AD
AD
AD

လူတစ်ယောက်ရဲ့ နှလုံးဟာ နှလုံးသွေးကြော ပိတ်ဆို့မှုတွေကြောင့် ဒဏ်ဖြစ်နေခြင်း ရှိမရှိကို သွေးတစ်စက်မှ ဖောက်စစ်စရာမလိုဘဲ သိရှိနိုင်တဲ့ အရာတွေရှိပါတယ်။ သုတေသနတစ်ခုရဲ့ အဆိုအရ လူနာတွေကို မေးခွန်းအနည်းငယ် မေးကြည့်ရုံနဲ့ သူတို့နှလုံးရောဂါ အခြေအနေနဲ့ လေဖြတ်လေငန်းရောဂါ အခြေအနေတို့ကို သိရှိနိုင်ပါပြီ။

play

 

အဲဒါတွေကတော့ (၁) သွေးဖိအား၊ (၂) လေ့ကျင့်ခန်း၊ (၃) ကိုယ်အလေးချိန်၊ (၄) အသီးအရွက် စားခြင်း/ မစားခြင်း၊ (၅) ဆေးလိပ်သောက်ခြင်း တို့ပဲဖြစ်ပါတယ်။ ဒီအချက် (၅) ချက်ကိုကြည့်ခြင်းဟာ သွေးဖောက်ပြီး ကိုလက်စ်ထရောနဲ့ သွေးတွင်းသကြား ပါဝင်မှု အခြေအနေကို စစ်ဆေးတာလောက်နီးပါး တိကျပါတယ်။

နည်းစနစ်နှစ်ခုကို နှိုင်းယှဉ်ခြင်း

play
 

Sinai ဆေးရုံက ပါမောက္ခ Valentin Fuster နဲ့ အဖွဲ့ဟာ Madrid မြို့က အသက် (၄၀) နဲ့ (၅၄) နှစ်ကြား နှလုံးရောဂါမရှိတဲ့ ရုံးလုပ်သား (၄၀၀၀) ခန့်ကို လေ့လာခဲ့ကြပါတယ်။ သူတို့ဟာ အထက်ပါ အချက် (၅) ချက်ကို ICHS လို့ခေါ်တဲ့ နှလုံးကျန်းမာရေး စံနှုန်းပြညွှန်းကိန်းနဲ့ နှိုင်းယှဉ်လေ့လာခဲ့ပါတယ်။

သုတေသီတွေဟာ စမ်းသပ်ခံပုဂ္ဂိုလ်တွေမှာ သွေးဖိအား ဘယ်လောက်ရှိလဲ၊ လေ့ကျင့်ခန်းဘယ်လောက် များများလုပ်လဲ၊ ကိုယ်အလေးချိန် ဘယ်လောက်ရှိလဲ၊ အစားအသောက် အနေအထိုင် ဘယ်လိုရှိလဲနဲ့ ဆေးလိပ်ဘယ်လောက် သောက်တတ်လဲ ဆိုတာတွေကို စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ ပြီးတော့မှ သွေးတွင်းသကြားနဲ့ ကိုလက်စ်ထရော ဘယ်လောက်လဲဆိုတာကို တိုင်းထွာခဲ့ပါတယ်။

play

 

ဒါ့အပြင် သုတေသီတွေဟာ အမျိုးသားနဲ့ အမျိုးသမီးတွေကို CT scan တွေ၊ Ultrasound တွေရိုက်ပြီး နှလုံးရောဂါလက္ခဏာ ရှိမရှိ စမ်းသပ်စစ်ဆေးခဲ့ပါတယ်။ နှလုံးသွေးကြောတွေ၊ နှလုံးသွေးကြောမကြီးနဲ့ ဦးခေါင်းနဲ့ လည်ဂုတ်ကို ဆက်ထားတဲ့ သွေးကြောတို့ကိုလည်း စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးမှု ရလဒ်တွေအရ လူတစ်ယောက်ရဲ့ နေပုံထိုင်ပုံ (အထက်ဖော်ပြပါ ညွှန်းကိန်းငါးခု) ဟာ သွေးဖိအးနဲ့ နှလုံးကျန်းမာရေးကို ဘယ်လိုသက်ရောက်မှုရှိနေလဲ ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။

တစ်နည်းအားဖြင့် ဒီအချက်ငါးချက်မှာ အပေါင်းလက္ခဏာ ပြနေသူတွေအတွက် သွေးကြောပိတ်ဆို့ခြင်းတွေ ဖြစ်နိုင်ဖို့ရာ ခဲယဉ်းပါတယ်။ နောက်တစ်ခုကတော့ ဒီအချက်ငါးချက်နဲ့ သွေးတွင်းအချိုဓာတ်၊ သွေးတွင်းကိုလက်စ်ထရော တိုင်းထွာချက်တို့ကြားက ဆက်နွယ်မှုက နှလုံးရောဂါ ရှိနေ/မနေကို ခန့်မှန်းရာမှာ ထိရောက်မှန်ကန်မှု ရှိခဲ့ပါတယ်။

 

အဲဒီနေရာမှာ မေးစရာတစ်ခုရှိလာပါတယ်။ ဖော်ပြပါညွှန်းကိန်းငါးခုမှာ ဘယ်လောက်ရရင် အပေါင်းလက္ခဏာပြတယ်လို့ ဆိုနိုင်ပြီလဲ။ အဲဒီအတွက်တော့ အဖြေရှိပါတယ်။ သွေးဖိအား ၁၂၀/၈၀ အောက်ဆိုရင် ကောင်းတယ်လို့ဆိုနိုင်ပါတယ်။ ကိုယ်အလေးချိန်ပြကိန်း (BMI) ၂၅ အောက်ဆိုရင်လည်း ကောင်းပါတယ်။ တစ်နေ့ကို အသီးအနှံ၊ ဟင်းသီးဟင်းရွက် လေးကြိမ်ခန့် စားပေးသူတွေဆိုရင် ကျန်းမာရေးကောင်းပါတယ်။ တစ်ပတ်မှာ မိနစ် (၁၅၀) ထက်ပိုပြီး လေ့ကျင့်ခန်းလုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ ဆေးလိပ်ကတော့ လုံးဝမသောက်တာ အကောင်းဆုံးပါပဲ။

play

 

သုတေသီတွေကတော့ စမ်းသပ်ခံပုဂ္ဂိုလ် (၆.၅) ရာခိုင်နှုန်းသာ ညွှန်းကိန်းငါးမျိုးလုံးမှာ အပေါင်းလက္ခဏာ ပြနေတာကို တွေ့ရှိခဲ့ကြပါတယ်။ ဥပမာပြောရရင် သွေးဖိအား ၁၄၀/၉၀ ရှိတဲ့ ဆေးလိပ်သောက်သူ တစ်ယောက်ဟာ ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါးမယ်ဆိုရင် BMI (၃၀) ကျော်နေနိုင်ပြီး အစားစားရာမှာလည်း စည်းစနစ်တကျ ရှိနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုလူတစ်ယောက်ဟာ နှလုံးစနစ်တစ်လုံးမှာ ရောဂါရနိုင်ခြေ အနည်းဆုံး (၃၁) ရာခိုင်နှုန်းလောက် သေချာနေပါပြီ။

Fuster ကတော့ ဒီညွှန်းကိန်းငါးမျိုးကိုသုံးပြီး လူနာတွေမှာ နှလုံးရောဂါရှိမရှိကို ပိုမိုတိကျလွယ်ကူစွာ ခန့်မှန်းလာနိုင်တဲ့အတွက် ဆရာဝန်တွေအ တွက် ဆေးဝါးကုသရေးမှာ ပိုမိုထိရောက် လာလိမ့်မယ်လို့ ဆိုထားပါတယ်။ အတိုချုံးပြောရရင် နေပုံထိုင်ပုံ lifestyle ကလည်း ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့အတွက် သတိထားဆင်ခြင်သင့်ပါတယ်။

Source: Webmd

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD