AD
AD
AD

၁။ အစားစားချင်စိတ်ကို မြှင့်တင်ပါ

play

 

တကယ်လို့များ ၀ိတ်ချဖို့အတွက် စဉ်းစားပြီး အပြင်းအထန်လုပ်နေတယ်ဆိုရင်တော့ နည်းနည်းလေး လျှော့လိုက်ပါ။ အစားစားခြင်းက ဦးနှောက်ဖွံ့ဖြိုးဖို့အတွက်လည်း အလွန်အမင်းအရေးကြီးတာကြောင့်လည်း ဖြစ်ပါတယ်။ ဖြည်းဖြည်းချင်းစီ အစားအစာ စားသောက်မှုကို မြှင့်တင်ပေးဖို့က လွယ်ကူပါတယ်။ နေ့လည်ခင်းပိုင်းမှာဆိုရင် ကော်ဖီသောက်နေတာထက် green tea ကို သောက်သုံးပေးခြင်းက ဦးဏှောက်ကို ပိုပြီးတော့ ကြည်လင်လန်းဆန်းစေပါတယ်။ Green tea မှာဆိုရင် ကဖင်းဓာတ်က အနည်းငယ်သာပါဝင်ပြီးတော့ antioxidants များစွာပါဝင်တာကြောင့် ဦးနှောက်အတွင်းမှ ဆဲလ်တွေ ပျက်စီးယိုယွင်းမှုကို ကောင်းမွန်စွာ ကာကွယ်ပေးနိုင်ပါတယ်။ တူနာငါးစားသုံးခြင်း၊ swordfish စားသုံးခြင်းတို့ကလည်း ကောင်းမွန်ပါတယ်။ အစားအစာစားတိုင်းလည်း ဦးနှောက်ကို ကောင်းမွန်စေတာမျိုး မဟုတ်ဘူးဆိုပေမယ့်လည်း လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေရရှိဖို့အတွက်တော့ စားသုံးပေးရမှာ ဖြစ်ပါတယ်။

၂။ တစ်နေ့ကို မိနစ် ၂၀ခန့် သွားလာလှုပ်ရှားပေးပါ

play

 

အထိုင်အထမရှိပဲ အချိန်ကြာမြင့်စွာ နေနေခြင်းက စိတ်ကို နွမ်းနယ်ပင်ပန်းစေပြီးတော့ ဦးနှောက်ကိုလည်း မကြည်မလင် ဖြစ်စေပါတယ်။ အေရိုးဗစ်ကစားခြင်းအားဖြင့် ခန္ဓာကိုယ်နဲ့ဦးနှောက်အတွင်းက သွေးများကို ကောင်းမွန်စွာ လည်ပတ်စေ နိုင်ပါတယ်။ သုတေသီတွေရဲ့ တွေ့ရှိချက်အရဆိုရင် ခန္ဓာကိုယ်လှုပ်ရှားပေးခြင်းက မှတ်ဥာဏ်ကို ကောင်းမွန်တိုးတက်စေပြီးတော့ ဆဲလ်တွေကိုလည်း ကြီးထွားစေတယ်လို့ ဆိုပါတယ်။ ဒ့ါအပြင် ဦးနှောက်အတွက် အရေးပါတဲ့ အာရုံကြောဆဲလ်တွေကို နှိုးဆွပေးမှုအတွက် အသင့်တော်ဆုံးပါပဲ။

၃။ သက်တောင့်သက်သာရှိအောင်နေပါ

play

 

ဦးနှောက်က နေ့စဉ်နဲ့အမျှ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောလို့ရပါတယ်။ စဉ်းစားတွေးတောနေရမှု၊ စိတ်ဖိစီးမှု နဲ့ ပင်ပန်းနွမ်းနယ်မှုတွေရဲ့ အကျိုးဆက်ဟာ ဦးနှောက်ကိုလည်း သွယ်ဝိုက်ပြီးတော့ ထိခိုက်စေပါတယ်။ ဦးဏှောက်က အရမ်းကြီး ခိုင်မာတောင့်တင်းတဲ့ ခံတပ်တစ်ခုသဖွယ် ဖြစ်တည်နေတာ မဟုတ်ပါဘူး။ ဒါကြောင့်မို့လို့ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်စေနိုင်မယ့် အရာတွေကို ရှောင်ကြဉ်ပြီး ဦးနှောက်အတွက် အကျိုးရှိစေမယ့် အရာတွေကို အစားထိုး လေ့ကျင့်ယူသင့်ပါတယ်။ နိုင်ငံခြားဘာသာစကားတစ်ခုကို သင်ယူနေတာမျိုး၊ ဂီတအသစ်ကိုဖန်တီးပေးတာမျိုးက ဦးနှောက်ကို သက်တောင့်သက်သာရှိစေတဲ့ အကောင်းဆုံးနည်းလမ်းတွေဖြစ်ပါတယ်။ ဦးနှောက်ကို လွယ်လင့်တကူ ပုံသွင်းလို့ရနိုင်တဲ့ အရာတွေကို ထိန်းသိမ်းထားနိုင်ဖို့ အတွက် သင့်ရဲ့ စိတ်ကိုတော့ ဖွင့်ဟပေးထားဖို့လိုပါလိမ့်မယ်။

၎။ အိပ်စက်ခြင်းကို ဦးစားပေးပါ

play

 

အိပ်ပျော်နေစဉ်အတွင်းမှာဆိုရင် glymphatic ဆိုတဲ့ system က ဦးနှောက်ရဲ့ neurotoxins တွေကို သန့်စင်ပေးပါတယ်။ တစ်နေ့ကို အနည်းဆုံးအိပ်ချိန် ၇နာရီမှ ၉နာရီခန့်ထိ အိပ်စက်ပေးခြင်းက ဒီဖြစ်စဉ်ကို ပိုပြီးတော့ တွန်းအားပေးနိုင်ပါတယ်။ ၂၀၁၅ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ သုတေသနတွေရဲ့ ဖော်ပြမှုမှာဆိုရင် အိပ်ရေးဝခြင်းက အယ်ဇိုင်းမားရောဂါဖြစ်ပွားနိုင်တဲ့နှုန်းကို လျော့ကျစေပြီးတော့ ဦးနှောက်ရဲ့ မှတ်ဥာဏ်စွမ်းအားကို တိုးတက်စေဖို့ အထောက်အကူဖြစ်တယ်လို့ ဆိုပါတယ်။

၅။ တက်ကြွမှုရှိတဲ့ လူမှုဘဝကို ဖန်တီးပါ

play

 

လူတိုင်းက သူ့ပတ်ဝန်းကျင်မှာ လူမှုရေးကိစ္စတွေနဲ့ ကျင်လည်နေရတာပါပဲ။ ဒါပေမယ့် အသက်ပိုပြီးကြီးရင့်လာတာနဲ့အမျှ လူမှုရေးကိစ္စတွေအပေါ်မှာ အာရုံစူးစိုက်မှုက လျော့နည်းလာပါတယ်။ ဒိလိုနဲ့ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီးတော့ လူမှုရေး ကိစ္စတွေဘက်မှာ အားနည်းမှန်းမသိ အားနည်းလာပါတယ်။ အထီးကျန်ဆန်နေတဲ့ လူတွေဟာ လူစိမ်းတွေရဲ့ ခြိမ်းခြောက်မှုကို ပိုပြီးတော့ ခံစားနေရပြီး နေ့စဉ်နှင့်အမျှ အန္တရာယ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ လူမှုပတ်ဝန်းကျင်မှာ လိုက်လျောညီထွေမှုရှိစွာ ဆက်ဆံပြုမူခြင်းက အသိအမြင်တွေကို ပိုမိုကြွယ်ဝလာစေပြီးတော့ အပြန်အလှန်ဖလှယ်ပေးခြင်းအားဖြင့် ကျန်းမာရေးအသိပညာတွေကိုပါ  ရရှိတာကြောင့် ဦးနှောက်အသိဥာဏ်ပွင့်လင်းမှုကို အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့လို့ ကိုယ့်ပတ်ဝန်းကျင်က လူမှုပေါင်းသင်းဆက်ဆံရေးကို ပုံစံမပျက်စေပဲ ထိန်းသိမ်းထားဖို့ လိုအပ်ကြောင်း သုတေသီများက အကြံပေး၊ သတိပေးကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD