AD
AD
AD

ကယ်လီဖိုးနီးယားမှ တက္ကသိုလ်ကျောင်းသားကျောင်းသူများ၏ လေ့လာမှုများအရဆိုရင် ပရိုတင်းဓာတ်(အသားဓာတ်) လွန်ကဲစွာ စားသုံးခြင်းဟာ ကင်ဆာရောဂါဖြစ်လာနိုင်ချေကို မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။ အထူးသဖြင့် သက်လတ်ပိုင်း အရွယ်တွေမှာ ဆိုရင် ပိုပြီးတော့ စိုးရိမ်ဖွယ်ရာကောင်းတယ်လို့ သူတိုရဲ့လေ့လာမှုများအပြီး အစီရင်ခံမှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးဟာ သက်ကြီးပိုင်းအရွယ်တွေကို ထိခိုက်နိုင်မှုမရှိနိုင်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် သြစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်မှ ကျောင်းသားကျောင်းသူများကလည်း ပရိုတင်းဓာတ် နဲ့ ကာဘိုဟိုက်ဒြိတ်တို့ အကြောင်းကို ကြွက်များနှင့် သုတေသန ပြုလုပ်ခဲ့ပြီးတော့ ပရိုတင်းဓာတ်နည်းပါးခြင်း နဲ့ ကာဘိုဟိုက်ဒြိတ် မြင့်မားခြင်းက အကျိုးကျေးဇူးများကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါသေးတယ်။

play

 

ကယ်လီဖိုးနီးယား တက္ကသိုလ်မှ ပြုလုပ်လေ့လာခဲ့တဲ့ အမေရိကန်မှာ လူပေါင်း ၆၈၀၀ ကျော်ကို သုတေသနပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုမှာဆိုရင်တော့ အသက် ၅၀နှင့်အထက် လူတွေဟာ တစ်နေ့ကို ပရိုတင်းဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအသောက်တွေကို လေးကြိမ်ထက်မနည်း စားသုံးကြောင်း သိရှိခဲ့ရပြီး တစ်နေ့ကို နှစ်ကြိမ်မျှသာ စားသုံးသူတွေထက်ပိုပြီးတော့ ကင်ဆာရောဂါ ဖြစ်ပွားနိုင်ချေနဲ့ သေဆုံးနိုင်ချေ မြင့်မားနေကြောင်း လေ့လာတွေရှိခဲ့ရပါတယ်။ ဒါပေမယ့်လည်း အသက် ၆၅ နှစ်နှင့်အထက် လူကြီးတွေမှာဆိုရင်တော့ ပရိုတင်းကြွယ်ဝစွာ စားသုံးမှုဟာ ကင်ဆာဖြစ်နိုင်ချေကို ၆၀ရာခိုင်နှုန်းထိ လျှော့ချ ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပြီး ကင်ဆာကြောင့် သေဆုံးမှုကို ၂၈ ရာခိုင်နှုန်း လျော့ချပေးနိုင်ကြောင်း စစ်တမ်းမှာ ဖော်ပြခဲ့ပါတယ်။

play

 

ဆစ်ဒနီတက္ကသိုလ်က ကြွက်တွေကို လေ့လာတွေ့ရှိချက် စစ်တမ်းမှာတော့ ပရိုတင်းဓာတ်ကြွယ်ဝမှု နဲ့ ကာဘိုဟိုက်ဒြိတ် နိမ့်ပါးခြင်းဟာ  အစာစားချင်စိတ်ကို လျော့ကျစေပြီးတော့ ခန္ဓာကိုယ်အ၀လွန်မှုကိုလည်း လျှော့ချပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပေမယ့် cardiometabolic ကြောင့် စောစီးစွာ သေဆုံးနိုင်ချေရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒီ သုတေသနမှာဆိုရင် ဆိုးကျိုးကောင်းကျိုး နှစ်ခု ရောယှက်နေပြီးတော့ ပရိုတင်းနည်းပါးခြင်းကြောင့်လည်း သက်တမ်းတိုတောင်းမှုကို ဖြစ်စေနိုင်ကြောင်း သူတို့ တွေ့ရှိခဲ့ပါတယ်။ ကာဘိုဟိုက်ဒြိတ် ဓာတ်ကြွယ်ဝတဲ့ ကြွက်တွေမှာဆိုရင် သက်တမ်းရှည်ကြာစွာ နေထိုင်နိုင်ပြီးတော့ ပရိုတင်းနည်းပါးမှု၊ အစာကို လောဘတကြီးစားသုံးမှုကြောင့် အ၀လွန်လာမှုရှိတဲ့ ကြွက်တွေအတွက်တော့ အန္တရာယ်ရှိကြောင်း သိရပါတယ်။ လေ့လာမှုကို ဦးဆောင်ခဲ့တဲ့ ပါမောက္ခ Simpson က " ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကယ်လိုရီတွေဟာ ဘာတွေကို စားသုံးမှုကြောင့် ရရှိလာလဲဆိုတာကို ကျွန်တော်တို့ လေ့လာဖို့ လိုအပ်နေပါတယ်။ ဒီ သုတေသနမှာဆိုရင် ဘယ်လိုအစားအသောက်တွေကို စားသုံးခြင်းက ကျွန်တော်တို့အပေါ် ကြီးစွာသော အကျိုးသက်ရောက်မှု ရှိနိုင်လဲဆိုတာကို လေ့လာခဲ့တာဖြစ်ပြီးတော့ အ၀လွန်မှု၊ နှလုံးကျန်းမာရေး နဲ့ metabolic နဲ့ ပတ်သက်ပြီးတော့လည်း အကျုံးဝင်ပါတယ်" လို့ သူတို့ သုတေသနအကြောင်းကို ရှင်းပြခဲ့ပါသေးတယ်။

play

ကယ်လီဖိုးနီးယားတောင်ပိုင်းမှ တက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခဖြစ်သူ Longo ကတော့ " ဇီဝဖြစ်စဉ်တွေ၊ ကြွက်နဲ့ လူသားတွေကို ကျွန်တော်တို့ လေ့လာခဲ့ပြီးပါပြီ။ ဒီလေ့လာမှုတွေအပြီးမှာဆိုရင် ပရိုတင်းဓာတ် လွန်ကဲစွာ စားသုံးနေခြင်းဟာ ဆေးလိပ်သောက်သုံးခြင်းလိုပဲ ကျန်းမာရေးကို လွန်မင်းစွာ ထိခိုက်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။ အထူးသဖြင့် သက်လတ်ပိုင်းအရွယ်တွေဆိုရင် ပိုပြီးတော့ ဆိုးရွားစေပါတယ်" လို့ ပြောခဲ့ပါတယ်။

play

 

သုတေသနဖြစ်စဉ် (၂) ခုစလုံးမှာဆိုရင် လေ့လာတွေ့ရှိချက်တွေဟာ အများစုတူညီမှုရှိခဲ့ပြီးတော့ သက်ရှိတွေရဲ့ ဇီဝကမ္မဖြစ်စဉ်၊ စားသောက်မှုပုံစံတွေကို အဓိကထား လေ့လာခဲ့တာဖြစ်ပြီး ခိုင်မာတိကျတဲ့ သက်သေတွေကိုလည်း ရရှိခဲ့ကြောင်း သိရပါတယ်။

Source : Medicalnewstoday

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD