ကြံ့ခိုင်သန်မာတဲ့ လူနေမှုဘဝကို ရရှိဖို့ ဒါလေးတွေကို လုပ်ပေးကြည့်ကြပါလား။

နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်ကို ကူးပြောင်းဖို့က ပိုပိုပြီးတော့ နီးကပ်လို့လာပါပြီ။ တစ်နှစ်တာအတွင်း ကိုယ့်ရဲ့ ဘဝနေထိုင်မှုမှာ ဘာတွေပြောင်းလဲတိုးတက်ခဲ့သလဲဆိုတာကို သုံးသပ်ကြည့်ဖြစ်ကြမယ် ထင်ပါတယ်။ စီးပွားရေး၊လူမှုရေး၊ ပညာရေး အစရှိတာတွေ ဘက်မှာ တိုးတက်ပြောင်းလဲမှုတွေ ရှိကောင်းရှိလာနိုင်ပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ ကျန်းမာရေးဘက်မှာရော ဘာတွေ တိုးတက်ခဲ့သလဲ၊ အားနည်းခဲ့သလဲဆိုတာကို ခြုံငုံသုံးသပ်ကြည့်ဖို့လည်း လိုပါတယ်။ တကယ်လို့များ မကြာခဏနာဖျားခြင်း၊ ရောဂါဝေဒနာခံစားနေရခြင်းတွေ ဖြစ်လာခဲ့ပြီဆိုရင်တော့ ဘာတွေပြုပြင်ပြောင်းလဲဖို့ လိုအပ် သလဲဆိုတဲ့ မေးခွန်းက ပေါ်လာပါပြီ။ ကျန်းမာရေးညံ့ဖျင်းမှုကြောင့် စိတ်ဒုက္ခရောက်နေခဲ့ရတယ်ဆိုရင်တော့ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေပြီပေါ့။ ဒါဆိုရင် အလွယ်တကူ လုပ်ဆောင်ပေးရုံနဲ့ ကြံ့ခိုင်သန်မာတဲ့ လူနေမှုဘဝကို ရရှိဖို့ ဒါလေးတွေကို လုပ်ပေးကြည့်ကြပါလား။

၁။ သကြားလုံးတွေအစား သစ်သီးတွေကို ပိုစားပါ

eat-fruit-instead-of-candy.jpg 

သကြားပါဝင်မှုနှုန်းများတဲ့ သကြားလုံးတွေရဲ့ ချိုမြိန်မှုထက် သဘာဝသစ်သီးတွေရဲ့ ချိုမြိန်မှုက သင့်အတွက် ပိုသင့်တော်ပါတယ်။ သဘာဝရဲ့ သကြားဓာတ်အပြင် Fiber ကြွယ်ဝစွာ ပါဝင်တာမို့အစာချေဖျက်မှုကို ပိုမိုပြီး ကူညီပေးပါတယ်။

၂။ ကိုယ်တိုင်ချက်ပြုတ်ပါ၊ ဘယ်လိုချက်ပြုတ်ရသလဲ သင်ယူပါ

while-youre-at-it-learn-how-to-cook.jpg 

ကိုယ်တိုင်ချက်ပြုတ်ခြင်းက ပိုမိုသန့်ရှင်းတဲ့ အစားအသောက်ကို အရသာရှိရှိ စားသုံးစေရမှာပါ။ စိတ်သန့်သန့်နဲ့ အရသာရှိရှိ စားသောက်စေရမယ့်အပြင် အပိုငွေကုန်ကျမှုကိုလည်း သက်သာစေပြီးကိုယ့်ကိုကိုယ် အထင်ကြီးမှု၊ ယုံကြည်စိတ်မြင့်မားမှုတို့ကိုပါ ပေးစွမ်းပါသေးတယ်။

၃။ ဘလက်ကော်ဖီသောက်ပါ

drink-your-coffee-black.jpg 

တချို့သော ကျန်းမာရေးအဆိုတွေအရ တစ်နေ့ကို ကော်ဖီ အနည်းဆုံး သုံးခွက်မျှ သောက်ပေးခြင်းက ဘဝသက်တမ်းကို ရှည်စေတယ်လို့ ဆိုပါတယ်။ သကြား၊ နို့တို့မပါပဲနဲ့ ဘလက်ကော်ဖီသောက်ခြင်းက ကျန်းမာရေးကို ပိုမိုအကျိုးပြုပြီးတော့ သင့်ရဲ့ စိတ်ထားကိုပါ နူးညံ့စေတယ်လို့ အဆိုရှိပါသေးတယ်။

၄။ ထောပတ်သီးစားပါ

avocado-shutterstock.jpg 

ထောပတ်သီးရဲ့ အကျိုးကျေးဇူးတွေကတော့ ပြောမကုန်အောင်ပါပဲ။ အသီးအနှံတွေထဲမှာ ကျန်းမာရေးကောင်းကျိုးပြုတဲ့ အသီးအဖြစ် ထိပ်ဆုံးမှာ ရှိနေပါတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်နဲ့ ဗီတာမင် C & E တို့အပြင် Fiber ဓာတ်တွေပါ ပေါကြွယ်ဝစွာ ပါဝင်နေတာမို့ နေ့တိုင်းတောင် စားသုံးသင့်ပါသတဲ့။

၅။ ထမင်းစားပန်းကန်အရောင်ကို ရွေးချယ်အသုံးပြုပါ

choose-coloured-plates-that-contrast-with-your-food.jpg 

ပန်းကန်ပြားရဲ့ အရောင်က အစားစားချင်စိတ်ကို ဖြစ်ထွန်းစေနိုင်သလို အစာမစားချင်စိတ်ကိုပါ ဖြစ်စေဖို့ ရောင်ပြန်ဟပ်ပါတယ်။ တကယ်လို့များအစိမ်းရောင်ပဲကို ပိုမိုစားမယ်ဆိုရင် ပန်းကန်ပြားအစိမ်းရောင်က သင့်တော်ပြီးတော့ ကယ်လိုရီအများအပြားရရှိဖို့ ဂျုံ၊ ပါစတာ၊ ထမင်းတို့ စားတဲ့အခါမှာဆိုရင်တော့ အဖြူရောင်၊ အဝါရောင် နဲ့ လိမ္မော်ရောင် ပန်းကန်ပြားတို့က သင့်တော်ပါတယ်။

၆။ ရေများများသောက်ပါ

ခန္ဓာကိုယ်အတွက် လုံလောက်တဲ့ ရေဓာတ်ပမာဏရရှိဖို့အတွက် ရေများများသောက်ဖို့လိုပါတယ်။ လူတစ်ဦးက အနည်းဆုံး တစ်နေ့ကို ရေ (၃)လီတာမျှ သောက်သုံးဖို့ သင့်တော်ပြီးတော့ ကျွမ်းကျင်မှုအပြည့်အဝရှိတဲ့ Trainer တွေကတော့ ဝိတ်ချချင်တယ်ဆိုရင်တော့ ထမင်းမစားခင်မှာ ရေသောက်ပေးဖို့ အကြံပြုကြပါတယ်။

၇။ လှေကားမှ အတက်အဆင်းလုပ်ပါ

 

ဒါက ခန္ဓာကိုယ်က ပိုလျှံနေတဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ခြေထောက်ကြွက်သားတွေကို ပိုမိုသန်မာလာစေပြီးတော့ ကြံ့ခိုင်မှုပါ ပြည့်ဝစေပါတယ်။

၈။ သွားတိုက်နေစဉ်အတွင်း ခြေတစ်ချောင်းတည်းနဲ့ မတ်တပ်ရပ်ပါ

Stand-on-one-leg-while-brushing-your-teeth-.jpg 

ခန္ဓာကိုယ်ရဲ့ Balance ကို တည်ငြိမ်မှုရှိစေဖို့ အကောင်းဆုံးနည်းလမ်းတစ်ခုပါ။ အသက်ငယ်ရွယ်စဉ်မှာ ပိုမိုပြုလုပ်သင့်ပြီးတော့ ကျန်းမာရေးအတွက် အများကြီးအထောက်အကူဖြစ်စေပါတယ်။

၉။ မကြာခဏ လက်ဆေးပါ

maxresdefault.jpg 

မကြာခဏ လက်ဆေးပေးခြင်းက ဘတ်တီးရီးယားတွေကို ခန္ဓာကိုယ်တွင်း ဝင်ရောက်မှုမှ ကာကွယ်ပေးပါတယ်။ ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဆိုတဲ့ စကားလိုပါပဲ၊ ဆိုးကျိုးဖြစ်စေမယ့် ဘတ်တီးရီးယားတွေ ခန္ဓာကိုယ်ထဲ မဝင်လာနိုင်အောင် မကြာခဏ လက်ဆေးပေးခြင်းဖြင့် ကာကွယ်ပေးပါ။

၁၀။ စာဖတ်ပါ

love-books.jpg 

စာဖတ်ခြင်းက ဖိအားတွေကို လျော့ကျစေတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခွန်အားတွေကို ပေးစွမ်းပါတယ်။ စိတ်တက်ကြွလန်းဆန်းစေတဲ့အပြင် အကြံကောင်းဉာဏ်ကောင်းတွေ ထွက်ပေါ်အောင်လည်း ထောက်ပံ့ပေးနိုင်ပါတယ်။

၁၁။ အလုပ်စားပွဲ၊ စာကြည့်စားပွဲတွေကို ပြတင်းပေါက်နားထားပါ

စိမ်းလန်းတဲ့ ပတ်ဝန်းကျင်က စိတ်ကိုအပြောင်းအလဲ ဖြစ်စေပါတယ်။ အလုပ်လုပ်ရတာ ငြီးငွေ့လာချိန်၊ နွမ်းနယ်လာချိန်မှာဆိုရင် ပြင်ပပတ်ဝန်းကျင်မြင်ကွင်းက စိတ်ကို အပြောင်းအလဲဖြစ်စေပြီးတော့ စိတ်ညစ်မှု၊ ငြီးငွေ့မှုတွေကို ပျက်ပြယ်စေပါတယ်။

Source : Businessinsider

Share

Loading Next Article...
က္က