AD
AD
AD

ဗြုတ်စဗြင်းတောင်းနဲ့ ရှုပ်ပွနေတာတွေက စိတ်ကိုမကြည်လင်စေသလို ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း ဆိုးရွားတဲ့ အကျိုးဆက်တွေကို ခံစားရစေပါတယ်။

အိမ်မှာ ညစ်ပတ်နေတာ၊ ရှုပ်ပွနေတာ၊ နောက်ဆုံး ကြွက်တွေလာပြီး သောင်းကျန်းတဲ့ အထိ ဖြစ်ပြီး  စိတ်ရှုပ်ထွေး၊ စိတ်ညစ်စေပါတယ်။ ဘယ်လိုအရာဝတ္ထုတွေကို လွှင့်ပစ်သင့်သလဲဆိုတာကို ဖော်ပြပေးလိုက်တယ်နော်။

၁။ ပလတ်စတစ်ဘူး

play
 

အစားအစာတွေထည့်ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့သိမ်းဆည်းထားတဲ့ ပလတ်စတစ်ဘူးတွေကို လွှင့်ပစ်ပါ။ BPA ဓာတ်တွေ ကိန်းအောင်းနေတဲ့ ပလတ်စတစ်ဘူးတွေက ကျန်းမာရေးကို ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။

ဒီလို ပလတ်စတစ်ဘူးတွေကို အသုံးပြုနေတာဟာ သင့်အတွက်တော့ ကိုယ်တိုင်ပြန်မိမယ့် ထောင်ချောက်တစ်ခုကို တပ်ဆင်နေထားသလိုပါပဲ။

ကလေးနို့မှုန့်ဘူး၊ ရေသန့်ဘူးတွေကိုလည်း သတ်မှတ်ရက်အတိုင်းပဲ အသုံးပြုပြီး သတ်မှတ်ရက်ကျော်လွန်တာနဲ့ လွှင့်ပစ်လိုက်တာ အကောင်းဆုံးပေါ့။

 

၂။ Air Fresheners

play
 

ကုမ္ပဏီတချို့က သူတို့ဆီက ထုတ်လုပ်လိုက်တဲ့ Air Fresher ဘူးတွေကို မွှေးရနံ့ပိုမိုကြာရှည်စွာ ထိန်းသိမ်းပေးနိုင်ကြောင်း ကြော်ငြာပြီး ရောင်းချကြပါတယ်။ ဒါကြောင့်မို့လို့ Air Fresher ဘူးတွေထဲမှာဆိုရင် ဓာတုဗေဒဆေးဝါးတွေ မြောက်မြားစွာပါဝင်နေပြီးတော့ ကြီးမားတဲ့ အန္တရာယ်တွေကို ဖိတ်ခေါ်နေပါတယ်။

အတတ်နိုင်ဆုံးကတော့ Air Fresher အသုံးမပြုတာ အကောင်းဆုံးဖြစ်ပြီး အကယ်၍များ သင့်အိမ်မှာ အသုံးပြုနေတယ် ဆိုရင်လည်း ခုချက်ချင်း လွှင့်ပစ်လိုက်ဖို့ မမေ့လိုက်ပါနဲ့။

၃။ ဘတ်တီးရီးယားပိုးမွှားကာကွယ်ပေးသည့် ဆပ်ပြာ

play
 

၂၀၁၄ ခုနှစ်တုန်းက FDA ရဲ့ အစီရင်ခံစာတွေအရဆိုရင် ဘတ်တီးရီးယားပိုးမွှားတွေကို ကာကွယ်ပေးနိုင်တဲ့ ဆပ်ပြာတွေဟာ တကယ်တမ်းကျတော့ ဘတ်တီးရီးယားတွေကို ထူးကဲစွာ တိုက်ဖျက်နိုင်စွမ်းမရှိဘူးလို့လည်း သိရပါတယ်။

Triclosan လို့ခေါ်တဲ့ ဆပ်ပြာ၊ဆပ်ပြာမှုန့်တွေထဲမှာ ပါဝင်နေတဲ့ ဓာတ်ပစ္စည်းဟာ ပဋိဇီဝဆေးဝါးတွေကို အံတုနိုင်စွမ်းရှိတယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

၎။ ၀ိတ်ကျစေတဲ့ အချိုရည်ဗူးများ

play
 

သင်ဟာ ခန္ဓာကိုယ်အလေးချိန်လျှော့ချဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ၀ိတ်ကျစေကြောင်း ကြော်ငြာထားတဲ့ အချိုရည်ဗူးတွေကို အသုံးမပြုဖို့ လိုအပ်ပါလိမ့်မယ်။

အချိုရည်ဗူးတွေထဲမှာ ပါဝင်တဲ့ ဆေးသကြားဟာ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်တွေကို ဆန့်ကျင်ပြီးတော့ အူအတွင်းမှာ မကောင်းတဲ့ဘက်တီးရီးယားများ ပေါက်ဖွားစေဖို့ အထောက်အကူပြုနေလို့ပါပဲ။

၅။ အသုံးပြုမှုများပြားနေသည့် ဖိနပ်

play
 

အနည်းဆုံးတော့ မိုင် ၃၀၀ ကနေ မိုင် ၄၀၀ အထိ အသုံးပြုထားပြီးတဲ့ ဖိနပ်တွေကို လွှင့်ပစ်တာ အကောင်းဆုံးပါပဲ။ အပေါ်ယံက အမွှေးလေးတွေတုံးနေပြီဖြစ်တဲ့ ဖိနပ်တွေဟာ ခြေထောက်ရဲ့ သန်စွမ်းကြံ့ခိုင်မှုကို အထောက်အပံ့မပေးနိုင်ကြောင်း သုတေသီတွေကဆိုပါတယ်။

ဒါ့အပြင် သင့်ရဲ့ကြွက်သားတွေ၊ အရိုးတွေ၊ အရွတ်တွေကို အလွယ်တကူဒဏ်ရာရစေဖို့ ဟောင်းနွမ်းနေတဲ့ ဖိနပ်တွေက အချက်ပြသတိပေးနေတာကို သတိပြုသင့်ပါတယ်။ အနည်းဆုံးတော့ ဖိနပ်ကြောင့် ချော်လဲပြီး ဒဏ်ရာရစေတယ်လေ။

၆။ ဖွာလန်ကျဲနေသည့် သွားပွတ်တံ

play
 

သွားပွတ်တံကိုတော့ ရက် (၃၀)ခန့်လောက် အသုံးပြုပြီးရင် လဲလှယ်လိုက်တာ အသင့်တော်ဆုံးပါပဲ။ သွားပွတ်တံရဲ့ အမွှေးလေးတွေကြားထဲမှာ ဘတ်တီးရီးယားတွေ ခိုအောင်းနေမှုအများဆုံးဖြစ်ပြီးတော့ အဲဒီကမှတဆင့် ပါးစပ်ထဲကို ၀င်ရောက်ဖို့က အလွယ်ကူဆုံးပါပဲ။

အမေရိကန်နိုင်ငံမှ သွားကျန်းမာရေးအဖွဲ့ဝင်ဆရာဝန်တစ်ဦးရဲ့ အဆိုအရဆိုရင်တော့ အသုံးပြုမှုများတဲ့ သွားပွတ်တံဟာ သွားကျန်းမာရေးအတွက် ဘယ်လိုမှ အထောက်အကူမပြုတော့ဘူးလို့ သိရပါတယ်။

၇။ ဆီချေးစော်နံ ဟင်းခတ်အမွှေးအကြိုင်များ

play
 

အောက်သိုးသိုးနံ့ထွက်နေပြီဖြစ်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေဟာ သင့်အစားအစာတွေကို အရသာရှိစေဖို့ထက် ဆိုးရွားတဲ့ကျန်းမာရေးအကျိုးဆက်တွေကိုပဲ ပေးစွမ်းနိုင်ပါတယ်။ ချက်ပြုတ်နေတဲ့လက်နဲ့ ကိုင်ထားတဲ့ ဟင်းခတ်ဗူးတွေ၊ အထုပ်တွေဟာ သင့်ကျန်းမာရေးကို အထောက်အကူပြုမှုနည်းပါးလွန်းပါတယ်။

Postby

 

၈။ ကုလားထိုင် (သို့) ထိုင်ခုံ

လေ့လာမှုတစ်ခုအရ လူတစ်ယောက်ဟာ ဟာ အနည်းဆုံး တစ်နေ့ကို ၇နာရီကျော်ကျော်ခန့် နေ့စဉ် ထိုင်ခုံပေါ် ထိုင်လေ့ရှိကြပါတယ်။ တချို့ဆိုရင် ၁၅ နာရီခန့်ထိ ထိုင်လေ့ရှိကြတယ်လို့လည်း ဆိုပါတယ်။

အလွန်အကျွံထိုင်နေမှုဟာ သွေးတိုး၊ဆီးချို၊ကင်ဆာနဲ့ အခြားသော ကျန်းမာရေးပြသနာများကို ဖြစ်ပွားစေလေ့ရှိပါတယ်။

ဒါကို ကျန်းမာရေးသုတေသီတွေက "Sitting Disease" လို့ နာမည်ပေးထားပြီးတော့ အမေရိကန် ကျန်းမာရေးအဖွဲ့အစည်းကဆိုရင် ထိုင်ပြီး အလုပ်လုပ်မယ့်အစား မတ်တပ်ရပ်အလုပ်လုပ်တာမျိုးက ကျန်းမာရေးအတွက်ပိုပြီးတော့ သင့်တော်တဲ့နည်းလမ်းလို့ အဆိုပြုခဲ့ပါသေးတယ်။

Source : Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD