စိတ်ဓာတ်ကျဆင်းခြင်းဆိုတာ လူတစ်ယောက်ကို နှစ်မြှုပ်ပစ်နိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ချောက်နက်ကြီးတစ်ခုပါပဲ။ လူတစ်ယောက်ဟာ အကြောင်းပြချက် အမျိုးမျိုးနဲ့ စိတ်ဓာတ်ကျနိုင်ပါတယ်။ နောက်ပြီး စိတ်ဓာတ်ကျဆင်းခြင်းကို ကိုင်တွယ်ရတာ ထင်ထားသလောက် မလွယ်ကူပါဘူး။

play

 

တစ်ခါတလေမှာ အွန်လိုင်းက ဗီဒီယိုလေးတစ်ခု ကြည့်လိုက်ရုံ၊ ပတ်ဝန်းကျင်က သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောလိုက်ရုံနဲ့တောင် ကျွန်တော်တို့ အလွယ်တကူ စိတ်ဓာတ်ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျတာ အခြေအနေဆိုးရင် စိတ်လွတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမိသည်အထိ ဖြစ်နိုင်တာကြောင့် သတိထားသင့်ပါတယ်။

စာမေးပွဲကျလို့၊ ရည်းစားလို့ပြတ်လို့၊ ဘိုင်ပြတ်နေလို့၊ ဝိတ်တွေစွတ်တက်လာလို့ စတဲ့ အကြောင်းပြချက်တွေကြောင့် စိတ်ဓာတ်ကျ နေပြီဆိုရင် ဘာမှမပူပါနဲ့။ ဒီဆောင်းပါးလေးကိုဖတ်ပြီး ဆောင်းပါးထဲကအတိုင်း လိုက်လုပ်ကြည့်လိုက်ပါဦး။

၁။ လူတွေနဲ့ စကားပြောကြည့်ပါ

play
 

စိတ်ဓာတ်ကျနေရင် သတိပြုရမယ့် ရွှေရောင်စည်းမျဉ်းတစ်ခုပဲ ရှိပါတယ်။ ဘယ်လောက်ပဲ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်နေပါစေ... ဘယ်တော့မှ တစ်ယောက်တည်း မနေပါနဲ့။ မိမိရဲ့ ကျဆင်းနေတဲ့ စိတ်ဓာတ်ကို ပြန်လည်ကုစားဖို့ သူငယ်ချင်း၊ မိတ်ဆွေတွေနဲ့ စကားပြောပါ။ အကောင်းမြင်တတ်တဲ့ သူငယ်ချင်းတွေနားမှာနေပြီး သူတို့နဲ့ စကားထိုင်ပြောပါ။ ကိုယ့်ဖာသာတောင် သတိမပြုလိုက်မိခင်မှာပဲ စိတ်ဓာတ်ကျခြင်းဝေဒနာ လွင့်ပျယ်သွားပါလိမ့်မယ်။

၂။ လမ်းလျှောက်ထွက်ပါ

play

စိတ်ဓာတ်ကျပြီဆိုရင် ကိုယ့်အခန်းတံခါးကို အလုံပိတ်၊ မှောင်ရိပ်ချပြီး နေချင်ကြတာ ဓမ္မတာပါ။ ဒါပေမယ့် အိမ်ထဲမှာ အလုံပိတ် နေခြင်းက စိတ်ဓာတ်ကျခြင်းကို ပိုမိုဆိုးဝါးစေမှာပါ။ ဒါကြောင့် စိတ်ဓာတ်ကျပြီဆိုရင် အပြင်ဘက်ကိုသာ လမ်းလျှောက်ထွက်လိုက်ပါ။ မြက်ခင်းစိမ်းတွေကြားမှာ၊ ရေကန်တွေကြားမှာ၊ သစ်ပင်တွေကြားမှာ လမ်းလျှောက်ပါ။ သဘာဝက သင့်ရဲ့စိတ်ကျဝေဒနာကို ကုစားပေးနိုင်မှာပါ။

၃။ စိတ်တက်ကြွစေတဲ့ သီချင်းတွေနားထောင်ပါ

ဂီတရဲ့စွမ်းပကားကလည်း မသေးပါဘူး။ စိတ်ဓာတ်ကျနေချိန်မှာ မိမိနှစ်သက်ရာ သီချင်းတစ်ပုဒ် (ရော့ခ်၊ ဟစ်ဟော့ပ်၊ ပန့်ခ် စသည်ဖြင့်) ကို နားထောင်လိုက်ရတာက စိတ်ကိုပြန်လည် တက်ကြွစေနိုင်ပါတယ်။ ဂီတက သင့်ကို စိတ်ဓာတ်ခွန်အား ပေးနိုင်ပြီး အတိတ်ရဲ့ မကောင်းတဲ့အရာတွေကို မေ့ဖျောက်ပစ်နိုင်ဖို့ကို ကူညီပေးမှာပါ။ စိတ်ဓာတ်ကျနေချိန်မှာ အသည်းကွဲသီချင်းတွေ သွားနားထောင်မိရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့နော်။

 

၎။ တစ်ခုခုကို ဖန်တီးပြုလုပ်ပါ

ဟင်းချက်ခြင်း၊ လက်သမားအလုပ်လုပ်ခြင်းတို့လို ကိုယ်တိုင်ဖန်တီးပြုလုပ်ရတဲ့ အရာလေးတွေက စိတ်ဓာတ်ကျဆင်းခြင်း ဝေဒနာကို ဖယ်ရှားပေးနိုင်ပါတယ်။ တစ်ခုခုကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်လိုက်တယ်ဆိုတဲ့ ခံစားချက်ကလည်း သင့်ကိုတစ်ဖန်ပြန်ပြီး စိတ်တက်ကြွစေနိုင်ပါလိမ့်မယ်။ မိမိကိုယ်ကို စိတ်ရောကိုယ်ပါ အလုပ်မအားအောင် ခိုင်းထားလိုက်တော့ စိတ်ဓာတ်ကျဖို့ အချိန်လည်း မရှိတော့ဘူးပေါ့။

၅။ ချောကလက်စားပါ

play

ကယ်လိုရီစားခြင်းက စိတ်ခံစားချက်တွေကို မြင့်တက်စေနိုင်ပြီး ချောကလက်လိုမျိုး ချိုမြိန်နွေးထွေးတဲ့ ကယ်လိုရီလေးက စိတ်ဓာတ်ပြန်လည် တက်ကြွစေဖို့အတွက် အသင့်တော်ဆုံးပါပဲ။ ဒါကြောင့်လည်း ဝမ်းနည်းအားငယ်နေတဲ့သူတွေကို ချောကလက် ဖျော်ရည် ပူပူလေးတစ်ခွက် ဖျော်တိုက်ကြတာ ဖြစ်ပါတယ်။

ှSource: youngisthan

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video