AD
AD
AD

နာနတ်သီးတွေက စားလို့ကောင်းတဲ့ သစ်သီးလေးတွေပါ။ အချိုပွဲအဖြစ် ဒီတိုင်းပဲစားစား၊ ကိတ်မုန့်ပေါ်တင်ပြီးပဲစားစား၊ ဖျော်ရည်ပဲ လုပ်သောက်သောက်၊ မီးကင်ပြီးပဲစားစား ပုံစံအမျိုးမျိုးနဲ့ စားသုံးနိုင်တဲ့ သစ်သီးလေးလည်း ဖြစ်ပါတယ်။ အထူးသဖြင့် နွေရာသီလို ပူအိုက်တဲ့ရာသီမျိုးမှာ နာနတ်သီးအေးအေးလေးကို အရောင်တင်မှုန့်၊ ဆေးသကြား၊ သံပုရာသီးတို့နဲ့ ရောသုတ်ထားတဲ့ နာနတ်သီးသုတ်လေး စားလိုက်ရရင် ရင်ကိုအေးမြသွားစေမှာပါ။

play

 

နောက်တစ်ခုက နာနတ်သီးစားခြင်းက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။ မျက်စိအားကောင်းစေတဲ့ အသီးအနှံတစ်မျိုးလည်းဖြစ်လို့ လူကြီး၊ လူငယ်မရွေး နှစ်သက်ကြပါတယ်။

ဒါပေမယ့် လူတွေက နာနတ်သီးအသားကိုပဲ နှစ်သက်ကြတာပါ။ မျက်စိလို့ခေါ်တဲ့ အဖုအထစ်တွေနဲ့ ကြည့်ရဆိုးတဲ့ နာနတ်သီးအခွံကိုတော့ လွှင့်ပစ်တတ်ကြပါတယ်။ ဒါဟာမှားယွင်းတဲ့ အပြုအမူတစ်ခုပါပဲ။

play

 

တကယ်တမ်းကျတော့ နာနတ်သီးအခွံမှာလည်းး ကောင်းမွန်တဲ့အာနိသင်တွေ ရှိနေပါသေးတယ်။ နာနတ်သီးအခွံကို ရေထဲထည့်ပြုတ်လိုက်မယ်ဆို၇င် ကျန်းမာရေးအာနိသင်တွေ အပြည့်ပါဝင်တဲ့ လက်ဖက်ရည်ကောင်းတစ်ခွက်ကို ရရှိပါတယ်။ အဲဒီနာနတ်သီးလက်ဖက်ရည်က ဘာတွေကောင်းမွန်လဲဆိုတော့...

၁။ ကင်ဆာရောဂါသည်တွေကို ကူညီပေးနိုင်တယ်

play
 

ကင်ဆာရောဂါကို ပျောက်ကင်းစေတယ်လို့ ပြောချင်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကင်ဆာရောဂါသည်တွေ chemotherapy လို့ခေါ်တဲ့ ဓာတုကုထုံးနဲ့ ကုသခြင်းကို ခံယူရတဲ့အခါ နာနတ်သီး လက်ဖက်ရည်သောက်ပေးမယ်ဆိုရင် chemotherapy ကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို သက်သာစေပါတယ်။ ဒါပေမယ့် မသောက်သုံးခင် သက်ဆိုင်ရာဆရာဝန်နဲ့တော့ အရင်တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

၂။ ရောင်ရမ်းခြင်းကို သက်သာစေတယ်

နာနတ်သီးအခွံနဲ့ အရိုးထဲမှာ ပါဝင်တဲ့ bromelain ဆိုတဲ့ အားကောင်းတဲ့အင်ဇိုင်းတစ်မျိုးဟာ ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းခြင်း မဖြစ်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်။ ခွဲစိတ်ပြီးနောက်တို့၊ ဒဏ်ရာရပြီးနောက်တို့မှာ ဖြစ်တတ်တဲ့ အရေပြားရောင်ရမ်းခြင်း တွေဟာ နာနတ်သီးလက်ဖက်ရည်နဲ့ တွေ့ရင် ယူပစ်သလို သက်သာသွားမှာပါ။

၃။ အစာကြေစေတယ်

play
 

တကယ်လို့ ကိုယ်က အစာစားရင် လောကြီးသူတစ်ယောက်ဖြစ်ပြီး မကြာခဏဆိုသလို အစာမကြေဝေဒနာတွေကို ခံစားနေရတယ်ဆိုရင် နာနတ်သီး လက်ဖက်ရည်လေးကိုသာ သတိရလိုက်ပါ။ နာနတ်သီးလက်ဖက်ရည်က အစာခြေစနစ်ကို ပိုမိုချောမွေ့ကောင်းမွန်အောင် ကူညီပေးနိုင်ရုံသာမက အစာအိမ်ထဲက ပိုးမွှားတွေ၊ ဝမ်းချုပ်ရောဂါတွေကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။

 

၎။ ကိုယ်ခံအားကောင်းစေတယ်

နာနတ်သီးထဲမှာ ဗိုက်တာမင်စီ အထူးကြွယ်ဝစွာ ပါဝင်တဲ့အတွက် ကူးစက်ရောဂါနဲ့ ပိုးမွှားတွေကို တိုက်ဖျက်နိုင်ပါတယ်။ Bromelain နဲ့ ဗိုက်တာမင်စီတို့ ပေါင်းစပ်လိုက်ရင် ဘက်တီးရီးယား တိုက်ဖျက်ရာမှာ၊ ချွဲသလိပ်တွေကို ချေမှုန်းရာမှာ အသုံးဝင်သလို ဒဏ်ရာတွေကိုလည်း ပိုပြီးမြန်မြန် အနာကျက်စေပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့ အရာတစ်မျိုးလည်း ဖြစ်ပါတယ်။

၅။ မျက်စိအားကောင်းစေတယ်

play
 

နာနတ်သီးတစ်ပင်လုံးမှာ အထူးကြွယ်ဝစွာပါဝင်တဲ့ Beta Carotene နဲ့ ဗိုက်တာမင်စီတို့ဟာ မျက်စိတိမ်စွဲခြင်းလိုမျိုး စက္ခုအာရုံအားနည်းစေတဲ့ ရောဂါတွေကို တိုက်ဖျက်ရာမှာ အထူးအသုံးဝင်ပါတယ်။ မျက်မှန်တပ်နေရသူများ၊ မျက်စိအားနည်းမှာကို စိုးရိမ်ရသူများအနေနဲ့ နာနတ်သီးလက်ဖက်ရည်ကို ပုံမှန်သောက်သုံးပေးသင့်ပါတယ်။

၆။ အရိုးတွေကို သန်မာစေတယ်

နာနတ်သီးအခွံထဲမှာ မဂ္ဂနိစ်ဓာတ် ကြွယ်ဝစွာ ပါဝင်ပါတယ်။ မဂ္ဂနိစ်ဓာတ်ဟာ အရိုးနဲ့သွားတွေကို သန်မာကြံ့ခိုင်စေပြီး ပြန်လည်ပြုပြင်ပေးနိုင်တဲ့ ဓာတ်တစ်မျိုးလည်း ဖြစ်ပါတယ်။ နောက်ပြီး ခံတွင်းကျန်းမာရေး ရှုထောင့်ကကြည့်မယ်ဆိုရင် နာနတ်သီးရဲ့ ဗိုက်တာမင်စီဟာ သွားဖုံးနဲ့သွားတန်းတွေကို သန့်ရှင်းကျန်းမာစေဖို့အတွက် ကူညီပေးနိုင်ပါတယ်တဲ့။

Source: Tiphero

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD