AD
AD
AD

လက်ချောင်းလေးတွေဆိုတာ ကျွန်တော်တို့ခန္ဓာကိုယ်မှာ အလွန်အသုံးဝင်တဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းလေးတွေ ဖြစ်ပါတယ်။ လက်ချောင်းလေးတွေနဲ့ ပစ္စည်းတွေကို ကိုင်တွယ်ရွှေ့ပြောင်းကြတယ်။ လက်ချောင်းလေးတွေနဲ့ ဘာသာစကားတွေကို ရေးသားမှတ်တမ်းတင်ပြီး နောင်လာနောက်သားတွေအတွက် သမိုင်းနဲ့ စာပေယဉ်ကျေးမှုကို ထားခဲ့တယ်။ ဟော... အိုင်တီခေတ် ရောက်ပြန်တော့လည်း လက်ချောင်းလေးတွေနဲ့ ကွန်ပျူတာကီးဘုတ်ပေါ်မှာ စာရိုက်ပြီး ဆက်သွယ်ရေးအတွက်ရော၊ ဘာသာဗေဒနဲ့ မှတ်တမ်းတင်ဖို့အတွက်ပါ အသုံးပြုလာကြရပါတယ်။

play

 

တစ်နည်းအားဖြင့် ပြောရရင် လက်ချောင်းလေးတွေဟာ အသည်း၊ နှလုံး၊ ကျောက်ကပ်တို့လို အသက်ရှင်သန်မှုအတွက် မရှိမဖြစ် အရေးပါတဲ့ ကိုယ်လက်အင်္ဂါတွေ မဟုတ်ပေမယ့် အတိုင်းအတာတစ်ခုထိ အရေးကြီးတဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းတွေလို့ ဆိုနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ လက်ချောင်းလေးတွေရဲ့ အခြေအနေကို စောင့်ကြည့်ပြီး ကျန်းမာရေးအခြေအနေကိုလည်း ခန့်မှန်းတွက်ဆနိုင်ပါသေးတယ်။

၁။ လက်သည်းအရောင် ပြောင်းနေမယ်ဆိုရင်

play
 

အိန္ဒိယနိုင်ငံက သုတေသီတွေဟာ ကျောက်ကပ်ဝေဒနာရှင် လူနာအယောက် (၁၀၀) ခန့်ကို စမ်းသပ်စစ်ဆေးခဲ့ရာမှာ (၃၆) ရာခိုင်နှုန်းသော လူနာတွေမှာ half and half nails လို့ခေါ်တဲ့ လက်သည်းပန်းကုံး (လက်သည်းအောက်ခြေနားက အဖြူရောင် အဝိုင်းလေး) ဟာ လက်သည်းဧရိယာ တစ်ဝက်လောက်ထိ နေရာယူထားပြီး ကျန်တဲ့တစ်ဝက်မှာတော့ ညိုမဲနေပါတယ်။ (ပုံမှန်အတိုင်းဆို လက်သည်းအောက်ခြေနားမှာ အဖြူဝိုင်းသေးသေးလေးပဲ ပါတာပါ။)

အဲဒီလိုဖြစ်ရတာဟာ တချို့ဟော်မုန်းတွေ ကိုယ်တွင်းမှာ များပြားလာခြင်းနဲ့ သွေးနီဥနည်းပါးတဲ့ ရောဂါတို့ကြောင့် ဖြစ်ရတာပါ။ ဒါတွေအားလုံးဟာလည်း ကျောက်ကပ်ရောဂါ ရှိနေတဲ့လက္ခဏာပါပဲ။ ဒါကြောင့် အဲဒီလိုလက္ခဏာတွေ ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါပြီ။ နောက်တစ်ခုကတော့ အရေပြားကင်ဆာလည်း ဖြစ်နေနိုင်ပါတယ်။

၂။ လက်ချောင်းတွေ တုန်ယင်နေမယ်ဆိုရင်

play
 

တုန်ယင်နေတဲ့ လက်ချောင်းတွေဟာ ကော်ဖီပြင်းပြင်းတွေ သောက်တာများလို့၊ ပန်းနာရင်ကြပ် ပျောက်ဆေးတွေ၊ စိတ်ကျရောဂါ ပျောက်ဆေးတွေလို ဆေးပြင်းတွေသောက်တာများလို့ တို့ဆိုတဲ့ အကြောင်းပြချက်တွေကြောင့် ဖြစ်နိုင်သလို တခြားအကြောင်းရင်း တွေလည်း ရှိနေနိုင်ပါသေးတယ်။

လက်တစ်ဖက်ထဲ တုန်ယင်နေတာဆိုရင်တော့ ဒါဟာ ပါကင်ဆန်ရောဂါ (အကြောအားနည်းပြီး ခြေလက်တုန်ယင်သောရောဂါ) ရဲ့ ပထမဦးဆုံးရောဂါလက္ခဏာ ဖြစ်နေနိုင်ပါတယ်။ ဒါမှမဟုတ် ဒါဟာ စိတ်ပိုင်းဆိုင်ရာနဲ့ဆက်စပ်နေတဲ့၊ ထိန်းချုပ်မရတဲ့ လက်တုန်ခြင်း ရောဂါတစ်မျိုးနဲ့လည်း ဆက်စပ်နေနိုင်ပါတယ်။

 

၃။ လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေမယ်ဆိုရင်

play
 

ယောက်ျားလေးမှာတော့ လက်သူကြွယ်က လက်ညှိုးထက် ပိုရှည်နေတယ်ဆိုတာ မဆန်းပါဘူး။ ဒါပေမယ့် လက်သူကြွယ်ဟာ လက်ညှိုးထက်ပိုရှည်နေတဲ့ အမျိုးသမီးတွေကတော့ ဒူးခေါင်းမှာ အဆစ်အမြစ်ရောင်ရောဂါ (ဂေါက်ရောဂါ) ဖြစ်နိုင်ခြေ နှစ်ဆ ပိုများပါတယ်လို့ အဆစ်အမြစ်ရောင်ရောဂါနဲ့ ဒူလာရောဂါ သုတေသနတစ်ခုက ဆိုပါတယ်။

Estrogen (အမျိုးသမီးလိင်ဟော်မုန်း) တွေနည်းပါးသွားခြင်းကလည်း အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပါတယ်။ ယောက်ျားလေး တွေမှာကျတော့ လက်သူကြွယ်ပိုရှည်နေမယ်ဆိုရင် ကျားဟော်မုန်း ပိုများနေနိုင်ပါတယ်တဲ့။ ဒါကြောင့် အမျိုးသမီးတွေနဲ့ ဆက်ဆံရေးမှာ ပိုမိုအဆင်ပြေပြီး (မြာစွန်ပြီး) ကလေးများများ ရနိုင်ခြေလည်း ပိုများပါတယ်တဲ့။ ဒါပေမယ့် မကောင်းတာ တစ်ခုကတော့ ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေလည်း ပိုများနေနိုင်ပါတယ်တဲ့။

၎။ လက်ချောင်းတွေရဲ့ သန်မာမှု အားနည်းနေမယ်ဆိုရင်

play
 

ပုံမှန်ကျန်းမာနေတဲ့လူတစ်ယောက်ဟာ လက်ချောင်းတွေသန်မာပြီး ပစ္စည်းတွေကိုလည်း မြဲမြဲမြံမြံ ဆုပ်ကိုင်နိုင်ကြပါတယ်။ အဲဒီလို မဟုတ်ဘဲ လက်ချောင်းရဲ့ဆုပ်ကိုင်နိုင်စွမ်းတွေ အားနည်းနေပြီဆိုရင် နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါ ဖြစ်နိုင်ခြေ များနေနိုင်တယ်လို့ နိုင်ငံ (၁၇) နိုင်ငံက အရွယ်ရောက်ပြီးသားလူပေါင်း (၁၄၀,၀၀၀) ကို သုတေသနပြုလုပ်ရာက တွေ့ရှိခဲ့ပါတယ်။

လက်ချောင်းတွေရဲ့ သန်မာမှုဟာ သွေးပေါင်ချိန်တိုင်းတာခြင်းထက် ပိုမိုတိကျတဲ့ ကျန်းမာရေးခန့်မှန်းချက်တစ်ခုပဲဖြစ်ပါတယ်။ သုတေသီတွေကတော့ လက်ချောင်းသန်မာမှုဟာ ကြွက်သားခွန်အားနဲ့ ကိုယ်ကာယကျန်းမာရေးကို ဖော်ပြနေတဲ့ လက္ခဏာ တစ်ခုလည်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ ဒါကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်ဖို့ ကိုယ်ကာယလေ့ကျင့်ခန်းတွေနဲ့ အေရိုးဗစ် လေ့ကျင့်ခန်းတွေ ပြုလုပ်ပေးဖို့ လိုအပ်ပါလိမ့်မယ်လို့ အကြံပြုကြတာဖြစ်ပါတယ်။

Source: Reader's Digest

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD