" ကျွန်တော် မြင်ခဲ့ဖူးသမျှ အကျိတ်တွေထဲမှာတော့ Jake ရဲ့အကျိတ်က အကြီးဆုံးပဲ "

Jake Cohen လို့ခေါ်တဲ့ နယူးယော့ခ်မြို့မှာ နေထိုင်သူ အမျိုးသားတစ်ဦးဟာ ရင်ဘတ်နာကျင်မှုဝေဒနာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရမှာ တင်းနစ်ဘောလုံးအရွယ်ခန့်ရှိတဲ့ နှလုံးအကျိတ် ကို တွေ့ရှိခဲ့ပါတယ်။ ဒါဟာ ဆေးပညာသမိုင်းမှာ တွေ့ရှိခဲ့သမျှ တွေထက် ပိုမိုကြီးမားတဲ့ အရွယ်အစားဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တစ်ဦးကဆိုရင်တော့ သူ့အနေနဲ့ ဒီလောက်အရွယ်အစားရှိတဲ့ နှလုံးအကျိတ် ကို ပထမဦးဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကြောင်း ဖွင့်ဟခဲ့ပါသေးတယ်။

 

Jake ရဲ့ ပြောဆိုမှုအရဆိုရင်တော့ ရင်ဘတ်နာကျင်မှုခံစားရတဲ့ ဝေဒနာအပေါ်မှာ ဆရာဝန်တွေရဲ့ မှတ်ချက်ပြုမှုတွေက လွဲချော်ခဲ့ပြီးတော့ လွန်ခဲ့တဲ့ (၃) နှစ်ကဆိုရင် အသက်ဘေးအန္တရာယ်နဲ့ နီးစပ်တဲ့အထိကို ဝေဒနာ ခံစားခဲ့ရဖူးကြောင်း သိရပါတယ်။ တင်းနစ် ဘောလုံးအရွယ်အစားရှိတဲ့ အကျိတ်ဟာ Jake မွေးဖွားလာစဉ်ကလည်းက ရှိနေခဲ့ပြီးတော့ နေ့စဉ်နှင့်အမျှ ကြီးထွားလာတာမျိုး ဖြစ်နိုင်ကြောင်း ခွဲစိတ်မှုမှာ ပါဝင်ခဲ့တဲ့ ဆရာဝန်တွေက မှတ်ချက်ပြုကြပါတယ်။

 

" အားကစားသမားတစ်ယောက် မဖြစ်နိုင်ဘူးလို့ ကိုယ့်ကိုကိုယ် နားလည်မိပါတယ်၊ ပြီးတော့ ကျွန်တော် အချိန်အကြာကြီး ပြေးနိုင်တာမျိုးလည်း မလုပ်နိုင်ပါဘူး" လို့ သူ့ရဲ့ ရောဂါဝေဒနာရဲ့ အကျိုးဆက်ကို Jake က ပြောပြခဲ့ပါတယ်။ " ဆရာဝန်တွေကတော့ ကျွန်တော့်ရဲ့ နှလုံးမှာ အပူဓာတ်များပြားနေတာ ဒါမှမဟုတ်ရင်တော့ သွေးတိုးနေတာပဲ မှတ်ချက်ပြုကြတယ်" ဟု Jake က ထပ်ပြောသည်။

 

လွန်ခဲ့သည့် ခြောက်လခန့်က လေ့ကျင့်ခန်းအနည်းငယ် ပြုလုပ်အပြီးမှာတော့ Jake ဟာ အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရခဲ့ပြီးတော့ သွေးပေါင်ချိန်အလွန်အမင်းကျဆင်းခဲ့ရသည်။ အသက်အန္တရာယ်ဖြစ်စေလောက်သည်အထိ ခံစားနေရမှုကြောင့် အရေးပေါ်ခွဲစိတ်မှုကို  ခံယူခဲ့အပြီးတွင်တော့ သူ၏ နှလုံးနှင့်အနီးတွင် တင်းနစ်ဘောလုံးအရွယ်ခန့် ရှိနေပြီဖြစ်သည့် အကျိတ် ကို တွေ့ရှိခဲ့ရခြင်းလည်း ဖြစ်သည်။ " ကျွန်တော် မြင်ခဲ့ဖူးသမျှ အကျိတ် တွေထဲမှာတော့ Jake ရဲ့ အကျိတ် က အကြီးဆုံးပဲ" ဟု Dr.Yoshifumi Naka က ပြောခဲ့သည်။ " ဒီ အကျိတ် က အထဲမှာ ပိုပိုပြီးတော့ ကြီးကြီးလာနေတာ" ဟု သူက ထပ်ပြောခဲ့သေးသည်။

 

Jake တွင် တွေ့ရှိခဲ့သော အကျိတ် မျိုးမှာ ဖြစ်လေ့ဖြစ်ထရှိမှု နည်းပါးလွန်းပြီး လူ ၁၀၀၀ တွင်မှ တစ်ယောက်၊ လူတစ်သောင်းတွင်မှ တစ်ယောက် ဖြစ်တတ်လေ့ရှိသော အကျိတ် မျိုးလည်းဖြစ်သည်။ လူ့ခန္ဓာကိုယ်တွင် ဖြစ်တတ်သော အကျိတ်များရှိသော်လည်း နှလုံးအနီးတွင် ဖြစ်ပြီး ကြီးမားနေသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ဖြစ်ရပ်မျိုးလည်း ဖြစ်သည်။ Jake အတွက် ကံကောင်းသည်မှာ ကင်ဆာဖြစ်ပွားနိုင်သည့် အနေအထားမျိုး မဟုတ်ပဲ သာမန်ရိုးရိုး အကျိတ် မျိုး ဖြစ်ခဲ့ခြင်းဖြစ်သည်။ ခွဲစိတ်ကုသမှုအပြီးမှာတော့ လူသာမာန်တစ်ဦးကဲ့သို့ နေထိုင်ပြီး လေ့ကျင့်ခန်းများလည်း ပြုလုပ်နိုင်သည့်အတွက် ဝမ်းမြောက်မိကြောင်း Jake က ပြောခဲ့သေးသည်။ နောက်ထပ်တစ်ကြိမ် နှလုံးနဲ့ပတ်သက်သည့် အကျိတ် မျိုး Jake တွင် မဖြစ်နိုင်တော့ကြောင်းလည်း ခွဲစိတ်မှုတွင်ပါဝင်ခဲ့သည့် ဆရာဝန်များက ပြောခဲ့သည်။

 လူပေါင်း ၁၂၀၀၀ ပါဝင်သည့် လေ့လာမှုတစ်ခုတွင် ယခုကဲ့ဆို နှလုံးနဲ့သက်ဆိုင်သည့် အကျိတ် မျိုး ပါရှိသူ ဦးရေမှာ (၇) ဦးခန့်သာ ရှိကြောင်း  Dr. Thomas Cosola က ပြောကြားခဲ့ပြီး သူ၏ ဆရာဝန်ဘ၀ (၁၇) နှစ်အတွင်း ယခုလို အကျိတ် တွေ့ရှိခြင်းမှာ (၂) ကြိမ်သာ ရှိဖူးကြောင်း ဖွင့်ဟခဲ့သည်။

Jake Cohen ကတော့ သူ၏ ဖေ့ဘွတ်ခ်စာမျက်နှာပေါ်တွင် " ဒီနေ့ အရမ်းကို ပျော်ရွှင်ရပါတယ်၊ ချစ်ခြင်းမေတ္တာနဲ့အကြင်နာကရုဏာတွေရဲ့ အဓိပ္ပာယ်ကို ကျွန်တော်ပိုပြီးနားလည်လာပါပြီ" ဟု ရေးသားခဲ့သည်။

Source: Dailymail

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က