AD
AD
AD

အယ်လ်ကိုဟော သောက်သုံးတယ်ဆိုတာ ကောင်းကျိုးလည်းရှိ၊ ဆိုးကျိုးလည်း ရှိတယ်။ သောက်တာများရင်တော့ ဆိုးကျိုးတွေပဲ ဖြစ်လာမှာ။ အနီးစပ်ဆုံးတစ်ခုကို ပြောရရင်တော့ ညဘက်သောက်တာများသွားလို့ မနက်ဘက် အိပ်ရာကမထနိုင်ဘဲ အရက်နာကျနေတာ။ အရက်နာမကျအောင် ကာကွယ်လို့တော့ ရပါတယ်။

၁။ တော်ရုံသင့်ရုံ

play
 

ရှင်းရှင်းလေးပဲ။ အရက်နာမကျချင်ဘူးဆိုရင် လုံးဝမသောက်နဲ့၊ ဒါမှမဟုတ် တော်ရုံသင့်ရုံပဲသောက်။ သောက်တာများရင်တော့ ကျိန်းသေဖြစ်မှာ။ ကိုယ့်လစ်မစ်ကို ကိုယ်သိပါစေ။

 

၂။ ပြင်းအားတူတာနှစ်ခု တွဲမသောက်နဲ့

အယ်လ်ကိုဟော % ချင်း တူနေတဲ့ အရက်နှစ်မျိုးကို တွဲသောက်ရင် ပိုမူးနိုင်ပါတယ်။ ဝီစကီ၊ ကော့ညှက်၊ တကီလာတို့ဟာ မူးနှုန်းပိုတက်စေပါတယ်။

၃။ ရေ

play
 

အရက်သောက်မယ်ဆိုရင် မသောက်ခင်မှာ ရေများများသောက်၊ သောက်ပြီးရင်လည်း ရေများများသာသောက်ပေးပါ။ အရက်ရဲ့ပြင်းအားက ရေနဲ့ထိတွေ့တဲ့အခါ ပျော့သွားမှာပါ။ ပြီးတော့ အရက်သောက်လို့ ရေဓာတ်ခမ်းခြောက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်တဲ့အခါ အရက်နာကျတာ သက်သာပါတယ်။

၎။ အိပ်ရေးဝပါစေ

ညက သောက်တာများသွားရင် အိပ်ရေးကို ဝအောင်အိပ်ပါ။ အိပ်ရေးဝတယ်ဆိုတာ အိပ်ချိန်များဖို့ မဆိုလိုပါဘူး။ ခွန်အားရှိပြီး လန်းဆန်းတဲ့အထိ အားပြည့်လာအောင် အိပ်ရမှာပါ။

၅။ မနက်စာ

play
 

အားရှိတဲ့ မနက်စာကို စားပေးပါ။ အသား၊ ငါး၊ သစ်သီးဝလံတို့ ပါဝင်အောင် စားပေးရင် ခန္ဓာကိုယ်အတွက် ခွန်အားဖြစ်စေပြီး အရက်နာကျတာ သက်သာပါလိမ့်မယ်။

Source : Health Line

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD