AD
AD
AD

အရပ်ရှည်ခြင်းက ဘတ်စကတ်ဘောအသင်း၊ ဘောလီဘောအသင်းတွေမှာဆိုရင် အထောက်အပံ့ကောင်းတစ်ခု ဖြစ်ချင် ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့်လည်း လတ်တလော စူးစမ်းလေ့လာချက်တွေအရဆိုရင်တော့ အရပ်အမောင်းမြင့်မားခြင်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးအတွက် ဆိုးကျိုးတွေလည်းရှိတယ်လို့ ဆိုပါတယ်။ ကောင်းတာလည်း ရှိသလို မကောင်းတာလည်းရှိတယ်ဆိုတဲ့ သဘောလိုပေါ့။ ဘာတွေလဲဆိုတာကို လေ့လာနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။ သွေးပြန်ကြောအတွင်း သွေးခဲနှုန်းများပြား

play

 

စက်တင်ဘာလအတွင်းက ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုရဲ့ အဆိုအရ အရပ် ငါးပေသုံးလက်မထက်လျော့တဲ့ လူတွေဟာ သွေးပြန်ကြောအတွင်းသွေးခဲမှုနှုန်း ပိုမိုလျော့နည်းတယ်လို့ ဆိုပါတယ်။ အရပ်ခြောက်ပေနှစ်လက်မခန့်ရှိတဲ့ လူတွေဆိုရင်တော့ သွေးပြန်ကြောအတွင်း သွေးခဲမှုနှုန်းက မြင့်မားတယ်လို့သိရပါတယ်။ ဒီလေ့လာမှုမှာဆိုရင် ကိုယ်ဝန်ဆောင်တွေကိုလည်း စမ်းသပ်ခဲ့ပြီးတော့ အရပ်ရှည်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်မှာပဲ သွေးပြန်ကြောအတွင်း သွေးခဲမှုက စတင် ဖြစ်ပွားနေတယ်လို့သိရပါတယ်။ အရပ်အမြင့် ငါးပေတစ်လက်မအောက်ရှိတဲ့ လူတွေကတော့ ဒီရောဂါဖြစ်ပွားမှုနှုန်းဟာ အရပ်ခြောက်ပေခန့် ရှိတဲ့လူတွေထက် ၆၉ ရာခိုင်နှုန်းလျော့နည်းတယ်လို့ ဆိုပါတယ်။

၂။ ကင်ဆာကြောင့်သေဆုံးမှုနှုန်းပိုမိုမြင့်မား

play

 

အရပ်ရှည်တဲ့ လူတွေဟာ ကင်ဆာကြောင့် သေဆုံးမှုနှုန်းက ၄ ရာခိုင်နှုန်းထိ မြင့်တက်လာတယ်လို့ ၂၀၁၆ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာတစ်ခုအရ သိရပါတယ်။ အရပ်မြင့်မားတဲ့လူတွေဟာ အစာအာဟာရပိုမိုလိုအပ်ပြီးတော့ တိတိကျကျဆိုရရင်တော့ ကယ်လိုရီအများအပြားနဲ့ အသားဓာတ်တွေကို သူတို့ရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်ပါတယ်။ အရပ်ပိုရှည်တဲ့ အမျိုးသားတွေမှာ ဆိုရင် အကျိတ်ကင်ဆာဖြစ်ပွားမှုန်း များပြီးတော့ အမျိုးသမီးတွေဆိုရင်လည်း ရင်သားကင်ဆာ၊ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အရေပြားကင်ဆာတွေဖြစ်ပွားနှုန်း မြင့်တက်နိုင်တယ်လို့ သိရပါတယ်။

၃။ နှလုံးရောဂါနဲ့ဆီးချိုရောဂါဖြစ်ပွားမှု လျော့နည်း

play
 

တခြားတဖက်မှာတော့ အရပ်အမောင်းမြင့်မားတဲ့သူတွေဟာ နှလုံးရောဂါနဲ့ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်းက တော်တော်လေး လျော့နည်းနိုင်ပါတယ်တဲ့။ ဥပမာဆိုရရင်တော့ အရပ်အမြင့် ၅ပေရှိတဲ့သူ နဲ့ ၅ပေနှစ်လက်မခွဲရှိတဲ့သူ နှိုင်းယှဉ်တဲ့အခါမှာ ၅ပေ၂လက်မခွဲ ရှိတဲ့သူက ဒီရောဂါဖြစ်ပွားမှုနှုန်း ၆ ရာခိုင်နှုန်း လျော့နည်းပါတယ်။ အရပ်ရှည်သူတွေက များသောအားဖြင့် အဆုတ်က ပိုမိုကြီးမားပြီးတော့ နှလုံးကလည်း ပိုမိုသန်မာမှုရှိပါတယ်။ အာဟာရလိုအပ်ချက်မှုကြောင့် စားသုံးမှုများပြားခြင်းဟာ ကင်ဆာ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပေမယ့် အခြားတစ်ဖက်မှာဆိုရင်တော့ ဟော်မုန်းပိုမိုထုတ်လွှင့်နိုင်မှုနဲ့အတူ သွေးအတွင်းသကြားဓာတ်ကို ကူညီထောက်ပံ့ပေးမှု၊ ကိုလက်စ်ထရော ထိန်းညှိပေးနိုင်မှုတွေကြောင့် နှလုံးနဲ့ဆီးချိုဖြစ်ပွားမှုနှုန်းကို လျော့ကျစေတာပါ။

၎။ ပိုမိုထိခိုက်နိုင်ချေရှိ

play
 

ဒါကတော့ရိုးရှင်းပါတယ်။ အရပ်အမောင်းမြင့်မားတာနဲ့အမျှ ထိခိုက်မှုက အခြားသူတွေထက်ပိုပြီး များပြားနိုင်တာပါပဲ။ သုတသီတွေကတော့ အရပ်ရှည်တဲ့သူတွေဟာ တစ်နေ့ကို ပျှမ်းမျှသုံးကြိမ်ခန့် ထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။ အရပ်ရှည်တဲ့ အမျိုးသမီးတွေမှာဆိုရင်တော့ သူတို့ရဲ့ အဆုတ်ဟာ ပိုမိုပြီး ဖိအားဒဏ်ခံရတာကြောင့် နှလုံးကြီးလာတာမျိုး၊ ဖောင်းလာတာမျိုး ခံစားရနိုင်ပါတယ်။ ဒါပေမယ့်လည်း အ၀လွန်မှုကို လျှော့ချခြင်း၊ ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ဆေးလိပ်နဲ့အရက် သောက်သုံးခြင်းတွေကို ထိန်းချုပ်ကန့်သတ်နိုင်မယ်ဆိုရင်တော့ သေဆုံးမှုနှုန်းရော၊ ရောဂါဖြစ်ပွားမှုနှုန်းကိုပါ လျှော့ချနိုင်ကြောင်း လေ့လာသူတွေက ဆိုပါတယ်။

Source : Health

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD