ဘာလိုလိုနဲ့ ၂၀၁၇ ခုနှစ်တောင် ကုန်တော့မယ်နော်။ ၂၀၁၇ ခုနှစ်ကုန်ခါနီးမှာ တစ်နှစ်စာ yearly review တွေ၊ နှစ်စဉ်ရှင်းတမ်းတွေ ထုတ်ကြတာက ထုံးစံပါပဲ။ ခေတ်သစ်ဆေးပညာတိုးတက်မှုတွေက ကမ္ဘာကိုနှစ်ပေါင်းများစွာ ခြောက်လှန့်နေတဲ့ ရောဂါဆိုးတွေကို အဆုံးသတ်နိုင်မယ့် နည်းလမ်းသစ်တွေကို နှစ်စဉ်တွေ့ရှိနေစေပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ ၂၀၁၇ ခုနှစ်အတွင်းမှာ ခေတ်သစ်ဆေးပညာလောကအတွက် အကျိုးရှိစေမယ့်၊ ရောဂါဝေဒနာရှင် တွေအတွက် ဝမ်းသာစရာ ဆေးဘက်ဆိုင်ရာ ရှာဖွေတွေ့ရှိချက်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ အိပ်ရေးပျက်ရောဂါ ထိန်းချုပ်ရေးအတွက် ခြေလှမ်းသစ်

play
 

အမေရိကန်နိုင်ငံမှာတော့ အရွယ်ရောက်ပြီးသား လူ (၃) ယောက်မှာ (၁) ယောက်ဟာ အစားလွန်ခြင်း၊ အဝလွန်ခြင်း၊ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ရုံးတွင်းပြဿနာတွေကြောင့် ညဘက်မှာ အိပ်ရခက်တဲ့ ရောဂါကို ခံစားနေကြရပါတယ်။ တကယ်တော့ အိပ်ရေးပျက်ရောဂါဟာ ခန္ဓာကိုယ်တွင်းက ဇီဝနာရီနဲ့ ဆက်စပ်နေပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ သိပ္ပံပညာရှင်တွေဟာ ကျွန်တော်တို့နဲ့ နေ့စဉ်ဇီဝလုပ်ငန်း စည်းချက်တွေကို ထိန်းချုပ်နိုင်တဲ့ ဗီဇမျိုးစေ့တစ်ခုနဲ့ အဲဒီဗီဇမျိုးစေ့အလုပ်လုပ်အောင် ထိန်းချုပ်ပေးနိုင်တဲ့ လုပ်ဆောင်မှုတစ်ခုကို တွေ့ရှိထားပါတယ်။ အဲဒီတွေ့ရှိချက်တွေပေါ် အခြေခံပြီး အိပ်စက်ခြင်းနဲ့ အိပ်ရေးပျက်ရောဂါကို ထိရောက်မှုရှိရှိ ကိုင်တွယ်ဖို့နည်းလမ်းကို ရှာတွေ့လိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

၂။ အသည်းရောင်အသားဝါ စီပိုးရောဂါပျောက်ဆေး

play
 

အသည်းရောင်အသားဝါရောဂါဟာလည်း ကြောက်မက်ဖွယ်ရောဂါတစ်မျိုြးုဖစ်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့အဆိုအရ လူဦးရေ (၇၁) သန်းခန့် စီပိုးကူးစက်ခံထားရပါတယ်။ နှစ်စဉ် လူဦးရေ လေးသိန်းခန့်မှာလည်း စီပိုးကူးစက်ခံနေရဆဲဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် သြဂုတ်လမှာတော့ Mavyret လို့ခေါ်တဲ့ ဆေးဝါးသစ်တစ်မျိုးကို အမေရိကန်နိုင်ငံမှာ စတင်ဖြန့်ချီရောင်းချခဲ့ပါတယ်။

အဲဒီဆေးဝါးသစ်ဟာ ရှစ်ပတ်တိတိ သောက်ရမှာဖြစ်ပြီး အသည်းရွတ်ရောဂါတို့၊ ကျောက်ကပ်ရောဂါတို့ ရှိနေရင်လည်း သောက်သုံးနိုင်ပါတယ်။ ဒီဆေးဟာ အသည်းရောင်အသားဝါ စီပိုးဝေဒနာရှင်တွေအတွက်တော့ သတင်းကောင်းတစ်ခုလို့ ဆိုနိုင်ပါတယ်။

၃။ ရင်သားကင်ဆာကုသဆေး

play
 

ပြီးခဲ့တဲ့နှစ်ပိုင်းတုန်းက အင်္ဂလန်နိုင်ငံက သုတေသီတွေဟာ ကင်ဆာကုသဆေးနှစ်မျိုးဖြစ်တဲ့ Herceptin နဲ့ Tyverb တို့ကို ပေါင်းစည်းပြီး ရင်ဆာကင်ဆာကြောင့်ဖြစ်တတ်တဲ့ အသားပိုတွေကို သိသိသာသာကြီး ဖယ်ရှားနိုင်တာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာ FDA ဟာ ရင်သားကင်ဆာရောဂါသည်တွေအတွက် Nerlynx ဆိုတဲ့ ဆေးဝါးသစ်တစ်မျိုးကို ထုတ်လုပ်ရောင်းချခွင့် ပြုခဲ့ပါတယ်။ အဲဒီဆေးဝါးသစ်ဟာ ကင်ဆာဆဲလ်တွေကို သိသိသာသာကြီး ဖယ်ရှားနိုင်တာကို တွေ့ရှိရပါတယ်။

HER2-positive ရင်သားကင်ဆာဆဲလ်တွေဟာ ခန္ဓာကိုယ်တခြားနေရာတွေကိုပါ ပျံ့နှံ့သွားနိုင်တဲ့ အသားပိုဆဲလ်တွေဖြစ်ပြီး အမျိုသမီးတွေအတွက်တော့ ကြောက်မက်ဖွယ်ဝေဒနာတစ်ခုပါ။ ဒါကြောင့် ဒီဆေးဝါးသစ်ပေါ်ပေါက်လာခြင်းဟာ ရင်သားကင်ဆာဝေဒနာရှင်တွေအတွက်တော့ ရွေးချယ်စရာသစ်တစ်ခု ပေါ်ပေါက်လာတာပါပဲ။

၎။ သွေးကင်ဆာကုထုံးသစ်

play
 

အမေရိကန်နိုင်ငံက ကလေးတွေမှာအဖြစ်အများဆုံးရောဂါတစ်ခုကတော့ သွေးကင်ဆာရောဂါပါပဲ။ သွေးကင်ဆာရောဂါဟာ နှစ်စဉ် ကမ္ဘာတဝှမ်းလုံးက ကလေးငယ် (၃၀၀၀) ဝန်းကျင်ကို ချိန်းခြောက်နေပါတယ်။ အခုအချိန်မှာတော့ ကလေးတွေအတွက် သွေးကင်ဆာရောဂါကို ကုသပေးနိုင်မယ့် ဆေးဝါးကုသနည်း အသစ်တစ်မျိုးက လက်တကမ်းအကွာကို ရောက်နေပါပြီ။ အဲဒါကတော့ CAR T -Cell therapy ဆိုတဲ့ ကုသနည်းဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို မြှင့်တင်ပြီး ကင်ဆာဆဲလ်တွေကို တိုက်ခိုက်အောင် ထိန်းကြောင်းပေးနိုင်ပါတယ်။

၅။ HIV/AIDS အမြစ်ပြတ်အောင် ကုသနည်း

play
 

လက်ရှိ HIV ကုသဆေးနည်းတွေက ဝေဒနာရှင်တွေကို အသက်ပိုရှည်အောင်၊ ပိုကျန်းမာအောင် ထိန်းထားပေးနိုင်တယ်ဆိုပေမယ့် အမြစ်ပြတ်အောင်တော့ ကုသနိုင်ခြင်းမရှိသေးပါဘူး။ နောက်ဆုံးပေါ်သုတေသနတစ်ခုကတော့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေတဲ့ HIV ဗိုင်းရပ်စ်ပိုးတွေကို ရှာဖွေပြီး သတ်ပစ်နိုင်မယ့်နည်းလမ်းကို ရှာဖွေနေတာပါ။ ကုသနည်းအရတော့ ခန္ဓာကိုယ်ထဲမှာ ပုန်းနေတဲ့ HIV ဗိုင်းရပ်စ်ပိုးကို နှိုးလိုက်ပြီး အရင်ဆုံးမျိုးပွားစေတာပါ။ ဒါမှသာ သူတို့ကို သတ်ပစ်လို့ရမှာပါ။

ဘာနဲ့တူလဲဆိုတော့ လူဆိုးတွေပုန်းနေတဲ့ အခန်းထဲကို မျက်ရည်ယိုဗုံး ပစ်ထည့်လိုက်သလိုပါပဲ။ သိပ္ပံပညာရှင်တွေကတော့ ဒီနည်းလမ်းးကို "Kick and kil" ကုသနည်းလို့ခေါ်ပါတယ်။ အခုအချိန်မှာတော့ ကုသနည်းကို ပိုမိုစိတ်ချရစေမယ့် နည်းလမ်းတွေကို ထပ်မံရှာဖွေနေဆဲဖြစ်ပြီး လူ့ခန္ဓာကိုယ်ပေါ်မှာ စမ်းသပ်နိုင်ဖို့ကတော့ လိုပါသေးတယ်။ အနာဂတ်မှာ HIV/ AIDS ရောဂါကို အမြစ်ပြတ်အောင် ကုသနိုင်တော့မယ့် အလားအလာပါပဲ။

Source: Reader's Digest

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video