AD
AD
AD

ကမ္ဘာ့မျက်နှာပြင်ရဲ့ (၇၁) ရာခိုင်နှုန်းကို ရေမျက်နှာပြင်တွေနဲ့ ဖုံးလွှမ်းနေပြီး ရေဟာသက်ရှိဖြစ်ထွန်းရေးမှာ မရှိမဖြစ်နေရာက ပါဝင်ပါတယ်။ အာကာသထဲမှာ သက်ရှိရှိနိုင်တဲ့ ဂြိုဟ်တွေကို ရှာဖွေရာမှာလည်း ရေရှိမရှိ အရင်ဆုံး ရှာဖွေကြတာပါ။ ဘာလို့လဲဆိုတော့ ရေရှိရင် သက်ရှိရှိနိုင်လို့ပါပဲ။

play

 

လူတွေက ထမင်းစားဖို့မေ့ချင်မေ့မယ်။ ရေသောက်ဖို့ကိုတော့ မေ့လျော့မှာမဟုတ်ပါဘူး။ ဒါပေမယ့် လူတွေဟာ ရေသောက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို မသိဘဲ ရေသောက်နေကြတာပါ။ မနက်မိုးလင်းတာနဲ့ ဘာမှမစားသေးဘဲ ရေတစ်ခွက်အရင် သောက်ပေးမယ်ဆိုရင် အောက်ပါအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၁။ ဇီဝကမ္မလုပ်ဆောင်မှုတွေကို ပိုမိုမြန်ဆန်စေတယ်

play
 

ဘာမှမစားရသေးခင်မှာ ရေတစ်ခွက်အရင်သောက်လိုက်ခြင်းက ခန္ဓာကိုယ်ထဲမှာ ဇီဝကမ္မလုပ်ဆောင်မှုနှုန်းကို (၂၅) ရာခိုင်နှုန်းထိ မြင့်တက်လာစေနိုင်ပါတယ်။ အဲဒီလို ဇီဝကမ္မလုပ်ဆောင်မှုတွေကို မြင့်တက်စေတာက အစာခြေနှုန်းကိုလည်း ပိုမိုမြန်ဆန်စေပြီး အချိန်ကြာလာတာနဲ့အမျှ ခန္ဓာကိုယ်လေးကို အဆီကျသွက်လက် ပေါ့ပါးစေပါတယ်။ အာဟာရဗေဒပညာရှင်တွေဟာ လူတစ်ယောက်ကို တစ်နေ့ကို အနည်းဆုံး ရေ (၄) ခွက်သောက်ဖို့ ညွှန်ကြားထားပါတယ်။

၂။ ကိုယ်ခံအားကို မြင့်တက်စေတယ်

play
 

ရေဓာတ်ပြည့်ဝခြင်းဟာ ကျွန်တော်ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကျန်းမာကြံ့ခိုင်ရေးအတွက် အရေးပါတာကိုတော့ သတိပြုမိပြီး ဖြစ်မှာပါ။ ဒါတင်မကသေးပါဘူး။ ရေဓာတ်ဟာ ခန္ဓာကိုယ်ထဲက အရည်တွေ မျှခြေရှိနေစေဖို့အတွက်လည်း အကူအညီပေးနိုင်ပါတယ်။ ဒါကြောင့် မနက်မိုးလင်းတိုင်း ဘာမှမစားရသေးခင် ရေတစ်ခွက်သောက်လိုက်ခြင်းဟာ ကိုယ်ခံအားစနစ်ကိုလည်း ပိုမိုတိုးတက်စေပါတယ်။ ကိုယ်ခံအားကောင်းနေရင် ပြင်ပက ရောဂါပိုးမွှားတွေလည်း ခန္ဓာကိုယ်ထဲကို အလွယ်တကူ မဝင်နိုင်တော့ဘူးပေါ့။

၃။ အစာအိမ်အူလမ်းကြောင်းကို ရှင်းလင်းပေးမယ်

play
 

ညတုန်းက ဘူဖေးဟော့ပေါ့တွေ အဝကြိတ်လာမိတယ်ဆိုရင် မနက်အိမ်သာတက်ပြီးတာတောင် အစာအိမ်အူလမ်းကြောင်းထဲမှာ အစာအကြွင်းအကျန်တွေ ကျန်ရှိနိုင်ပါတယ်။ ဒါကြောင့် ဘာမှမစားခင် ရေသောက်ပေးမယ်ဆိုရင် အစာအိမ်အူလမ်းကြောင်းကို ရှင်းလင်းပေးတာနဲ့လည်း တူပါတယ်။ ဒါ့အပြင် ရေဟာချောဆီလိုမျိုး လုပ်ဆောင်ပေးတဲ့အတွက် နောက်လာမယ့် အစာတွေ အစာခြေလမ်းကြောင်းတလျှောက် အဆင်ပြေချောမွေ့စွာ ရွေ့လျားနိုင်ဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

၎။ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်

သေးပေါက်တယ်ဆိုတာ တကယ်တော့ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို အရည်ပုံစံနဲ့ ခန္ဓာကိုယ်အပြင်ကို ထုတ်ပေးတာပါ။ ဒါကြောင့် ရေများများသောက်လေလေ၊ ဆီးများများသွားလေဖြစ်ပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုလည်း များများရှင်းပြီးသားဖြစ်တာပေါ့။

ဒီလိုနည်းနဲ့ပဲ ဘာ detox ဖျော်ရည်မှ မလိုဘဲ ကိုယ်တွင်းအဆိပ်အတောက်တွေကို ရှင်းလင်းနိုင်ပါတယ်။ ဒါကြောင့်လည်း ကျန်းမာရေးဆိုရိုးတစ်ခုရှိလာတာပေါ့။ "ရေဟာ အကောင်းဆုံး detox ဖျော်ရည်တစ်မျိုး ဖြစ်သည်" တဲ့။

၅။ ခေါင်းကိုက်ခြင်းကို တားဆီးနိုင်တယ်

play
 

လူတွေမကြာခဏ ခေါင်းမူးခေါင်းကိုက်ရတာက ခန္ဓာကိုယ်ထဲမှာ ရေဓာတ်လုံလောက်စွာ မရှိလို့ပါပဲ။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ ခေါင်းကိုက်ရောဂါနဲ့ တခြားအာရုံကြောနဲ့ဆိုင်တဲ့ ရောဂါတွေရဲ့ အစဖြစ်ပြီး ရေဓာတ်အရမ်း ခမ်းခြောက်လွန်းတဲ့အခါ ဦးနှောက်ထဲမှာ အောက်ဆီဂျင်ပြတ်တောက်ပြီး ဦးနှောက်အန္တရာယ် ရှိစေနိုင်ပါတယ်။

ဒါကြောင့် ခေါင်းမူးခေါင်းကိုက်သလို ခံစားရတာနဲ့ ရေအမြန်သောက်ပေးသင့်ပါတယ်။ မနက်မိုးလင်းတာနဲ့ ရေသောက်ထားမယ် ဆိုရင်တော့ ခေါင်းကိုက်ခြင်းကို ကာကွယ်ပြီးသား ဖြစ်တာပေါ့။

Source: Stylecraze

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD