ဆီးချိုရောဂါဆိုတာ သွေးတွင်းအချိုဓာတ် များပြားမှုကြောင့် ဖြစ်တဲ့ရောဂါတစ်မျိုးပါ။ လူ့ခန္ဓာကိုယ်က အင်ဆူလင်အလုံအလောက် မထုတ်ပေးနိုင်တဲ့အချိန်မှာလည်း ဖြစ်တတ်ပါတယ်။ အင်ဆူလင် (insulin) ဆိုတာကတော့ အစားအစာတွေမှာ ပါရှိတဲ့ဂလူးကို့စ်ကို ခန္ဓာကိုယ်ဆဲလ်တွေမှာ စွမ်းအင်အဖြစ် အသုံးပြုနိုင်အောင် စီစဉ်ပေးတဲ့ ဟော်မုန်းတစ်မျိုးဖြစ်ပါတယ်။ ဂလူးကို့စ်ဓာတ်ဟာ ဆဲလ်တွေဆီကို မရောက်ရှိနိုင်တဲ့အခါ သွေးထဲမှာပဲနေပြီး သွေးတွင်းအချိုဓာတ်ကို မြင့်တက်စေပါတော့တယ်။

play

 

အဲဒီအချိုဓာတ်တွေ၊ ကစီဓာတ်တွေကို ခန္ဓာကိုယ်က စွမ်းအင်အဖြစ် မသုံးနိုင်တော့တဲ့အခါ ဆီးကနေတဆင့် ပြန်လည်စွန့်ထုတ် ရပါတော့တယ်။ ဒီလိုနဲ့ ကြောက်စရာကောင်းတဲ့ ဆီးချိုရောဂါဖြစ်လာရတာပါ။ ပျားရည်ကတော့ သဘာဝအချိုရည်တစ်မျိုး ဖြစ်တဲ့အတွက် အာဟာရဓာတ်တွေ၊ အမိုင်နိုအက်ဆစ်တွေ ကြွယ်ဝပြီး ဇီဝကမ္မလုပ်ဆောင်မှုတွေ ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေး နိုင်ပါတယ်။ ဆီးချိုသမားတွေအတွက် ပျားရည်သုံးနည်း (၃) နည်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်

play
 

လူသိများတဲ့ ဒီဆေးမြီးတိုလေးကတော့ ဆီးချိုသမားတွေအတွက် တစ်ချက်ခုတ်၊ သုံးချက်ပြတ် ဆေးမြီးတိုလေးဖြစ်ပါတယ်။ ဒီဆေးမြီးတိုလေးက သွေးတွင်းအချိုဓာတ ကျဆင်းစေရုံသာမက ဇီဝကမ္မလုပ်ဆောင်မှု တွေကိုလည်း ပိုမိုမြန်ဆန် စေပါတယ်။ နောက်ပြီး ကိုလက်စ်ထရောတွေကိုလည်း ကျဆင်းစေလို့ ဝိတ်လည်းကျစေပါတယ်။

လိုအပ်တဲ့ ပါဝင်ပစ္စည်းတွေကတော့ ပျားရည်စစ်စစ် (၁) ဇွန်းရယ်၊ သစ်ကြံပိုးခေါက်မှုန့် (၁) ဇွန်းရယ်၊ ရေနွေးပွက်ပွက်ဆူ (၂၅၀) မီလီလီတာတို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး သစ်ကြံပိုးခေါက်မှုန့်ကို ရေနွေး (၂၅၀) မီလီ လီတာပါဝင်တဲ့ ရေနွေးခွက်ထဲကို ထည့်လိုက်ပါ။ သစ်ကြံပိုးခေါက်မှုန့် လုံးဝပျော်ဝင်သွားအောင် အဖုံးဖုံးပြီး နာရီဝက်လောက် ဒီတိုင်းထားပေးလိုက်ပါ။

ပြီးရင် မလိုလားအပ်တဲ့ အမှုန်အမွှားတွေကို ဖယ်ရှားဖို့ ရလာတဲ့ပျော်ရည်ကို ဇကာခံပြီး စစ်ထုတ်ပေးလိုက်ပါ။ ပြီးရင်တော့ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာ လောက်ထည့်ပြီး ရောမွှေပေးလိုက်ပါဦး။ ဒီဖျော်ရည်ကိုလည်း မနက်တိုင်း မနက်စာမစားရသေးခင် (၂) ပတ်လောက် ဆက်တိုက်သောက်ပေးပါ။ သတိပြုရမှာတစ်ခုက မနက်စာစားချိန်နဲ့ ဒီဖျော်ရည်သောက်ချိန်ကို အနည်းဆုံး နာရီဝက်လောက်ခြားထားပေးပါ။

 

၂။ ပျားရည်၊ ဂျင်းနဲ့ သံပုရာ လက်ဖက်ရည်

play
 

ပျားရည်နဲ့ ဂျင်းလက်ဖက်ရည်ထဲမှာ သံပုရာသီးလေးတစ်စိတ်လောက် ညှစ်ထည့်ထားတဲ့ လက်ဖက်ရည်တစ်ခွက်ဟာ ပြီးပြည့်စုံတဲ့ မနက်ခင်းလေး ဖြစ်ဖို့အတွက်တော့ အကောင်းဆုံးပါပဲ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ (၂) လက်မအရွယ် ဂျင်းတစ်တောင့်၊ သံပုရာရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာခန့်၊ ပျားရည် လက်ဖက်ရည်ဇွန်း (၁) ဇွန်းစာခန့်၊ လက်ဖက်ရွက် လက်ဖက်ရည်ဇွန်း (၁/၂) ခန့်၊ ရေ (၄) ခွက်စာခန့်တို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ဒယ်အိုးတစ်လုံးထဲမှာ ဂျင်းရယ်၊ လက်ဖက်ရွက်ရယ်၊ ရေရယ်ကို ရောထည့်လိုက်ပါ။

ပြီးရင် မီးဖိုပေါ်မှာ (၁၅) မိနစ်ကနေ မိနစ် (၂၀) ကြား အပူပေးလိုက်ပါ။ အချိန်စေ့ရင်တော့ မီးပိတ်ပြီး သံပုရာရည်ထည့်ပေးလိုက်ပါ။ ရေနွေးထဲမှာ သံပုရာရည်လုံးဝပျော်ဝင်သွားသည်အထိ ကောင်းကောင်းမွှေပေးလိုက်ပါ။ ပြီးရင် ခဏနှပ်ထားပေးပြီး ခွက်တွေထဲကို ပြောင်းထည့်လိုက်ပါ။ ပြီးရင်တော့ ပျားရည်ထည့်ပြီး မနက်ခင်းအချိန်မှာသောက်သုံးပေးနိုင်ပါပြီ။

၃။ ပျားရည်နဲ့ဒိန်ချဉ်

play
 

မနက်အစောပိုင်းအချိန်မှာ ဒိန်ချဉ်ကို ပျားရည်စစ်စစ်နဲ့ရောစားပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းထားပေးနိုင်ပါတယ်။ အဲဒီအတွက် လိုအပ်တာကတော့ ပျားရည်စစ်စစ် (၁/၂) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်းတို့ပဲ ဖြစ်ပါတယ်။ အရင်ဆုံး ပျားရည်နဲ့ ဒိန်ချဉ်ကို ရောသမမွှေပေးလိုက်ပါ။ ရလာတဲ့ပျားရည် ဒိန်ချဉ်လေးကို ဘာမှမစားရသေးတဲ့အချိန် မနက်အစောပိုင်းမှာ စားပေးလိုက်ပါ။ တစ်လလောက် နေ့တိုင်းလုပ်ပေးမယ်ဆိုရင် သွေးတွင်းသကြားဓာတ် လျော့နည်းလာတာကို တွေ့ရှိရမှာပါ။

Source: DIYremedies

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video