လောကဓံရှစ်ပါးရဲ့ ဖိနှိပ်မှုဒဏ်ကို ခံရတိုင်း စိတ်သောကရောက်ရတာ ဓမ္မတာပါ။ ဒါပေမယ့် တချို့ကတော့ စိတ်သောကဝေဒနာကို အပြင်မှာထုတ်မပြဘဲ ဖုံးကွယ်ထားတတ်ပါတယ်။ တကယ်တော့ စိတ်သောကရောက်ခြင်းဟာ စိတ်ဖိစီးမှုတို့၊ စိတ်ဓာတ်ကျခြင်းတို့နဲ့ ဆက်နွယ်နေပြီး ဒီတိုင်းလွှတ်ထားရင် မိမိကိုယ်ကို အဆုံးစီရင်ခြင်းထိ ရောက်သွားတတ်ပါတယ်။

မိမိပတ်ဝန်းကျင်မှာ စိတ်သောကဝေဒနာကို ကြီးကြီးမားမား ခံစားနေရသူရှိရင် ဘေးမကူညီနိုင်ဖို့အတွက် စိတ်သောက ရောက်နေသူ တွေမှာ ရှိတတ်တဲ့ အမူအကျင့်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဟန်ဆောင်ဖုံးကွယ်ထားမယ်

play
 

သောကများခြင်း ဝေဒနာခံစားနေရသူဟာ သူတို့ရဲ့ ရောဂါလက္ခဏာတွေကို ဖုံးကွယ်ထားနိုင်ပါတယ်။ လူတွေကြားမှာပဲ ပြုံးလိုက်၊ ရယ်လိုက်၊ စကားလေး တပြောပြော လုပ်လိုက်နဲ့ပဲ ဆက်ရှိနေနိုင်ပါတယ်။ ဆေးပညာသဘောတရား အရတော့ ဒါကို "High functioning anxiety" (လုပ်ဆောင်မှုမြင့်မားတဲ့ စိတ်သောကဝေဒနာ) လို့ ခေါ်ဝေါ်ပါတယ်။

စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ သောကဝေဒနာတွေ၊ အတွေးတွေကို ဖုံးကွယ်ထားနိုင်ဖို့ ကြိုးစားလုပ်ဆောင် နေပါလိမ့်မယ်။ နှလုံးခုန်နှုန်းတွေ မြန်နေပေမယ့်၊ လက်ဖဝါးမှာချွေးတွေပြန်နေပေမယ့် လူတွေရှေ့မှာတော့ တည်ငြိမ်ဟန်ဆောင် ထားပါလိမ့်မယ်။ သူတို့နဲ့ ရင်းနှီးတဲ့ သူတွေမှ သူတို့ သောကရောက်နေမှန်း သိနိုင်ပါတယ်။

၂။ မထိန်းချုပ်နိုင်တဲ့ ကိုယ်အမူအရာတွေရှိမယ်

play
 

စိတ်သောကဝေဒနာ ခံစားနေရချိန်မှာ အလုပ်ချင်ဆုံးအရာက အဲဒီသောက ဝေဒနာကြီးကို ဖယ်ရှားပစ်ချင်တာပါပဲ။ ဒါပေမယ့် မဖယ်ရှားနိုင်တော့ မသိစိတ်ကနေ တုံ့ပြန်တတ်တဲ့ ကိုယ်အမူအရာလေးတွေ ဖြစ်လာပါတော့တယ်။ ဥပမာ... စိတ်ဖိစီးမှုတွေ၊ ဖိအားတွေကို ရင်ဆိုင်နိုင်ဖို့ ကိုယ့်လက်သည်းကိုယ် ပြန်ကိုက်မိမယ်။ အသက်ရှူမဝသလိုဖြစ်လာတိုင်း သက်ပြင်းတွေချမိမယ်။

ဒါမှမဟုတ် မကြာခဏသမ်းဝေမိမယ်။ စိတ်ထဲမှာမသက်မသာခံစားလာရတိုင်း သန့်ရှင်းရေးထလုပ်တာတို့၊ တစ်ခုခုထချက်တာတို့၊ သောကရောက်စရာအတွေးကနေ မိမိစိတ်ကိုဖယ်ရှားဖို့ ဘေးမှာရှိတဲ့တစ်ယောက်ယောက်နဲ့ တစ်ခုခုထပြောတာတို့ လုပ်မိပါလိမ့်မယ်။

 

၃။ မလုံမလဲဖြစ်မယ်

play
 

အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က အတင်းပြောနေတာပဲဖြစ်ဖြစ်၊ ကိုယ်ဆော့နေကျ Gym က trainer က လစဉ်ကြေး မသွင်းရသေးတဲ့ မမ်ဘာတစ်ယောက်အကြောင်း ပြောနေတာပဲဖြစ်ဖြစ်၊ အဲဒီကိစ္စတွေက ကိုယ်နဲ့ဘာမှ မပတ်သက်မှန်း စိတ်ထဲက သိနေတာတောင် "ငါ့ကိုများပြောနေလားမသိဘူး" ဆိုပြီး မသိစိတ်ထဲက အလိုလိုစိုးရိမ် နေမိတတ်ပါတယ်။

"ငါများ ဘာအမှားလုပ်မိလဲ။ ငါ ဘာလို့ မသိလိုက်ရတာလဲ" ဆိုပြီး စိတ်ထဲမှာ မလုံမလဲခံစား နေရပါလိမ့်မယ်။ လူတိုင်းလူတိုင်းကပဲ ကိုယ့်ကို ဝိုင်းကြည့်နေသလိုလို၊ သူတို့ဖာသာ စကားပြောရင်း ရယ်မောနေတာကလည်း ကိုယ့်ကို ဝိုင်းလှောင်ရယ်နေသလို အလိုလို ခံစားရပါလိမ့်မယ်။

၎။ စိတ်အပြောင်းအလဲ မြန်မယ်

play
 

သောကဝေဒနာ ခံစားနေရသူတွေဟာ ချိန်းထားပြီးမှ ဖြုန်းစားကြီး အစီအစဉ်တွေ ထဖျက်ပစ်တတ်သူတွေပါ။ သူငယ်ချင်းတွေနဲ့ ရုပ်ရှင်ကြည့်ဖို့ ချိန်းထားတာပဲဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ လျှောက်လည်ဖို့ ချိန်းထားတာပဲဖြစ်ဖြစ် လူတွေနဲ့တွေ့ရမှာ ရုတ်တရက် ကြောက်တဲ့စိတ်နဲ့ အစီအစဉ်တွေကို ဖျက်သိမ်းပစ်မိတတ်ပါတယ်။

ဒီလိုအပြုအမူမျိုး ကိုယ်တိုင်လုပ်မိတယ်ဆိုရင် မိမိရဲ့ စိတ်သောကဝေဒနာကို ဆရာဝန်နဲ့ ပြသ တိုင်ပင်ကြည့်သင့်ပါပြီ။ မိမိရဲ့ သူငယ်ချင်း၊ မိတ်ဆွေတွေဆီမှာ ဒီလိုမျိုး သောကဝေဒနာနဲ့ ဆက်နွယ်တဲ့ အပြုအမူတွေကို တွေ့မြင်ရရင်လည်း နှစ်သိမ့်ဆွေးနွေးပြီး လိုအပ်ရင် ကျွမ်းကျင်သူဆရာဝန်နဲ့ ပြသစစ်ဆေးမှု ခံယူဖို့ တိုက်တွန်းပါ။

Source: healthyhubb

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video