အိန္ဒိယနိုင်ငံက ဆရာဝန်တွေဟာ အမျိုးသမီးတစ်ဦးရဲ့ ဝမ်းဗိုက်ထဲမှာ ထုံးကျောက်တည်နေတဲ့ သန္ဓေသားလောင်းလေးကို ၁၅ နှစ်ကျော်ကြာပြီးမှ ပြန်လည်တွေ့ရှိရတဲ့အတွက် အံ့အားသင့်ခဲ့ရပါတယ်။ အခုချိန်မှာ အသက် (၅၂) နှစ်ရှိပြီဖြစ်တဲ့ အမည်မဖော်လိုသူ အမျိုးသမီးဟာ လွန်ခဲ့တဲ့ (၁၅) နှစ်ခန့်တုန်းက မိသားစုရဲ့ သဘောတူညီချက် မရရှိတာကြောင့် ကိုယ်ဝန်ဖျက်ချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play

 

အဲဒီအချိန်တုန်းက သူမရဲ့သားဖွားဆရာဝန်က ကလေးကိုအောင်မြင်စွာ ဖျက်ချနိုင်လိုက်ပြီလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒီနှစ်ပိုင်းတွေမှာ သူမဟာ ဆိုးဆိုးဝါးဝါး ဗိုက်အောင့်ခြင်းဝေဒနာကို ခံစားရခဲ့ပြီး ဆရာဝန်လေး၊ ငါးယောက်လောက်နဲ့ ပြောင်းပြခဲ့ရပါတယ်။ ဆရာဝန်တိုင်းက သူမကို အကိုက်အခဲပျောက်ဆေးနဲ့ လေနိုင်ဆေးတွေပဲ ပေးခဲ့ပါတယ်တဲ့။

play

 

ဒီလိုနဲ့ နောက် (၃) နှစ်လောက်ဆက်တိုက် သူမမှာ အဆက်မပြတ်အော့အန်ခြင်း၊ ဗိုက်အောင့်ခြင်း ဝေဒနာတို့ကို ခံစားခဲ့ရပါတယ်။ နောက်ဆုံးမှာ Nagpur မြို့နားက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့ အမျိုးသမီးဟာ ခွဲစိတ်ကျွမ်းကျင်သူ ဆရာဝန်တစ်ဦးနဲ့ သွားတွေ့ခဲ့ပြီး ဆွေးနွေးတိုင်ပင်ခဲ့ပါတယ်။ လိုအပ်တဲ့ CAT စကင်ဖတ်ခြင်းကို ပြုလုပ်ပြီးနောက် အူလမ်းကြောင်းထဲမှာ မဲကျောတဲ့ အစိုင်အခဲတစ်ခုကို တွေ့ရှိခဲ့ရတဲ့ ခွဲစိတ်ဆရာဝန် Dr Nilesh Junankar ဟာ သူမကို ခွဲစိတ်ကုသမှု ခံယူဖို့ တိုက်တွန်းခဲ့ပါတယ်။

"သူ့ကိုစကင် ဖတ်ကြည့်လိုက်တော့ အူလမ်းကြောင်းထဲမှာ အတားအဆီးတစ်ခုကို တွေ့တယ်ဗျ။ အဲဒီအတားအဆီးက အစာလမ်းကြောင်းမှာ သွားပိတ်မိနေတာ" လို့ ဒေါက်တာ Nilesh Junankar က ပြောခဲ့ပါတယ်။

play

 

နှစ်နာရီကြာတဲ့ အော်ပရေးရှင်းအပြီးမှာ ဒေါက်တာ Nilesh ဟာ သူမရဲ့ဝမ်းဗိုက်ထဲက ထုံးကျောက်တည်ပြီး မာတောင့်နေတဲ့ ကလေးလေးတစ်ယောက်ရဲ့ ရုပ်အလောင်းကို ခွဲထုတ်နိုင်ခဲ့ပါတယ်။

အော်ပရေးရှင်းခန်းထဲမှာ ရှိနေခဲ့တဲ့ လူတွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်လို့လည်း ဒေါက်တာ Nilesh ကဆိုပါတယ်။ ပိုပြီးအံ့သြဖို့ ကောင်းတာ တစ်ခုက အခုလို ကျောက်ဖြစ်နေတဲ့ ရင်သွေးအလောင်းကို နှစ်ပေါင်းများစွာ သယ်ဆောင်ထားရတာတောင် သူမရဲ့သားအိမ်၊ သားအိမ်လမ်းကြောင်းနဲ့ ဥပြွန်တို့ဟာ အကောင်းပကတိအတိုင်း ရှိနေခဲ့ပါတယ်တဲ့။ ဒါပေမယ့် အမျိုးသမီးဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက သွေးမဆင်းတော့ဘဲ ကလေးမွေးနိုင်တဲ့ အသက်အရွယ်ကိုလည်း ကျော်လွန်ခဲ့ပြီဖြစ်ပါတယ်။

ဆေးပညာအခေါ်အရ Lithopedion လို့ခေါ်တဲ့ ကျောက်ဖြစ်ရင်သွေးဟာ အလွန်ရှားပါးပါတယ်။ ပြီးခဲ့တဲ့ နှစ်ပေါင်း (၄၀၀) အတွင်း ကမ္ဘာတဝှမ်းလုံးမှာ ဒီလိုအဖြစ်မျိုး အခု (၃၀၀) သာ ဖြစ်ပွားဖူးပါတယ်။ ဘာပဲပြောပြော ဒီအမျိုးသမီးကတော့ နှစ်ပေါင်းများစွာ သယ်ဆောင်ထားရတဲ့ နာကျင်မှုဝေဒနာကြီးက လွတ်မြောက်လာခဲ့တဲ့အတွက် ဝမ်းမြောက်နေခဲ့ပါတယ်။

Source: Dailymail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video