"အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့ ဆိုရိုးရှိပေမယ့် တချို့ဝေဒနာသည်တွေအတွက်တော့ တချို့အစားအစာတွေက ဆေးမဖြစ်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။

"အစာလည်းဆေး၊ ဆေးလည်းအစာ" ဆိုတဲ့ ဆိုရိုးရှိပေမယ့် တချို့ဝေဒနာသည်တွေအတွက်တော့ တချို့အစားအစာတွေက ဆေးမဖြစ်ဘဲ ဘေးဖြစ်စေတတ်ပါတယ်။ ဥပမာ အစာအိမ်ရောဂါ ဝေဒနာရှိသူတွေဟာ အောက်ဖော်ပြပါ အစားအစာတွေကို စားမိမယ်ဆိုရင် အစာအိမ်မှာ နာကျင်ခြင်းဝေဒနာနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရပါတယ်။ အဲဒါတွေက ဘာတွေလဲဆိုတော့...



၁။ ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေ

12_food_Tell-Us-Your-Favorite-Food-and-Well-Tell-You-Where-Youre-From_223713790_mattburchell-1024x683.jpg 

သူတို့ရဲ့အလေးချိန်နဲ့စာရင် ကာဘိုဟိုက်ဒရိတ် အချိုးအစားများတဲ့ အစားအစာတွေကို ကာဘိုဟိုက်ဒရိတ်များတဲ့ အစားအစာတွေလို့ ယေဘုယျမှတ်ယူနိုင်ပါတယ်။ ဥပမာ အာလူးတစ်လုံးဟာ အလေးချိန် (၁၇၀) ဂရမ်ပဲ ရှိပေမယ့် အလေးချိန်စုစုပေါင်းရဲ့ (၂၃) ရာခိုင်နှုန်းက ကာဘိုဟိုက်ဒရိတ်တွေ ဖြစ်နေတဲ့အခါ မကောင်းတဲ့ ကာဘိုဟိုက်ဒရိတ်စာလို့ မှတ်ယူနိုင်ပါတယ်။

ဆန်ကိတ်အလွတ်တစ်လုံး ဆိုရင်လည်း အလေးချိန်က (၉) ဂရမ်ပဲ ရှိပေမယ့် ကာဘိုဟိုက်ဒရိတ် (၈၀) ရာခိုင်နှုန်းပါလို့ မကောင်းတဲ့ ကာဘိုဟိုက်ဒရိတ်အဖြစ် သတ်မှတ်နိုင်ပါတယ်။ အဲဒီကာဘိုဟိုက်ဒရိတ်တွေက အစာအိမ်ကို ဒုက္ခပေးနိုင်ပါတယ်။

၂။ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့ အဆီဓာတ်တွေ

01-worst-foods-for-your-belly-bacon-sl.jpg 

ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်း (inflammation) နဲ့ ဝမ်းဗိုက်အဆီတွေကို ဖြစ်စေတဲ့ အဆီဓာတ်အမျိုးအစား (၃) မျိုး ရှိပါတယ်။ အဲဒါတွေကတော့ ပြောင်းလဲဆီ၊ ပြည့်ဝဆီနဲ့ အိုမီဂါဆစ် အဆီတို့ပဲ ဖြစ်ပါတယ်။ အဲဒီအဆီတွေကိုတော့ အသင့်ထုပ်ပိုးပြီး အာလူးကြော်ထုပ်တွေ၊ အဆီများတဲ့ ရယ်ဒီမိတ်အသားတွေ၊ နို့ခရင်မ်များတဲ့ နွားနို့တွေ၊ သကြားလုံးတွေ၊ ပြောင်းဖူးဆီတွေ၊ နေကြာဆီတွေမှာ တွေ့မြင်နိုင်ပါတယ်။

၃။ ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေ

14_Pretein_Ways-to-Beat-Post-Holiday-Weight-Gain_259183301_Valerio-Pardi-1024x683.jpg 

အသင့်ချက်ပြုတ်စားသုံးနိုင်အောင် ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေဟာ ကယ်လိုရီနဲ့ ပြည့်ဝဆီ အလွန်များပြားစွာ ပါဝင်ပါတယ်။ ဒီအသားတွေက အစာအိမ်တစ်မျိုးတည်းကို ဒုက္ခပေးမှာမဟုတ်ပါဘူး။ နှလုံးရောဂါနဲ့ လေဖြတ်လေငန်းရောဂါတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြုပြင်ပြောင်းလဲထားတဲ့ အသားတွေဟာ အစာကြေဖို့ အလွန်ခက်ခဲပြီး အူလမ်းကြောင်းထဲမှာ ဒီတိုင်းထိုင်နေမှာ ဖြစ်လို့ပါပဲ။

၄။ ဆီကြော်မုန့်တွေ

this-is-the-best-way-to-keep-drive-thru-fries-crispy-240457828-Christian-Fischer-1024x683.jpg 

ခရစ္စမတ်ရာသီမှာ နာမည်ကျော်ကြက်ကြော်ဆိုင်တွေက ပရိုမိုးရှင်းချထားတယ်ဆိုပြီး ဝမ်းသာအားရ သွားကြိတ်မနေပါနဲ့ဦး။ ဆီကြော်မုန့်တွေဟာ အစာအိမ်ကို လွှမ်းမိုးနိုင်ပြီး အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ရင်ခေါင်းအောင့်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အာဟာရဗေဒ ပညာရှင်တွေရဲ့ အဆိုအရဆိုရင် ဆီကြော်မုန့်တွေဟာ အသင့်စားအစားအစာတွေလိုပဲ အစာအိမ်ထဲမှာ အချိန်အကြာကြီး ထိုင်နေနိုင်ပါတယ်တဲ့။ အဆီဓာတ်ပါဝင်မှု များပြားတာကြောင့် ခန္ဓာကိုယ်ကလည်း အစာခြေဖျက်နိုင်ဖို့ အချိန်ပိုယူရပါတယ်။

၅။ ဖရူးတို့စ် (fructose) များတဲ့ အစားအစာများ

06-stay-slim-apples-harm-heal-sl.jpg

သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေမှာ ဂလူးကို့စ် (glucose) နဲ့ ဖရူးတို့စ် (fructose) ဆိုပြီး နှစ်မျိုးပါဝင်ပါတယ်။ ဖရူးတို့စ် (fructose) များတဲ့ အစားအစာတွေဟာ အစာအိမ်ထဲမှာ လေတွေစုဆောင်းစေနိုင်ပြီး လေအောင့်ခြင်း၊ ဝမ်းလျှောခြင်းစတာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။ ပန်းသီး၊ သရက်သီး၊ ဖရဲသီးတို့လို အသီးတွေ၊ ကညွှတ်လို ဟင်းသီးဟင်းရွက်တွေနဲ့ ဖရူးတို့စ် ကြွယ်ဝတဲ့ တချို့သကြားအစားထိုး အချိုရည်တွေဟာ ဖရူးတို့စ်ကြွယ်ဝတဲ့အတွက် အစာအိမ်သမားတွေ ရှောင်ကြဉ်သင့်ပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က