AD
AD
AD

အားကစားလုပ်တော့ ချွေးကတော့ ထွက်ပြီလေ။ အလေးမလိုက်၊ ခုန်လိုက်နဲ့ ပင်ပန်းတော့ မျက်နှာကပါ နီရဲလာရော။ အဲ့လိုမျိုး မျက်နှာနီရဲတာက ပုံမှန်ဆိုရင်တော့ နာရီဝက်လောက်အတွင်း ပျောက်သွားပါတယ်။ နည်းနည်း ပိုကြာတဲ့လူတွေကတော့ မျက်နှာနီအမ်းနေတာကို မြန်မြန်ပျောက်ချင်တယ်ဆို ဒီလိုလေးတွေလုပ်လေ။

၁။ အေးတဲ့နေရာကိုရွေး

play
 

Gym ကောင်းကောင်းကို ရွေးသင့်တယ်။ ပူလှောင်အိုက်နေပြီး လူတွေ ပြည့်ကျပ်နေတဲ့ နေရာမျိုးမှာ လေ့ကျင့်ခန်းမလုပ်ပါနဲ့။

၂။ အကြောဆန့်

play
 

လေ့ကျင့်ခန်းတွေ မလုပ်မီမှာရော လုပ်ပြီးသွားရင်ရော အကြောဆန့် လေ့ကျင့်ခန်းကို အချိန်ပေးပြီးလုပ်ပါ။ ပြီးစလွယ်မလုပ်ပါနဲ့။ အကြောဆန့်လေ့ကျင့်ခန်းတွေလုပ်မှ ကြွက်သွားနာတာတွေ သက်သာမှာပါ။ သွေးလည်ပတ်မှုလည်း ကောင်းမှာဖြစ်လို့ အသားနီအမ်းတာလည်း မြန်မြန်လျော့သွားမယ်။

၃။ နို့အေး

play
 

ဒါက တကယ့်လျှို့ဝှက်ချက်နော်။ မျက်နှာ နီအမ်းနေရင် နို့အေးထဲကို စိမ်ထားတဲ့ အဝတ်နဲ့ မျက်နှာကို ကပ်ထားလိုက်ရင် မျက်နှာက ပုံမှန်ထက်တောင် စိုပြေကြည်လင်သွားရော။ ပြီးမှ မျက်နှာသစ်ပေါ့။

၎။ နားပါ

play
 

တကယ်ဆိုရင် ရေအေးလေးတစ်ခွက်လောက်သောက်၊ ၁၅ မိနစ်လောက် ငြိမ်ငြိမ်လေး နားရုံနဲ့လည်း ချွေးတိတ်ပြီး အသားအရေနီအမ်းတာတွေ ပျောက်သွားမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD