တကယ်တော့ အိပ်ရေးမဝခြင်းဆိုတာ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ရတာများပါတယ်။

အလုပ်ထဲမှာ ငိုက်မြည်းနေခြင်း၊ မကြာခဏသမ်းဝေနေခြင်း၊ ခုံပေါ်မှောက်အိပ်လိုစိတ် တဖွားဖွားပေါ်ခြင်းတို့ဟာ အိပ်ရေးမဝခြင်းရဲ့ လက္ခဏာတွေဖြစ်ပြီး အထက်လူကြီး (သို့) အလုပ်ရှင်တွေ့ရင် အလုပ်ထဲမှာ စိတ်မဝင်စားဘူးလို့ မှတ်ယူသွားပြီး အလုပ်ပြုတ်နိုင်ခြေ များပါတယ်။ တကယ်တော့ အိပ်ရေးမဝခြင်းဆိုတာ ညဘက်အိပ်ရေးပျက်ခြင်းကြောင့် ဖြစ်ရတာများပါတယ်။ အိပ်ရေးမဝခြင်းကို ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားရင် ကုသနည်းနဲ့ ပြင်ဆင်နည်းကိုလည်း တွေ့ရှိနိုင်ပါတယ်။

 

၁။ အိပ်ချိန်မမှန်လို့

gettyimages-558175165.jpg 

အိပ်ချိန်မမှန်ခြင်းက နေ့ခင်းဘက်မှာ အိပ်ငိုက်ရခြင်းကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပါပဲ။ ဒါကြောင့်လည်း ဆရာဝန်တွေက ညဘက်မှာ အနည်းဆုံး (၆) နာရီကနေ (၇) နာရီကြား အိပ်ဖို့အတွက် အကြံပြုထားတာဖြစ်ပါတယ်။ မအိပ်ခင် (၃) နာရီလောက်အလိုမှာ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီတို့၊ လက်ဖက်ရည်တို့ သောက်သုံးခြင်းကို ရှောင်ရှားတာကလည်း မနက်ခင်းအချိန်မှာ လန်းဆန်းစွာနိုးထစေနိုင်ပါတယ်။

၂။ စိတ်ဖိစီးမှုများလို့

shutterstock_268785908-e1483740956729-705x470.jpg 

စိတ်ဖိစီးမှု၊ စိတ်ကျရောဂါ၊ စိတ်သောကနဲ့ ဒေါသများခြင်းလိုမျိုး စိတ်အခြေအနေတွေက အိပ်စက်ခြင်းပေါ်မှာ ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိပါတယ်။ ဒီလိုနဲ့ ထုံထိုင်းရီဝေပြီး အိပ်မရတဲ့ နေ့တွေ၊ ညတွေကို ဖြစ်စေနိုင်ပါတယ်။ အိပ်ပျက်ညတွေကို ဖယ်ရှားဖို့အတွက် စိတ်မဖိစီးအောင် တတ်နိုင်သမျှနေပါ။ ကိစ္စတိုင်းကို အကောင်းဘက်က လှည့်တွေးကြည့်ပါ။ သမီးရည်းစား ဆက်ဆံရေးမှာ၊ အလုပ်ထဲမှာ ပြဿနာလေးတွေရှိရင်လည်း တတ်နိုင်သမျှ ကြိုးစားပြုပြင်ပါ။

၃။ အစားသောင်းကြမ်းလို့

eating-too-much-food-5c.jpg 

တချို့လူတွေက ညစာကိုတမုန်းကြိတ်ရင် ညဘက်မှာ ကောင်းကောင်းအိပ်ပျော်နိုင်မယ်လို့ အထင်မှားကြပါတယ်။ တကယ်တော့ အဲဒါကမှားပါတယ်။ ညစာကို တတ်နိုင်သမျှလျှော့စားခြင်းက ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပြီး နောက်တစ်နေ့ မနက်မှာ အိပ်ရေးမဝခြင်းနဲ့ ငိုက်မြည်းသမ်းဝေခြင်းတို့ကို ရှောင်ရှားနိုင်ပါတယ်။

၄။ ဆီးချိုရောဂါရှိုလို့

1.-Can-Aid-In-Diabetes-Treatment.jpg

ဆီးချိုရောဂါရှိသူတွေဟာ ခန္ဓာကိုယ်အားနည်းပြီး တစ်နေကုန်အိပ်ချင်သလို၊ အိပ်ရေးမဝသလို ခံစားနေရတတ်ပါတယ်။ ဒါကြောင့် မိမိမှာ ဆီးချိုရှိတယ်လို့ သံသယရှိနေရင် အချိန်မီ စစ်ဆေးကုသမှုကို ခံယူသင့်ပါတယ်။ ဆီးချိုရှိနေတာ သေချာပြီဆိုရင်လည်း အစားအသောက်၊ အနေအထိုင်ကို ဆင်ခြင်သင့်ပါတယ်။

Source: stylecraze

Share

Loading Next Article...
က္က