သရက်လက်ဖက်ရည်မှာ ကျန်းမာရေးအကျိူးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် မနက်မိုးလင်းရင် သရက်လက်ဖက်ရည် ပူပူလေးတစ်ခွက် သောက်ပေးမယ်ဆိုရင် ဒီအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

သရက်လက်ဖက်ရည်ဆိုတာ သရက်ရွက်ကို လက်ဖက်ရည်ပုံစံဖြစ်အောင် ပေါင်းစပ်ဖန်တီးထားတာပါ။ သရက်ရွက်တွေကို ရေနွေးနဲ့ပေါင်းတင်ပြီး သရက်လက်ဖက်ရည်ဖြစ်အောင် ဖန်တီးနိုင်သလို ရယ်ဒီမိတ်ထုပ် (သို့) အသင့်ပြုလုပ်ထားတဲ့ သရက်လက်ဖက်ရည်ထုပ်တွေနဲ့လည်း ပြုလုပ်ဖန်တီးလို့ရပါတယ်။

 

သရက်လက်ဖက်ရည်မှာ ကျန်းမာရေးအကျိူးကျေးဇူးတွေ အများကြီးရှိတဲ့အတွက် မနက်မိုးလင်းရင် သရက်လက်ဖက်ရည် ပူပူလေးတစ်ခွက် သောက်ပေးမယ်ဆိုရင် ဒီအကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ်။

၁။ ဆီးချိုရောဂါ ပျောက်စေတယ်

diabetes test.jpg 

ဥရောပတိုက်သားတွေကတော့ သရက်လက်ဖက်ရည်ကို ဆီးချိုရောဂါကုသဖို့အတွက်နဲ့ ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ရှင်းလင်းဖို့အတွက် သုံးစွဲကြပါတယ်။ သရက်လက်ဖက်ရည်ဟာ ဆီးချိုရောဂါ လက္ခဏာတွေကို လျော့ပါးစေနိုင်သလို ပန်ကရိယဂလင်းထဲမှာရှိတဲ့ သွေးကြောတွေကိုလည်း ပြန်လည်ကုစားပေးနိုင်တယ်လို့ အဆိုရှိပါတယ်။ ဒီဝိသေသလက္ခဏာတွေက သရက်လက်ဖက်ရည်ကို ဆီးချိုရောဂါ ကုသရာမှာ တန်ဖိုးရှိတဲဆေးတစ်ခွက် ဖြစ်စေခဲ့တာပါ။

၂။ သွေးတိုးကျစေတယ်

35.jpg 

သရက်လက်ဖက်ရည် သောက်ခြင်းက သွေးတိုးသမားတွေအတွက်လည်း သွေးတိုးကျစေနိုင်ပါတယ်။ သရက်လက်ဖက်ရည်က ပိတ်ဆို့နေတဲ့ သွေးကြောတွေကို ရှင်းလင်းပေးနိုင်တယ်ဆိုတော့ သွေးစီးဆင်းမှုကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ နောက်ပြီး သွေးတိုးရောဂါကို ဖြစ်စေနိုင်တဲ့ အားနည်းတဲ့သွေးကြောတွေကိုလည်း အားကောင်းလာအောင် အားဖြည့်ပေးနိုင်ပါတယ်။ Health and Wealth မဂ္ဂဇင်းကတော့ သရက်ရွက်လက်ဖက်ရည်တစ်ခွက်ကို နေ့စဉ်ပုံမှန်သောက်ပေးခြင်းက သွေးတိုးကျစေနိုင်တယ်လို့ ဆိုထားပါတယ်။

၃။ ဗိုက်တာမင်ကြွယ်ဝတယ်

သရက်လက်ဖက်ရည် လုပ်ရာမှာ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ သရက်ရွက်ထဲမှာ ဗိုက်တာမင် အေ၊ ဘီနဲ့ စီ အထူးကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် ပုံမှန်လေး စားဝင်၊ အိပ်ပျော်ပြီး ဆီးမှန်ဝမ်းမှန်လိုတယ် ဆိုရင်တော့ သရက်လက်ဖက်ရည်နဲ့ ကင်းကွာလို့တော့ မရပါဘူး။ သရက်လက်ဖက်ရည်က အစားအစာထဲမှာ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေ ပုံမှန်ဖြစ်နေအောင် ထိန်းညှိပေးနိုင်ပါတယ်။ ဒါကြောင့် နေ့စဉ်လိုအပ်တဲ့ ဗိုက်တာမင်နဲ့ အာဟာရဓာတ်တွေကို တစ်နေရာတည်းမှာ လိုချင်တယ်ဆိုရင်တော့ သရက်လက်ဖက်ရည်သည်သာ အားထားရာပါပဲ။

၄။ antioxidant ကြွယ်ဝတယ်

43.jpg 

သရက်လက်ဖက်ရည်ထဲမှာ သဘာဝ antioxidant တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကလည်း လက်ဖက်ရည်ရဲ့ အရောင်အပေါ် မှီတည်နေပါသေးသတဲ့။ အစိမ်းရောင် သရက်လက်ဖက်ရည်တွေမှာ antioxidant ပမာဏအများဆုံးပါဝင်ပြီး အနက်ရောင်နဲ့ အဖြူရောင်ဗားရှင်းတွေမှာတော့ oxidative ဒဏ်ဖြစ်ခြင်းကို ကာကွယ်နိုင်တဲ့ antioxidant တွေ ပါဝင်ပါတယ်။ ဒါ့အပြင် သရက်ရွက်မှာ အထူးကြွယ်ဝစွာ ပါဝင်တဲ့ ဗိုက်တာမင်စီကလည်း antioxidant တစ်မျိုးဖြစ်သလို ရေမှာပျော်ဝင်နိုင်တဲ့ ဗိုက်တာမင်တစ်မျိုးဖြစ်ပါတယ်။

၅။ နှလုံးရောဂါကို ကာကွယ်ပေးတယ်

12.jpg 

အဲဒီလို antioxidant ကြွယ်ဝတဲ့အတွက် သရက်လက်ဖက်ရည်ဟာ နှလုံးနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်နိုင်ခြေလည်း အလွန်လျော့နည်းစေပါတယ်။ သရက်လက်ဖက်ရည်က နှလုံးရောဂါနဲ့ တခြားသွေးကြောဆိုင်ရာ ရောဂါတွေကို ဖြစ်စေတဲ့ free radical တွေကိုလည်း တိုက်ဖျက်အဆုံးသတ် ပေးနိုင်ပါတယ်။

Source: stylecraze

Share

Loading Next Article...
က္က