AD
AD
AD

နေ့စဉ်သွားပုံမှန်တိုက်ပေးခြင်းက အစာပြွန်နဲ့သက်ဆိုင်တဲ့ ကင်ဆာကို ကာကွယ်နိုင်ကြောင်း ဆေးသုတေသီတွေက ပြောခဲ့ပါတယ်။ လေ့လာတွေ့ရှိချက်များအရဆိုရင် ပါးစပ်မှတဆင့် ၀င်ရောက်လာတဲ့ ဘတ်တီးရီးယားအမျိုးအစားတချို့ဟာ သွားဖုံးကို ထိခိုက်စေပြီး အဲဒီကမှတဆင့် အစာပြွန်နဲ့သက်ဆိုင်တဲ့ ကင်ဆာဖြစ်ပွားမှုနှုန်းကို တိုးပွားစေကြောင်း ဆိုပါတယ်။ တိုက်ခိုက်မှုပိုမိုမြင့်မားတဲ့ ဘတ်တီးရီးယားပို့တစ်မျိုးဟာဆိုရင်လည်း သွားပတ်ပတ်လည်မှာ ရှိနေတဲ့ တစ်ရှူးတွေကို ပျက်စီးဆုံးရှုံးစေပြီးတော့ ကင်ဆာဖြစ်ပွားမှုကို ၂၁ ရာခိုင်နှုန်းထိ မြင့်တက်စေကြောင်းလည်း သိရပါတယ်။

play

 

Oesophageal Cancer ကြောင့် ကမ္ဘာပေါ်မှာ သေဆုံးမှုနှုန်းဟာ နံပါတ်(၆) အဆင့်မှာရှိတယ်လို့ သုတေသန မှတ်တမ်းတွေအရ သိရပါတယ်။ ဒါပေမယ့်လည်း ဒီ ကင်ဆာဖြစ်ပွားနေကြောင်းကို လွယ်လင့်တကူ သိရှိနိုင်ခြင်းမရှိပဲ ကင်ဆာရောဂါရဲ့ နောက်ဆုံးအဆင့် (သို့) တော်တော်ကြီးဖြစ်ပွားပြီးမှသာ သိရှိနေရလို့ လူသေဆုံးမှုနှုန်းမြင့်တက်နေရခြင်းလည်း ဖြစ်ပါတယ်။ နယူးယော့ခ်တက္ကသိုလ်မှ ဒေါက်တာ Jiyoung Ahn ကတော့ -

Oesophageal Cancer က အသက်အန္တရာယ်ကို ထိခိုက်မှုများပြားစေတာကြောင့် ဒီကင်ဆာကို ကာကွယ်ပေးနိုင်မယ့် နည်းလမ်းတွေကို အဆောတလျင် ရှာဖွေတွေ့ရှိဖို့ လိုအပ်နေပါတယ်၊ စောစီးစွာ ကာကွယ်နိုင်ဖို့လည်း အရေးကြီးပါတယ်" လို့ Oesophageal ကင်ဆာရဲ့ အန္တရာယ်ကို ပြောပြခဲ့ပါတယ်။ လူဦးရေ တစ်သိန်းကျော်ပါဝင်တဲ့ စမ်းသပ်လေ့လာမှုမှာဆိုရင်တော့ ပါးစပ်ပုံမှန်မဆေးတဲ့သူ၊ သွားပုံမှန်မတိုက်တဲ့သူ ၁၀၆ ဦးဟာ Oesophageal Cancer ဖြစ်ပွားနိုင်ချေ တွေ့ရှိခဲ့ပါတယ်။

play

 

ပါမောက္ခ Jiyoung Ahn ကတော့ ခံတွင်းကျန်းမာရေး ဂရုစိုက်သူတွေ၊ သွားပုံမှန်တိုက်လေ့ရှိသူတွေအတွက်တော့ ဒီကင်ဆာရောဂါဖြစ်ပွားနိုင်ချေ မရှိဘူးလို့ အတည်ပြုခဲ့ပြီး ဒီကင်ဆာကို ကာကွယ်ဖို့အတွက်ဆိုရင်တော့ ခံတွင်းကျန်းမာရေးနဲ့ သွားကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ ကင်ဆာရောဂါ သုတေသန ပြုလုပ်တဲ့အဖွဲ့ကြီးက ဦးဆောင်ပြီးတော့ ယခု စစ်တမ်းကို ထုတ်ပြန်ခဲ့တာဖြစ်ပြီး ခံတွင်းသန့်ရှင်းရေးကို ဂရုစိုက်ဖို့နဲ့ ပုံမှန်သွားတိုက်ပေးဖို့လည်း သူတို့က လှုံ့ဆော်ခဲ့ပါတယ်။

Source : express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD