"ကံ၊ စိတ်၊ ဥတု၊ အာဟာရ" ဆိုတဲ့စကားလည်းရှိပါတယ်။ လူတစ်ယောက်ကျန်းမာနေစေဖို့အတွက် အဲဒီလေးမျိုးစလုံး ညီညွတ်မျှတနေဖို့ လိုပါတယ်။ နွေမှာလည်း နွေအလိုက်၊ မိုးမှာလည်း မိုးအလိုက်၊ ဆောင်းမှာလည်း ဆောင်းအလိုက် ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ ဆောင်းရာသီရောက်ပြီဆိုရင် ခန္ဓာကိုယ်မှာ သူ့နည်းသူ့ဟန်နဲ့ တုံ့ပြန်မှုလေးတွေလည်း ရှိနိုင်ပါတယ်။ အဲဒါတွေကတော့...

၁။ ကြက်သီးထမယ်

play
 

ကြက်သီးထတယ်ဆိုတာ တကယ်တော့ ဆောင်းရာသီအအေးဒဏ်ကို ကာကွယ်ဖို့ ခန္ဓာကိုယ်က တန်ပြန်ကာကွယ်တဲ့ ကာကွယ်ရေး စနစ်တစ်မျိုးပဲဖြစ်ပါတယ်။ ကြောက်လန့်နေချိန်နဲ့ စိတ်လှုပ်ရှားနေချိန်မှာလည်း ကြက်သီးထတတ်ပါတယ်။ ချမ်းအေးတဲ့အချိန်မှာ ကြက်သီးထတာကတော့ အများဆုံးပါပဲ။ ထောင်ထလာတဲ့အမွှေးတွေနဲ့ အရေပြားအောက်က ဆဲလ်တွေက လူ့ခန္ဓာကိုယ်ကို အအေးဒဏ်မှ အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်သလို အအေးဒဏ်ကာကွယ်ဖို့ အဝတ်အစားတွေကို ဝတ်ဖို့ကိုလည်း တိုက်တွန်းအသိပေးတဲ့ သဘောပါပဲ။

၂။ လက်ချောင်းတွေတွန့်မယ်

play

ဆောင်းရာသီမှာ မြစ်တွေချောင်းတွေမှာ ရေစီးရေလာနှေးကွေးသလိုပါပဲ။ ဆောင်းတွင်းမှာ ကိုယ်တွင်းသွေးစီးဆင်းနှုန်းဟာ နွေရာသီထက်စာရင် အများကြီးနှေးကွေးပါတယ်။ သွေးလည်ပတ်မှု နှေးကွေးတဲ့အခါ ပြင်ပအအေးဒဏ်နဲ့ ကြုံတွေ့ရချိန်မှာ ခန္ဓာကိုယ်မှ တုံ့ပြန်မှုလေးတွေ ပေါ်ပေါက်လာပါတယ်။ အဲဒီတုံ့ပြန်မှုတွေထဲက တစ်ခုကတော့ လက်ချောင်းတွန့်ခြင်း (အရပ်အခေါ် ပဲကြီးရေခွံထခြင်း) ပါပဲ။ ကိုယ့်လက်ချောင်းကိုယ် ငုံ့ကြည့်လိုက်လို့ တွန့်ရှုံ့နေပြီဆိုရင် ဆောင်းဝင်ပြီလို့ သိနိုင်ပါတယ်။

၃။ ကြွက်တက်ခြင်း

play
 

ဆောင်းတွင်းမှာစောင်ခြုံပြီး ကွေးနေတုန်း ကြွက်ထတက်လို့ လန့်နိုးဖူးပါသလား။ သွေးလည်ပတ်မှု နှေးကွေးခြင်းက ခြေထောက်ကြွက်သားတွေကို ကြုံ့ခြင်း၊ ဆွဲခြင်းကိုဖြစ်စေပြီး ကြွက်တက်ခြင်းဆီ ဦးတည်စေနိုင်ပါတယ်။ ကြွက်တက်ခြင်းက ခံရခက်ပြီး နာကျင်မှုဝေဒနာက ဆိုးရွားပါတယ်။ ဆောင်းတွင်းပိုင်းမှာ ကြွက်တက်တတ်တယ်ဆိုရင်တော့ အိမ်ထဲမှာပဲ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပေးသင့်ပါတယ်။

၎။ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်

play
 

လူတော်တော်များများက တစ်နှစ်တာပတ်လုံးက တခြားရာသီတွေထက် ဆောင်းရာသီမှာ ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေနိုင်မှန်း မသိကြသေးပါဘူး။ ဒါက သိပ္ပံနည်းကျ တွေ့ရှိချက်တစ်ခုပါ။ ဘာလို့လဲဆိုတော့ ပြင်ပအအေးဒဏ်ကို တိုက်ဖျက်ဖို့အတွက် ခန္ဓာကိုယ်မှာ စွမ်းအင်အများကြီးကို အသုံးပြုရလို့ပါပဲ။

၅။ စိတ်ဓာတ်ကျမယ်

play
 

နည်းနည်းတော့ ထူးဆန်းချင်ထူးဆန်းနေပါလိမ့်မယ်။ ဒါပေမယ့် စိတ်ပညာရှင်တွေရဲ့အဆိုအရ လူတစ်ယောက်ဟာ ဆောင်းတွင်းမှာပိုပြီး စိတ်ဓာတ်ကျလွယ်ပါသတဲ့။ ဆောင်းတွင်းပိုင်းမှာ နေ့တာတိုပြီး ညတာရှည်တဲ့အတွက် စိတ်ခံစားမှု အတက်အကျကလည်း များနေနိုင်ပါတယ်။ ညနေ (၅) နာရီဝန်းကျင်လောက်ဆို ဝရန်တာဘက်ထွက်ပြီး အဖီးလ်သီချင်းလေးတွေနဲ့ ထိုင်ဖီးလ်လို့ရတာပေါ့။ နောက်တစ်ခုက ဆောင်းတွင်းမှာ ဗိုက်တာမင်ဒီနည်းပါးမှုကြောင့် စိတ်ဓာတ်ကျခြင်း ဖြစ်ရတာပါ။

Source: Youngisthan

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video