုပေးရပါတယ်။

play

 

ဂျပန်နိုင်ငံ လူဦးရေရဲ့ (၂၂) ရာခိုင်နှုန်းဟာ ဆေးလိပ်သောက်တတ်ပြီး အမေရိကန်နိုင်ငံ လူဦးရေရဲ့ (၁၅) ရာခိုင်နှုန်းဟာလည်း ဆေးလိပ်သောက်တတ် ပါတယ်။ ဂျပန်ကုမ္မဏီတစ်ခုကတော့ ထုံးစံကိုဆန့်ကျင်ပြီး ဆုပေးဒဏ်ပေး စနစ်တစ်ခုကို ကျင့်သုံးလိုက်ပါတယ်။ အဲဒီစနစ်အရ ဆေးလိပ်မသောက်တတ်သူ ကိုရွှေဂျပန်တွေအတွက်တော့ သတင်းကောင်းပါပဲ။

 

ပြီးခဲ့တဲ့ စက်တင်ဘာလတုံးက ဂျပန်နိုင်ငံ၊ တိုကျိုမြို့အခြေစိုက် Piala ဆိုတဲ့ မားကက်တင်းအေဂျင်စီတစ်ခုက ဆေးလိပ်သောက်နားချိန် လုံးဝမယူခဲ့တဲ့အတွက် ဆုချီးမြှင့်တယ်ဆိုပြီး ဆေးလိပ်မသောက်တတ်တဲ့ ဝန်ထမ်းအားလုံးကို လစာအပြည့်နဲ့ ခွင့်ရက်ခြောက်ရက် အပိုပေးခဲ့ပါတယ်။ New York Times သတင်းစာရဲ့ အဆိုအရတော့ Piala ကုမ္မဏီရဲ့ ဝန်ထမ်း (၃၅) ရာခိုင်နှုန်းလောက်က ဆေးလိပ်သောက်တတ်ကြပါတယ်။

play

"ကျွန်တော်ကတော့ ဝန်ထမ်းတွေကို ပြစ်ဒဏ်ပေးမယ့်အစား ခုလိုဆုပေးခြင်းနဲ့ပဲ ဆေးလိပ်ဖြတ်ချင်စိတ် ပေါက်လာစေချင်တယ်ဗျာ" လို့ Piala ရဲ့ အမှုဆောင်အရာရှိချုပ် Takao Asuka က Japan Times သတင်းစာကို ပြောကြားသွားပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၂၀ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့ကနေ သြဂုတ်လ (၉) ရက်နေ့ထိ ကျင်းပပြုလုပ်မယ့် 2020 အိုလံပစ်ပြိုင်ပွဲကြီးမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပရမှာ ဖြစ်ပါတယ်။ ဂျပန်ဟာ အိုလံပစ်ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အများပြည်သူပိုင် နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို တားမြစ်တဲ့ ဥပဒေတွေလည်း ပိုမိုတင်းကျပ်စွာ ထုတ်ပြန်လာပါတယ်။

စားသောက်ဆိုင်တွေ၊ စတိုးဆိုင်တွေမှာ ဆေးလိပ်သောက်ခြင်းက တွင်ကျယ်နေဆဲဆိုပေမယ့် တချို့လမ်းတွေနဲ့ ကျိုတိုမြို့လို တချို့မြို့တွေက အများပြည်သူပိုင် နေရာတွေမှာ ဆေးလိပ်သောက်ခြင်းကို ၂၀၀၀ ခုနှစ် အစောပိုင်းတည်းက တားမြစ်ထားပါတယ်။

Source: Business Insider

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD