သောက်တဲ့သူတွေက ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို သိသိကြီးနဲ့ ဆက်သောက်နေမိသလို ရှူနေရတဲ့သူ တွေကလည်း မသိလိုက် မသိဘာသာပဲ အဆိပ်ငွေ့တွေကို ထိုင်ရှူနေရတာပါ။

"ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေနိုင်သည်" ဆိုတဲ့ စာတန်းကြီးနဲ့ ဆေးလိပ်ဘူးပေါ်က ကင်ဆာအနာပုံကြီးတွေက ကျွန်တော်တို့ကို တကယ်ကော ချိန်းခြောက်နိုင်ပါသလား။ ကမ္ဘာပေါ်မှာ active smoker (ဆေးလိပ်ကို ကိုယ်တိုင်သောက်သုံးသူ) နဲ့ passive smoker (သူများသောက်တဲ့ ဆေးလိပ်ငွေ့ကို ထိုင်ရှူနေရသူ) တွေ အများကြီးရှိပါတယ်။



 

သောက်တဲ့သူတွေက ဆေးလိပ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေး ဆိုးကျိုးတွေကို သိသိကြီးနဲ့ ဆက်သောက်နေမိသလို ရှူနေရတဲ့သူ တွေကလည်း မသိလိုက် မသိဘာသာပဲ အဆိပ်ငွေ့တွေကို ထိုင်ရှူနေရတာပါ။ ဆေးလိပ်သောက်ခြင်းကြောင့် အဆုတ်မှာ ဒဏ်ဖြစ်နေပြီလို့ ယူဆနိုင်ပြီဆိုရင် ဒီအစားအစာလေးတွေကိုတော့ မဖြစ်မနေစားပေးဖို့ လိုပါလိမ့်မယ်။

၁။ ပန်းသီး

Apples.jpg 

ပန်းသီးဟာ ဗိုက်တာမင်စီနဲ့ အသီးအနှံတွေမှာ ပါဝင်လေ့ရှိတဲ့ ဖိုင်တိုအာဟာရဓာတ်တွေ ကြွယ်ဝပြီး ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ဆေးလိပ်အသောက်များပြီး အဆုတ်မှာဒဏ်ဖြစ်နေသူ တွေအတွက် လိုအပ်တဲ့ စွမ်းအင်နဲ့ အာဟာရဓာတ်ကို ပန်းသီးက ပေးစွမ်းနိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်မီးခိုးငွေ့တွေနဲ့ မှိုင်းမိနေတဲ့ အဆုတ်လေးအတွက် ပန်းသီးကို တစ်နေ့တစ်လုံး စားပေးလိုက်ပါ။

၂။ အဆီများတဲ့ငါး

fish.jpg 

ငါးကြင်းတို့၊ ဆယ်လ်မွန်တို့လို အဆီဓာတ်ပါဝင်မှုများတဲ့ ငါးတွေဟာ အဆုတ်ကျန်းမာရေးအတွက်တော့ အသင့်တော်ဆုံးပါပဲတဲ့။ ဘာလို့လဲဆိုတော့ အဲဒီငါးတွေထဲမှာ ပါဝင်တဲ့ အဆီဓာတ်နဲ့ အိုမီဂါသရီး ဖက်တီးအက်ဆစ်တို့ဟာ အဆုတ်ကျန်းမာ သန့်ရှင်းရေးနဲ့ တိုက်ရိုက်ဆက်နွယ်နေလို့ပါပဲ။

၃။ တရုတ်ဆီးသီး

Apricots.jpg 

တရုတ်ဆီးသီး စားပေးခြင်းကလည်း အဆုတ်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ တရုတ်ဆီးသီးထဲမှာ ဗိုက်တာမင်အေ ကြွယ်ဝစွာပါဝင်တဲ့အတွက် အဆုတ်ကျန်းမာရေးကို အထောက်အကူပြုနေတာပါ။ ဒါတင်မကသေးပါဘူး။ တရုတ်ဆီးသီးက အဆုတ်ထဲပိုးဝင်ခြင်းကိုလည်း ဖြစ်မလာအောင် တားဆီးပေးနိုင်ပါတယ်။ သံဓာတ်၊ အမျှင်ဓာတ်နဲ့ antioxidant တို့လည်း ကြွယ်ဝတဲ့အတွက် အဆုတ်အတွက်သာမက တစ်ကိုယ်လုံးကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။

၄။ ပန်းဂေါ်ဖီစိမ်း

broccoli.jpg 

ဂေါ်ဖီမျိုးနွယ်ဝင်တစ်မျိုးဖြစ်တဲ့ ပန်းဂေါ်ဖီစိမ်းကတော့ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေထဲမှာ အကောင်းဆုံးရွေးချယ်စရာ တစ်မျိုးပါပဲ။ ပန်းဂေါ်ဖီစိမ်းကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းခြင်းက အဆုတ်လုပ်ဆောင်မှုကို မျှတအောင် ကူညီပေးနိုင်သလို အဆုတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ antioxidant တွေကိုလည်း ဖြည့်စွမ်းပေးနိုင်ပါတယ်။

၅။ ကြက်သား

Poultry.jpg 

ကြက်သား၊ ငှက်သား၊ ကြက်ဆင်သား အစရှိတဲ့ ခြေနှစ်ချောင်းသားတွေဟာလည်း အဆုတ်အတွက် ကောင်းမွန်ပါတယ်။ တိရစ္ဆာန်အသားထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်အေဟာ အဆုတ်ကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း သုတေသီတွေက ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဆေးလိပ်အသောက်များပြီး အဆုတ်ပျက်ဆီးနေတဲ့သူတွေ ကြက်စွတ်ပြုတ်လေးတော့ ပုံမှန်ပြန်သောက်ပေးပေါ့။

၆။ သစ်ကြားသီး

Walnuts1.jpg 

သက်သတ်လွတ် ဆေးလိပ်သမားတွေအတွက် အဆုတ်ကျန်းမာစေဖို့ ရွေးချယ်စရာ နောက်တစ်မျိုးကတော့ သစ်ကြားသီးရဲ့ အစေ့ပါပဲ။ အဆီများတဲ့ ငါးတွေလိုပဲ သစ်ကြားစေ့ဟာလည်း အိုမီဂါသရီး ဖက်တီးအက်ဆစ် ကြွယ်ဝပါတယ်။ ဒါကြောင့် သစ်ကြားစေ့ လက်တစ်ဆုပ်စာခန့်ကို စားပေးခြင်းက ပန်းနာရင်ကြပ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ပျောက်ကင်းစေသလို အဆုတ်ကိုလည်း ကျန်းမာသန့်ရှင်းစေနိုင်ပါတယ်။

၇။ ဟင်းနုနွယ်ရွက်

Spinach4.jpg 

ဟင်းနုနွယ်ရွက်က ကျန်းမာရေးအတွက်လိုအပ်တဲ့ ဗိုက်တာမင်တွေ ကြွယ်ဝစွာပါဝင်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ ဒါကြောင့် အဆုတ်ကျန်းမာရေးအတွက် လိုအပ်တဲ့ ဗိုက်တာမင်ဘီလည်း အထူးကြွယ်ဝပါတယ်။ ဟင်းနုနွယ်ရွက်ကို ပုံမှန်စားပေးမယ်ဆိုရင် အဆုတ်ကို သန့်ရှင်းကျန်းမာစေရုံသာမက အဆုတ်ကင်ဆာအန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

Source: Stylecraze


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က