စာမေးပွဲ ဖြေရတော့မယ်ဆိုရင် ဝက်ခြံတွေ ဘယ်ကမှန်းမသိ အလိုလိုပေါက်လာတာမျိုး ဖြစ်ဖူးလား။

နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပင်ပန်းစရာတွေကို စိတ်ကိုရော လူကိုပါ ဒုက္ခပေးနေတော့တာပါပဲ။ စိတ်ထောင်းတော့ ကိုယ်ကြေ ဆိုသလို စိတ်ပင်ပန်းလာရင် ခန္ဓာကိုယ်ကပါ မကျန်းမာတော့ဘူး။ တကယ်လို့များ ကိုယ့်မှာ အရေပြားပြဿနာလေးတွေ ရှိနေမယ်ဆို စိတ်ညစ်မခံပါနဲ့။ ပိုဆိုးသွားတတ်လို့ပါ။

၁။ ဝက်ခြံ

60.jpg 

စိတ်ဖိစီးမှုတွေ များလာတာနဲ့အမျှ အသားအရေက သိသိသာသာ ပျက်စီးလာရတော့တာပဲ။ ဘယ်လိုမျိုးတွေမှာ သိသာသလဲဆိုရင် အရေးကြီးတဲ့ အစည်းအဝေးတစ်ခု တက်ရတော့မယ်၊ စာမေးပွဲ ဖြေရတော့မယ်ဆိုရင် ဝက်ခြံတွေ ထွက်လာလေ့ရှိတယ်။ ဘယ်လိုအသားအရေအနေအထားမျိုးကိုမဆို စိတ်ဖိစီးမှုက ကော်တီဇောဟော်မုန်းရဲ့သွေးတည်ရှိမှုကို မြင့်တက်လာစေတယ်။

၂။ နှင်းခူ

skin-stress-eczema.jpg 

များသောအားဖြင့် တံတောင်ဆစ်အပြင်ဘက်၊ ဒူးခေါင်းနဲ့ ဦးရေပြားတို့မှာ နှင်းခူတွေ ဖြစ်ကြပါတယ်။ စိတ်ဖိစီးမှုတွေကြေင့် နှင်းခူတွေ ပိုဆိုးလာနိုင်ပါတယ်။ စိတ်ဖိစီးမှုကြောင့် ဟော်မုန်းတွေ ပိုထွက်လာသလို အရေပြားဆဲလ်တွေ ပိုမိုထုတ်လုပ်လာရာကနေ နှင်းခူတွေ ပိုပွားလာတာမျိုး ဖြစ်တတ်တယ်။

၃။ အင်ပြင်

skin-stress-back-itch.jpg 

ကိုယ်စားလိုက်တဲ့ အစားအသောက်က ခန္ဓာကိုယ်နဲ့ မတည့်တဲ့အခါ အင်ပြင်ထွက်တာတွေ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ စိတ်ဖိစီးမှု ရှိနေရင်တော့ အင်ပြင်တွေက မသက်သာဘဲ ယားယံတာတွေ နီရဲရောင်ရမ်းတာတွေ ဆက်လက်တည်ရှိနေဦးမှာပါ။

Source : Shape

Share

Loading Next Article...
က္က