သြဇာသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေကိုတော့ သိသူနည်းပါးပါတယ်။

Sugar Apple (or) Sweet Sop လို့လဲ ခေါ်တဲ့ သြဇာသီးကိုတော့ လူတိုင်းစားဖူးကြမှာပါ။ ကလေးဘဝတုန်းကဆိုရင် သြဇာသီးအစေ့လေးတွေနဲ့ ဇယ်တောက်တမ်းတောင် ကစားခဲ့ကြတယ်လေ။ ဒါပေမယ့်လည်း သြဇာသီးရဲ့ ကျန်းမာရေး ကောင်းကျိုးတွေကိုတော့ သိသူနည်းပါးပါတယ်။ သြဇာသီးအပင်ဟာ သေးငယ်ပြီးတော့ ၁၀ပေ ကနေ ပေ၂၀ အတွင်းပဲ ကြီးထွားပါတယ်။ ကိုင်းတစ်ခုတည်းမှာတင်ကို အသီးတွေပြွတ်သိပ်နေအောင် သီးလေ့ရှိပြီးတော့ အသီးအရောင်ကလည်း အစိမ်းရောင်ပါပဲ။ အဖြူရောင်အသားနဲ့ အနက်ရောင်အစေ့ ရှိတဲ့ သြဇာသီးရဲ့ အရသာကတော့ စားဖူးသူတွေ သိတဲ့အတိုင်းပဲ။ ချိုအီနေပြီးတော့ လျှာပေါ်မှာ အရသာက စွဲထင်ကျန်နေခဲ့တော့တာပါပဲ။ သြဇာသီးရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေဖြစ်မလဲဆိုတာကို ကြည့်လိုက်ကြရအောင်နော်။



၁။ Antioxidant Properties

custard-apple-2.jpg 

၂၀၁၁ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ " Journal of Pharmacy Research " မှာ ဖော်ပြချက်အရဆိုရင်တော့ သြဇာသီးဟာ အာဟာရဖြည့်တင်းဖို့အတွက် သင့်တော်ပြီးတော့ ဆေးပညာရှုထောင့်အရဆိုရင်လည်း အကျိုးပြုတဲ့ အသီးအနှံတစ်ခုလို့ ဆိုပါတယ်။ သုတေသနပြုလုပ်အပြီး ရရှိလာတဲ့ ရလာဒ်တွေအရဆိုရင်တော့ Antioxidant ဓာတ်ကြွယ်ဝစွာ ပါဝင်နေတာကြောင့် စားသုံးဖို့ တိုက်တွန်းထားပါတယ်။ ခန္ဓာကိုယ်အတွက် မလိုအပ်တဲ့ ဓာတ်ပြုမှုတွေကို တွန်းလှန်ပေးနိုင်တာကြောင့်လည်း လူသားတို့အတွက် အကျိုးရှိတဲ့ အသီးပဲဖြစ်ပါတယ်။

၂။ ပန်းနာရင်ကျပ်ရောဂါကို ကာကွယ်ပေးနိုင်

custard-apple.jpg 

တကယ်လို့များ ပန်းနာရင်ကျပ်ဖြစ်နေပြီဆိုရင်တော့ သြဇာသီးက သင့်အတွက် အကောင်းဆုံးဆေးဝါးပါပဲ။ ဗီတာမင်စီဓာတ် အများအပြားပါဝင်ပြီးတော့ antioxidants ဓာတ်တစ်ခုက ပန်းနာရောဂါ ပျောက်ကင်းစေဖို့အတွက် ပြင်းပြင်းထန်ထန်ကို တွန်းလှန်ပေးတာကြောင့် ပန်းနာရောဂါကို သိသာစွာ သက်သာစေပါတယ်။

၃။ ကိုလက်စထရောပါဝင်မှု နည်းပါးခြင်း

အမျှင်ဓာတ်က သွေးအတွင်း ကိုလက်စထရောပါဝင်မှုကို လျှော့ချပေးပြီးတော့ သွေးကြောပိတ်ဆို့ခြင်းကိုလည်း တားဆီးပေးပါတယ်။ သြဇာသီးမှာဆိုရင်တော့ ဗီတာမင်ဘီဓာတ်လည်း ပြည့်ဝစွာ ပါဝင်ပြီး၊ အမျှင်ဓာတ် နဲ့ niacin တို့လည်း ပါဝင်နေတာကြောင့် အဝလွန်နေမှုကိုလည်း ထိန်းသိမ်းပေးပြီးတော့ ကိုယ်လက်လှုပ်ရှားမှုကိုလည်း အကောင်းဆုံးဖြစ်အောင် ထောက်ပံ့ပေးပါတယ်။

၄။ နှလုံးကျန်းမာရေးအတွက် သင့်တော်တယ်

Health-Benefits-of-sugar-apple.jpg 

ဗီတာမင် B6 ကြွယ်ဝစွာပါဝင်တဲ့ သြဇာသီးဟာ သင့်ရဲ့ နှလုံးအတွက်လည်း အကောင်းဆုံးအဖော်မွန်တစ်ဦးလိုပါပဲ။ amino acid တစ်မျိုးဖြစ်တဲ့ homocystein ကြောင့် နှလုံးအတွက် ဆိုးကျိုးဖြစ်ပွားမှုကို တားဆီးပေးနိုင်ပါတယ်။ amino acid ခန္ဓာကိုယ်တွင်းများပြား နေတဲ့အခါမျိုးမှာဆိုရင်တော့ နှလုံးရောဂါဖြစ်ပွားမှု နဲ့ နှလုံးကြီးထွားမှုအစရှိတာတွေ ဖြစ်ပွားနိုင်ပါတယ်။ ဒါကို သြဇာသီးစားသုံးပေးခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။

၅။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်ခြင်း

သြဇာသီတစ်လုံးမှာဆိုရင်တော့ ဗီတာမင်စီဓာတ်ဟာ ၅၆ မီလီဂရမ်အထိ ပါဝင်ပါတယ်။ ဗီတာမင်စီက အရိုးတွေရဲ့ ကျန်းမာရေး၊ ကြွက်သားတွေအတွက် အကောင်းဆုံးဖြစ်ပြီး သွေးကြောတွေကို ပိုမိုပြီး သန်မာလာအောင်လည်း ထောက်ကူပေးနိုင်ပါတယ်။ ပင်ပန်းစွာ အလုပ်လုပ်ကိုင်ရတဲ့  အမျိုးသမီးတစ်ဦး အတွက် နေ့စဉ် ဗီတာမင်စီဓာတ်ဟာ ၇၅ မီလီဂရမ်အထိ လိုအပ်ပြီး အမျိုးသားတွေအတွက်ဆိုရင်တော့ ၉၀ မီလီဂရမ်အထိ ဖြည့်တင်းပေးဖို့ လိုအပ်တာမို့ သြဇာသီးကို နေ့စဉ်စားသုံးပေးခြင်းကနေ လိုအပ်တဲ့ ဗီတာမင်စီကို ရယူနိုင်မှာပါ။

၆။ ခန္ဓာကိုယ်စွမ်းအင်ထုတ်လုပ်မှုကို ကူညီပေးနိုင်

w1920.jpeg 

ပင်ပန်းနွမ်းနယ်မှုတွေ ခံစားလာရပြီဆိုရင်တော့ သြဇာသီးသာ စားလိုက်ပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေ ပိုမိုရရှိဖို့အတွက် အထောက်အကူပြုပေးပြီး ဗီတာမင် B1 နဲ့ အာဟာရဓာတ်၊သြဇာဓာတ်တွေကို ပိုမိုရရှိလာဖို့ အကောင်းဆုံးဖြစ်လို့ပါပဲ။

Source : 1mhealthtips


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က