AD
AD
AD

စိတ်ဖိစီးမှုရှိနေခြင်းက အသက်အရွယ်အပိုင်းအခြားမရွေး ဖြစ်နေတဲ့အရာတစ်ခုပါ။ စာသင်ကျောင်းမှာ၊ အလုပ်ခွင်မှာ၊ မိသားစုအတွင်းပြသနာ၊ မိတ်ဆွေသူငယ်ချင်းပြသနာ အစရှိတဲ့ ဖြစ်ရပ်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံကနေ စိတ်ဖိစီးမှုတွေ ခံစားလာရပြီးတော့ အခန့်မသင့်ရင် စိတ်ကျရောဂါခံစားရတဲ့ အဆင့်ထိကို ရောက်ရှိတတ်ပါတယ်။ စိတ်ဖိစီးမှု များပြားလာပြီဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ကျဆင်းလာတတ်ပြီး ကျန်းမာရေးရှုထောင့်အရ ကြည့်မယ်ဆိုရင်လည်း ဆိုးဝါးတဲ့ဒဏ်တွေကို ခံစားလာရမှာပါ။ စိတ်ဖိစီးမှုတွေကို ရှောင်လွှဲဖို့၊ ကျော်ဖြတ်ဖို့အတွက် နည်းလမ်းတွေကတော့ အမျိုးမျိုးပါပဲ။ နည်းလမ်းတွေအများကြီးထဲကမှာမှ လွယ်ကူစွာ ပြုလုပ်နိုင်မယ့် အချက်လေးတွေကို ရွေးချယ်ပြီးတော့ ဖော်ပြပေးလိုက်တယ်နော်။

၁။ ပန်းပင်လေးတွေစိုက်ပါ

play

 

သုတေသနပြုလုပ်ချက်များအရဆိုရင် ပန်းပင်လေးတွေကို မြင်တွေ့နေရခြင်းဟာ စိတ်ဖိစီးမှုကို သိသာထင်ရှားစွာ လျော့ကျနိုင်စေပြီး လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည်ကိုလည်း တိုးတက်လာစေတယ်လို့ ဆိုပါတယ်။ ပန်းပင်ရှိတဲ့အခန်း နဲ့ မရှိတဲ့အခန်းမှာ နေထိုင်ပြီးတော့ လေ့လာခဲ့မှုတွေအရဆိုရင် ပန်းပင်တွေရှိတဲ့ အခန်းမှာ နေထိုင်ရခြင်းက ပိုပြီးတော့ စိတ်ကို သက်တောင့်သက်သာ ဖြစ်စေပြီး ဦးနှောက်ထဲမှာ ကြည်လင်နေတာမျိုးကို ခံစားရတယ်လို့ အစီရင်ခံစာတွေက ဆိုပါတယ်။ ဒါဆိုရင် အိမ်မှာ ပန်းပင်စိုက်တာမျိုး၊ မိမိရဲ့ ရုံးခန်းအတွင်းမှာ ပန်းအိုးလေးတွေ ထားပေးတာမျိုး ပြုလုပ်ပေးပြီးတော့ နေ့စဉ်မြင်တွေ့နေရခြင်းက စိတ်ဓာတ်ပိုင်းဆိုင်ရာအတွက် အများကြီး အထောက်အကူပြုနိုင်တာမို့ လက်တွေ့လုပ်သင့်ပါတယ်။

၂။ လုပ်ငန်းခွင်ပြင်ပ၊ အိမ်ပြင်ပမှာ အချိန်တချို့ကို ကုန်ဆုံးပါစေ

play

 

အပြင်မှာ အချိန်တချို့ကို ကုန်ဆုံးစေခြင်းကလည်း မိမိရဲ့ စိတ်ပိုင်းဆိုင်ရာကို ပြောင်းလဲနိုင်စွမ်းရှိပြီး စိတ်ကျရောဂါ စွဲကပ်နေမှုကိုတောင်မှ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ စိတ်ခံစားမှုတွေ ပိုမိုကောင်းမွန်လာခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် သင့်တော်မှု အစရှိတဲ့ ကျန်းမာရေးနဲ့ နှီးနွယ်နေမှုတွေကိုပါ ကောင်းကျိုးတွေ ဖြစ်ထွန်းလာစေပါတယ်။ ဒါ့အပြင် Social Life မှာလည်း တိုးတက်မှုတွေရှိလာစေပါတယ်။ အချိန်တချို့ကို ကုန်ဆုံးပါစေဆိုတာမျိုးမှာဆိုရင် အိမ်အပြင်ဘက်မှာ လမ်းထွက်လျှောက်ပေးတာ၊ ညနေခင်း လေညင်းခံတာ၊ အေးမြတဲ့အရိပ်တစ်ခုခုအောက်မှာ စာဖတ်နေတာ အစရှိသဖြင့်လည်း လုပ်ဆောင် ပေးလို့ရသလို သူငယ်ချင်းတွေနဲ့ တွေ့ဆုံပြီး အလည်အပတ်ပဲဖြစ်ဖြစ်၊ စားသောက်တာမျိုးပဲဖြစ်ဖြစ်လည်း ပြုလုပ်ပေးလို့ရပါတယ်။

၃။ ရုပ်ရှင်ကြည့်ခြင်း၊ ဖုန်းအသုံးပြုခြင်း လျှော့ပါ

play

 

ဒီနေ့ခေတ်မှာ လူအများအပြားက ရုပ်ရှင်ကြည့်တာ၊ မိုဘိုင်းလ်ဖုန်းအသုံးပြုတာတွေက အလွန်အကျွံကို ဖြစ်နေတာပါ။ အထူးသဖြင့် ကလေးသူငယ်တွေနဲ့ လူငယ်ထုကြားမှာ ဆိုရှယ်မီဒီယာသုံးစွဲမှု၊ ဂိမ်းဆော့ကစားမှုတွေက နေ့စဉ်နဲ့အမျှ တိုးပွားလာ နေပါတယ်။  သုတေသနစာတမ်းများရဲ့ မှတ်ချက်အရဆိုရင် Facebook Depression ဆိုတဲ့ ဝေါဟာရကိုတောင် သုံးစွဲလာပြီးတော့ ဆိုရှယ်မီဒီယာအသုံးပြုမှုရဲ့ အကျိုးဆက်တွေကြောင့် အသက်အရွယ်နဲ့မလိုက်အောင်ကို စိတ်ဖိစီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ထမင်းစားချိန်မှာ ဖုန်းကို မယူဆောင်လာဘူး၊ ည ကိုးနာရီထိုးပြီးနောက်ပိုင်း မိုဘိုင်းလ်ဖုန်းအသုံးပြုခြင်း မရှိတာ အစရှိတာမျိုး သတ်မှတ်ပြီးတော့ ဒီပြသနာတွေကို ရှောင်ရှားဖို့ ကျွမ်းကျင်သူတွေက အကြံပေးကြပါတယ်။

၎။ လေ့ကျင့်ခန်းလုပ်ပါ

play

 

ကျန်းမာရေးနဲ့ပတ်သက်လို့ရှိရင် မလုပ်မဖြစ် လုပ်ဆောင်သင့်တဲ့အချက်တွေထဲမှာ လေ့ကျင့်ခန်းလုပ်တာက ထိပ်ဆုံးက အမြဲပါဝင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုရှိနေခြင်းက ခန္ဓာကိုယ်မှ မလိုအပ်တဲ့ ဓာတ်သဘာဝတွေကို လျှော့ချပေးပြီး လိုအပ်တဲ့ ကျန်းမာရေးအထောက်အကူပြု ဇီဝဖြစ်စဉ်တွေကို တွန်းအားပေးတာကြောင့်လည်း ဖြစ်ပါတယ်။ စာမေးပွဲကြောင့် စိတ်ဖိစီးနေမှုတွေ၊ အလုပ်ခွင်အတွင်း အလုပ်ဒဏ်တွေကြောင့် မွန်းကျပ်နေတာမျိုးတွေကို လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြင့် ဖြေဖျောက်နိုင်ပါတယ်။

၅။ ယောဂကျင့်ခြင်း

play

 

အဖွဲ့ပေါင်း ၁၃၁ ဖွဲ့ပါဝင်ပြီး ၁၀ ပတ်တိတိ ယောဂကျင့်ခဲ့တဲ့ သုတေသန တွေ့ရှိချက်တွေအရဆိုရင် ယောဂကျင့်နေစဉ် ကာလအတွင်းမှာပဲ အဖွဲ့တိုင်းဟာ မူလလူမှုဘ၀ကထက် ပိုပြီးတော့ တိုးတက်မှုတွေရှိလာတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ စိတ်တည်ငြိမ်မှုရှိလာခြင်း၊ တစ်ဦးချင်းရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုတိုးတက်လာပြီးတော့ ကျန်းမာရေးလက္ခဏာတွေကလည်း လွန်ခဲ့တဲ့ ရက်သတ္တပတ် ၁၀ ပတ်ကထက် ပိုပြီးထူးခြားလာကြောင်းလည်း ဆိုပါတယ်။ ဆိတ်ငြိမ်တဲ့ ပတ်ဝန်းကျင် (သို့) သက်တောင့်သက်သာရှိတဲ့ ခုံတစ်ခုခုပေါ်မှာ တစ်နေ့ကို မိနစ် ၂၀ ခန့် ငြိမ်သက်စွာထိုင်နေပေးခြင်းကလည်း စိတ်ဖိစီးမှုတွေကို လျှော့ချနိုင်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ပေးပြီးတော့ မိမိကိုယ်ကို သတိထားကြည့်မယ်ဆိုရင် စိတ်ဖိစီးမှုတွေ လျော့ကျလာတာကို သိသာစွာ တွေ့မြင်နိုင်မှာပါ။

၆။ သီချင်းနားထောင်ပါ

 

ရှေးဟောင်းဂရိလူမျိုးတွေ ရှိစဉ်ကတည်းက ဂီတသံစဉ်ဟာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ကြောင်း တွေ့ရှိခဲ့တာပါ။ လုပ်ငန်းခွင်အတွင်းမှာ သီချင်းနားထောင်ရင်း အလုပ်လုပ်ခြင်းက သင့်အတွက် လုပ်ဖော်ကိုင်ဖက်ကောင်းတစ်ဦးလို ဖြစ်နေစေပါတယ်။ အလုပ်တွေကို ပိုပြီးတော့ မြန်ဆန်လာအောင်၊ လွယ်လင့်တကူပြီးမြောက်အောင် အကူအညီပေးနိုင်ပါတယ်။ ဒါပေမယ့်လည်း သီချင်းအမျိုးအစားပေါ် မူတည်ပြီးတော့ ထိရောက်မှုက ကွာဟတယ်လို့ လေ့လာသူတွေကဆိုပါတယ်။ Classical Music နဲ့ New Age Music ဂီတအမျိုးအစားတွေက ပိုပြီးတော့ အကျိုးသက်ရောက်မှုရှိတယ်လို့လည်း သူတို့က ဆိုပါတယ်။

၇။ သိုက်သိုက်ဝန်းဝန်းနေထိုင်ပါ

play

 

မိသားစုကို အချိန်ပေးတာ၊ သူငယ်ချင်းတွေနဲ့ တူတူရှိနေတာမျိုးက ကိုယ့်ရဲ့ ခံစားမှုတွေကို ပိုပြီးတော့ ကောင်းမွန်လာစေပါတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ အားကောင်းလာမှုက သိသာထင်ရှားတယ်လို့ သုတေသီတွေက ပြောပါတယ်။ တစ်ဦးတည်း နေထိုင်ခြင်းထက် အဖွဲ့နဲ့နေထိုင်ပေးခြင်းမျိုးက ပိုပြီးတော့ ထိရောက်ကြောင်းလည်း ဆိုပါတယ်။ အကယ်၍များ ကိုယ့်မှာ စိတ်ဖိစီးမှုတွေ များပြားနေတဲ့အချိန်မျိုးမှာ တစ်ဦးတည်းရှိနေခြင်းထက် မိသားစု၊မိတ်ဆွေသူငယ်ချင်းတွေနဲ့ အတူတူရှိနေအောင် ပြုလုပ်ပေးခြင်းက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို သိသိသာသာလျှော့ချပေးနိုင်မှာဖြစ်ကြောင်းလည်း အကြံဥာဏ်ပေးခဲ့ကြပါတယ်။

Source: timeandleisure

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD