ညအိပ်မရတဲ့ ဒုက္ခကလည်း သေးတော့မသေးပါဘူး။ နောက်တစ်နေ့မနက် အလုပ်တွေတပုံကြီး ရှိသေးတာသိပေမယ့် မျက်စိကြောင်နေပြီး အိပ်မရရင် နောက်တစ်နေ့ကျရင် ကိုယ်ပဲဒုက္ခရောက်ရတာပါ။ အိပ်ပျော်အောင်ဆိုပြီး ဆေးတွေသောက် ပေမယ့်လည်း အလုပ်မဖြစ်ဘူးဆိုရင်တော့ အောက်ပါနည်းလမ်းလေးတွေကို စမ်းကြည့်သင့်ပါတယ်။

၁။ ကဖင်းဓာတ်နဲ့ သကြားကိုရှောင်ပါ

play
 

အားလုံးသိထားတဲ့အတိုင်းပဲ ကော်ဖီနဲ့ အားဖြည့်အချိုရည်တွေမှာပါဝင်တဲ့ ကဖင်းဓာတ်ဟာ လူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို ကောင်းကောင်းအနှောင့်အယှက်ပေးနိုင်သလို အိပ်ရေးမဝသလို ဖြစ်နေရင်လည်း အာရုံကြောတွေကို နှိုးဆွပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ကအိပ်ရေးပျက်တတ်တယ်ဆိုရင် ညစာစားပြီးတာနဲ့ ကော်ဖီနဲ့ အားဖြည့်အချိုရည်တွေလို ကဖင်းဓာတ်ပါဝင်မှု များပြားတဲ့ သောက်စရာတွေကို ရှောင်ရှားသင့်ပါတယ်။

၂။ နွားနို့ပူပူတစ်ခွက်သောက်ပါ

play
 

နွားနို့ထဲမှာ tryptophan ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီး အဲဒီဓာတ်က ခန္ဓာကိုယ်ထဲမှာ အိပ်စက်ခြင်းကို လှုံ့ဆော်ပေးပါတယ်။ နွားနို့ပူပူတစ်ခွက်ထဲမှာ ဇာတိပ္ဖိုလ်သီးအမှုန့် (လက်ဖက်ရည်ဇွန်းနဲ့ လေးပုံတစ်ပုံခန့်) ကိုထည့်ပြီး ညအိပ်ယာဝင်ခါနီးတိုင်း သောက်ပေးမယ်ဆိုရင် ကောင်းမွန်စွာ အိပ်ပျော်နိုင်စေမှာပါ။

၃။ ဦးရေပြားကို နှိပ်နယ်ပေးပါ

play
 

အာရုံကြောတွေကို ပျော့ပြောင်းစေပြီး အိပ်စက်ခြင်းကိုအားပေးတဲ့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ဦးရေပြားကို အုန်းဆီရွှဲနေအောင်လိမ်းပြီး လက်ချောင်းလေးတွေနဲ့ နှိပ်နယ်ပေးတာပါပဲ။ အထူးသဖြင့် ငယ်ထိပ်နဲ့ နောက်ထိပ်ကို သေချာနှိပ်နယ်ပေးသင့်ပါတယ်။ အာရုံကြောတွေကို တင်းမာနေခြင်းမရှိတော့ အိပ်ရတာလည်း ပိုပြီးအဆင်ပြေစေမှာပါ။

၎။ လျှပ်စစ်ပစ္စည်းတွေကို ပိတ်ထားပါ

play
 

မိုဘိုင်းဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ကွန်ပျူတာ အစရှိတဲ့ လျှပ်စစ်ပစ္စည်းတွေဟာ လျှပ်စစ်သံလိုက်လှိုင်းတွေကို ထုတ်လွှင့်နိုင်ပြီး အဲဒီလှိုင်းတွေက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ နောက်ပြီး အဲဒီလျှပ်စစ်ပစ္စည်းတွေထဲကထွက်တဲ့ အပြာရောင်အလင်း (blue light) ဟာ မျက်စိကြောင်စေနိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင် တစ်နာရီအလိုမှာ လျှပ်စစ်ပစ္စည်းတွေကို အိပ်ယာနဲ့ဝေးဝေးမှာထားပြီး ပိတ်ထားသင့်ပါတယ်။

၅။ တရားထိုင်ကြည့်ပါ

play
 

တရားထိုင်ခြင်းကရတဲ့ အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။ တကယ်တမ်းကျတော့ တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်ကျန်းမာရေးကိုရော၊ စိတ်ကျန်းမာရေးကိုပါ ပေးစွမ်းနိုင်ပါတယ်။ အိပ်ယာမဝင်ခင် (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် အချိန်ပေးပြီး တရားထိုင်ကြည့်ပါ။ သမာဓိပိုမိုကောင်းမွန်လာပြီး အိပ်ရတာလည်း ပိုပြီးအဆင်ပြေလာပါလိမ့်မယ်။

Source:m stylecraze

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video