AD
AD
AD

နေပူစာလှုံပြီး ရောဂါကုသနည်း(heliotherapy) ကို ရှေးဟောင်းဂရိခေတ်ကတည်းက လုပ်ဆောင်ခဲ့ကြပြီး နာမည်ကျော် ဂရိဆေးပညာရှင်ကြီး Hippocrates တောင်မှ နေပူစာလှုံခြင်းကရရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ထုတ်ဖော်ပြောကြား ခဲ့ပါသေးတယ်။ နေရောင်ခြည်အောက်မှာ အချိန်အတိုင်းအတာ တစ်ခုကြာအောင် နေပူစာလှုံခြင်းက အရေပြား၊ အရိုးနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

play

 

နေပူစာလှုံပြီး ရောဂါကုသနည်းရဲ့ နောက်ကွယ်က သိပ္ပံပညာကတော့ ရိုးရှင်းပါတယ်။ ကုသနည်းကလည်း လွယ်ကူပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ လတ်ဆတ်တဲ့ လေထုနဲ့ နေရောင်ခြည်တို့ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းလေးဟာ ဒီဘက်ခေတ်မှာ လူတွေမေ့လျော့နေကြတဲ့ အလင်းရောင်နဲ့ နေရောင်ခြည်ရဲ့ ရောဂါကုသနိုင်စွမ်းကို အသုံးချပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ရောဂါကုသတဲ့ နည်းလမ်းလေးပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ နေရောင်ခြည်ထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်ဒီကို အသုံးချပြီး ခန္ဓာကိုယ် ပိုမိုကျန်းမာအောင်၊ စိတ်ကို ပိုမိုရှင်းလင်းအောင် လုပ်ဆောင်ကြတာဖြစ်ပါတယ်။

play

 

ဗိုက်တာမင်ဒီဟာ ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။ အဲဒီဗိုက်တာမင်ရရှိဖို့အတွက် နေရောင်ခြည်က အကောင်းဆုံးရင်းမြစ်ပါပဲ။ ဗိုက်တာမင်ဒီသာ ခန္ဓာကိုယ်ထဲမှာ ပြည့်ဝနေမယ်ဆိုရင် ရရှိနိုင်တဲ့ အကျိုးကျေးဇူး တွေကတော့ သွေးတိုးကျခြင်း၊ ဆီးချိုကျခြင်း၊ ကိုလက်စ်ထရောနည်းပါးခြင်းနဲ့ ကိုယ်ခံအား ပိုမိုကောင်းမွန်ခြင်းတို့ပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်က ဗိုက်တာမင်ဒီကို ဘာလို့လိုအပ်တာလဲ

play
 

ဗိုက်တာမင်ဒီဟာ ခန္ဓာကိုယ်မှ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရတ်စ်ဓာတ်တွေ စုပ်ယူခြင်းကို ထိန်းညှိပေးပြီး သွားနဲ့အရိုး ကျန်းမာရေး အတွက်လည်း အထူးအရေးကြီးပါတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပြီး တချို့ရောဂါတွေဖြစ်မလာအောင်လည်း တားဆီးပေးနိုင်ပါတယ်။ တကယ်တော့ နေရောင်ခြည်နဲ့ အချိန်တစ်ခုကြာအောင် မထိတွေ့ရဘူးဆိုရင် အရိုးနဲ့ကြွက်သား နာကျင်ခြင်း၊ စိတ်ဖိစီးမှုများပြားခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့ ဖြစ်စေနိုင်ပါတယ်။

နေရောင်ခြည်နဲ့ အချိန်အတိုင်းအတာတစ်ခုကြာအောင် ထိတွေ့ခြင်းဟာ စိတ်အပန်းဖြေနိုင်တာ တစ်ခုတည်းတင် မကပါဘူး။ နေရောင်ခြည်ဟာ ဗိုက်တာမင်ဒီအပြင် တခြားသတ္ထုဓာတ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဆိုဒီယမ်၊ ကာဘွန်နဲ့ တခြားဓာတ်တွေကိုလည်း ရရှိစေနိုင်ပါတယ်။ ဗိုက်တာမင်ဆေးပြားလေးတွေ မှီဝဲတာထက် နေရောင်ခြည်အောက်မှာ နေပူစာလှုံလိုက်တာက ကျန်းမာရေးအတွက် ပိုမိုကောင်းမွန်စေပါတယ်။

play

 

နေပူစာလှုံတာတော့ ဟုတ်ပါပြီ။ ဘယ်အချိန်မျိုးမှာ နေပူစာလှုံသင့်လဲဆိုရင်တော့ မနက်အစောပိုင်းနဲ့ မွန်းမတည့်ချိန်စပ်ကြားမှာ နေပူစာလှုံတာ အကောင်းဆုံးပါပဲ။ အဲဒီအချိန်မှာ ခရမ်းလွန်ရောင်ခြည် အန္တရာယ်အနည်းဆုံးဖြစ်ပြီး ဗိုက်တာမင်ဒီကိုလည်း အပြည့်အဝရရှိစေနိုင်ပါတယ်။

Source: theculturetrip

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD