AD
AD
AD

ကျွန်တော်တို့မှာ ဗိုက်တာမင်ချို့တဲ့တဲ့ ဝေဒနာခံစားရတဲ့အခါ သိသာထင်ရှားစွာ ဖော်ပြနေတဲ့ လက္ခဏာတွေရှိပါတယ်။ မျက်စိမှုန်ခြင်း၊ ဆံပင်အလွန်အမင်း ကျွတ်ခြင်း၊ အားနည်းခြင်းတို့လို ကျန်းမာရေးပြဿနာတွေက ဗိုက်တာမင်ဓာတ် ချို့တဲ့မှုနဲ့ ဆက်စပ်နေနိုင်ပါတယ်။

play

 

အစားအသောက်ကို အချိန်မှန်မစားခြင်းဟာ ဗိုက်တာမင်ချို့တဲ့ခြင်းကို ဖြစ်စေနိုင်ပြီး သွေးအားနည်းရောဂါလို ဆိုးဝါးတဲ့ အခြေအနေမျိုးထိတောင် ဖြစ်သွားစေနိုင်ပါတယ်။ ဗိုက်တာမင်ချို့တဲ့ခြင်းဟာ ကြောက်စရာကောင်းတဲ့အတွက် ဗိုက်တာမင် ချို့တဲ့နေတယ်လို့ ဖော်ပြနေတဲ့ လက္ခဏာတွေကို သိထားသင့်ပါတယ်။

၁။ ဗိုက်တာမင်စီ ချို့တဲ့နေမယ်ဆိုရင်

play
 

သင်နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ ဖိုလိတ်ဓာတ်လုံလောက်စွာ မပါဝင်ဘူးဆိုရင်တော့ သင့်မှာ ဗိုက်တာမင်စီ ချို့တဲ့တဲ့ ဝေဒနာရှိနေပါပြီ။ ခန္ဓာကိုယ်မှာ ဗိုက်တာမင်စီ အားနည်းနေပြီဆိုရင် သွေးနဲ့ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ဗိုက်တာမင်စီ ချို့တဲ့ခြင်းရဲ့ သိသာထင်ရှားတဲ့ လက္ခဏာတွေကတော့ မောပန်းနွမ်းနယ်ခြင်း၊ အသက်ရှူမဝခြင်း၊ မူးဝေခြင်း၊ အသားအရေ ဖျော့တော့ခြင်း (သို့) ဝါထိန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ ကိုယ်အလေးချိန် ရုတ်တရက်ကျဆင်းခြင်း၊ ခြေတွေလက်တွေ ထုံခြင်း၊ ကြွက်သားအားနည်းခြင်း၊ စိတ်တိုလွယ်ခြင်း၊ မေ့လျော့လွယ်ခြင်းတို့ပဲ ဖြစ်ပါတယ်။

၂။ ဗိုက်တာမင်ဒီ ချို့တဲ့မယ်ဆိုရင်

play
 

ဗိုက်တာမင်ဒီကို နေရောင်ခြည်ဗိုက်တာမင်လို့လည်း လူသိများပါတယ်။ ဗိုက်တာမင်ဒီ ချို့တဲ့မယ်ဆိုရင် နွားနို့နဲ့ ဓာတ်မတည့်တာတို့၊ မှတ်ဉာဏ်စွမ်းရည် လျော့နည်းလာတာတို့၊ ကလေးတွေမှာဆို ပြင်းထန်တဲ့ ပန်းနာရင်ကြပ်ရောဂါတို့၊ ကင်ဆာရောဂါတို့ ဖြစ်နိုင်ပါတယ်။ ဗိုက်တာမင်ဒီက အရိုးတွေကိုလည်း သန်မာစေပါတယ်။ ဘာလို့လဲဆိုတော့ ၄င်းဟာ အစားအစာတွေထဲက ကယ်လ်ဆီယမ်ကို ခန္ဓာကိုယ်မှ ပိုမိုလွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်အောင် ကူညီပေးနိုင်လို့ပါပဲ။

မနက်ခင်းအချိန်မှာ နေပူစာလှုံပေးမယ်ဆိုရင်လည်း ဗိုက်တာမင်ဒီ ပြည့်ဝစေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နေရောင်ခြည်ထဲက ဗိုက်တာမင်ဒီကို ခန္ဓာကိုယ်က စုပ်ယူနိုင်လို့ပါပဲ။ ဗိုက်တာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကတော့ ကြက်ဥ၊ ဒိန်ခဲ၊ ဆယ်လ်မွန်ငါးတို့ ဖြစ်ပါတယ်။

၃။ ဗိုက်တာမင်ဘီ ချို့တဲ့မယ်ဆိုရင်

play
 

ဗိုက်တာမင်ဘီကတော့ ဆဲလ်ကျန်းမာရေးအတွက် အဓိကအစိတ်အပိုင်း တစ်ခုပါပဲ။ သင့်ကို တစ်နေ့တာလုံး လန်းဆန်းကျန်းမာ နေစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။ ဗိုက်တာမင် ဘီတွဲ၊ ဘီဆဲဗင်းနဲ့ ဘီနိုင်းဆိုပြီး ဗိုက်တာမင်ဘီ အမျိုးအစားများစွာ ရှိပါတယ်။ ဗိုက်တာမင်ဘီတွဲကို ကြက်ဥ၊ အသား၊ ဥစားကြက်၊ ကမာကောင်တို့မှာ တွေ့ရှိရပါတယ်။

ဗိုက်တာမင်ဘီ အားနည်းနေမယ်ဆိုရင် အစာအိမ်ရောဂါတစ်မျိုးဖြစ်တဲ့ Crohn's disease ၊ အူအတက်ရောင်ရောဂါ၊ HIV ၊ ဦးနှောက်အမြှေးရောင် ရောဂါ၊ သံသယလွန် စိတ်ရောဂါနဲ့ စိတ်ကျရောဂါတို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

၎။ ဗိုက်တာမင်အေ ချို့တဲ့မယ်ဆိုရင်

play
 

ဗိုက်တာမင်အေ ချို့တဲ့ခြင်းကတော့ အစာအိမ်မှ အာဟာရဓာတ် စုပ်ယူနိုင်စွမ်း လျော့နည်းခြင်း၊ အသည်းရောဂါ၊ ကိုယ်ခံအား ကျဆင်းခြင်း အစရှိတဲ့ ရောဂါဝေဒနာတွေကို ဖြစ်စေနိုင်ပါတယ်။ နောက်ပြီး ဗိုက်တာမင်အေ အားနည်းမယ်ဆိုရင် အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ အနီကွက်ကြီးတွေ ထလာစေမှာပါ။

Source: Youngisthan

Postby
ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD