AD
AD
AD

ကိုယ်ဝန်မရအောင် ထိန်းချုပ်တဲ့ သန္ဓေတားနည်းတွေဟာ အမျိုးသမီးတွေကို ရင်သားကင်ဆာဖြစ်နိုင်ခြေ ၃၈ % မြင့်တက်လာစေတယ်လို့ သိရပါတယ်။ သန္ဓေတားနည်း အသုံးပြုမှု အချိန်ကြာမြင့်မှုပေါ် မူတည်ပြီး ရင်သားကင်ဆာဖြစ်နိုင်ခြေ မြင့်တက်လာမှာဖြစ်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဆိုပါတယ်။

play

 

အဆိုပါ အန္တရာယ်ဟာ ဟော်မုန်းဆိုင်ရာ သန္ဓေတားနည်းအားလုံးနဲ့ ဆက်နွှယ်နေပါတယ်။ သန္ဓေတားနည်းကို တစ်ကြိမ်တစ်ခါမှ မသုံးဖူးတဲ့ အမျိုးသမီးတွေနဲ့ယှဉ်ရင် သောက်ဆေး၊ ထိုးဆေး သို့မဟုတ် IUD တို့လို သန္ဓေတားနည်းတွေ သုံးတဲ့ အမျိုးသမီးတွေဟာ ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေ ပိုများနေတာ တွေ့ရပါတယ်။

play

 

လေ့လာမှုကိုတော့ Copenhagen တက္ကသိုလ်က သုတေသီတွေက ဒိန်းမတ်ရှိ အသက် ၅၀ နှစ်အောက် အမျိုးသမီး ၁.၈ သန်းရဲ့ အချက်အလက်တွေကို ခွဲခြမ်းစိတ်ဖြာပြီး ပြုလုပ်ခဲ့ကြတာပါ။ ပျှမ်းမျှအားဖြင့် အမျိုးသမီးတွေရဲ့ အချက်အလက်ကို ၁၁ နှစ် နီးပါးထိ ခြေရာခံ လေ့လာခဲ့ကြပါတယ်။

play

 

သန္ဓေတားခြင်းကို ဟော်မုန်းထိန်းချုပ်နည်းနဲ့ အသုံးပြုတဲ့အမျိုးသမီးတိုင်းဟာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ၂၀ % စီ ရှိနေကြပါတယ်။ အချိန်အားဖြင့် တစ်နှစ်အောက် အသုံးပြုခဲ့သူတွေက ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ၉% တိုးလာနိုင်ပြီး ၁၀ နှစ်ကျော် အသုံးပြုလာတဲ့ အမျိုးသမီးတွေမှာဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ခြေ ၃၈% အထိ မြင့်တက်လာတယ်လို့ သုတေသီတွေက ဆိုပါတယ်။

Source : CNN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD