နှမ်းစေ့ကို ကမ္ဘာပေါ်ကဆီထွက်သီးနှံတွေထဲမှာ သက်တမ်းအရင့်ဆုံးလို့ သတ်မှတ်ထားကြသလို နှစ်ပေါင်း (၃၅၀၀) ကျော် စိုက်ပျိုးရိတ်သိမ်းလာကြတာပါ။

နှမ်းစေ့ဟာ Sesamum genus ဆိုတဲ့အပင်တစ်မျိုးက ဆင်းသပ်လာပြီး သိပ္ပံအခေါ်အဝေါ်ကတော့ Sesamum indicum လို့ခေါ်ပါတယ်။ နှမ်းစေ့ကို ကမ္ဘာပေါ်ကဆီထွက်သီးနှံတွေထဲမှာ သက်တမ်းအရင့်ဆုံးလို့ သတ်မှတ်ထားကြသလို နှစ်ပေါင်း (၃၅၀၀) ကျော် စိုက်ပျိုးရိတ်သိမ်းလာကြတာပါ။ စတင်ပေါက်ဖွားရာ နေရာတွေကတော့ အာဖရိကနဲ့ အိန္ဒိယလို့ ယူဆရပါတယ်။



 

နှမ်းစေ့မှာ ကျန်းမာရေးအကျိုးကျေးဇူးအများကြီး ပါဝင်တယ်ဆိုပေမယ့် အများစုက နှမ်းစေ့အတွင်းက ဆီပါဝင်မှုကြောင့် ရရှိတာပါ။ ဒါကြောင့် ကမ္ဘာပေါ်ကအိမ်ရှင်မ တော်တော်များများရဲ့ မီးဖိုချောင်ထဲမှာ ပါရှိနေရတာဖြစ်ပါတယ်။

နှမ်းစေ့မှာ ဗိုက်တာမင်၊ သတ္ထုဓာတ်၊ သဘာဝအဆီဓာတ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီစီယမ်၊ ဖော့စ်ဖရတ်စ်၊ မဂ္ဂနိစ်၊ ကော့ပါး၊ ဇင့်၊ အမျှင်ဓာတ်၊ သီယာမင်း၊ ဗိုက်တာမင်ဘီစစ်၊ ဖိုလိတ်၊ ပရိုတိန်းနဲ့ ထရစ်ပတိုဖန်းစတဲ့ အာဟာရဓာတ်တွေ ပါဝင်ပါတယ်။ နှမ်းစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့....

၁။ သွေးတိုးကျစေတယ်

dangers-rubbing-eyes.jpg 

သုတေသနပြုလုပ်ချက်တွေအရတော့ နှမ်းစေ့ထဲမှာပါဝင်တဲ့ သဘာဝအဆီဟာ သွေးတိုးကျစေဖို့အတွက် ကူညီပေးနိုင်ပါတယ်။ နှမ်းစေ့ထဲက နှမ်းဆီဟာ နှလုံးသွေးကြောစနစ်ထဲမှာ တင်းကြပ်မှုတွေကို လျှော့ချပေးနိုင်ပြီး နှလုံးနဲ့ဆိုင်တဲ့ ရောဂါအန္တရာယ် တွေကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။ နှမ်းစေ့ထဲမှာပါဝင်တဲ့ မဂ္ဂနီစီယမ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်တဲ့ ပစ္စည်းတစ်မျိုးအဖြစ် ထင်ရှားပြီး နှမ်းစေ့ထဲမှာ မဂ္ဂနီစီယမ်အပါအဝင် သတ္ထုဓာတ်တွေ ပေါကြွယ်ဝပါတယ်။

၂။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တယ်

Breast-Cancer.jpg

နှမ်းစေ့ထဲမှာပါဝင်တဲ့ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေထဲမှာ ကင်ဆာဖြစ်စေတဲ့ free radical တွေကို တိုက်ဖျက်နိုင်တဲ့ antioxidant တွေလည်း ပါဝင်တာမို့ ကင်ဆာဖြစ်ပွားနိုင်ခြေ အန္တရာယ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အဲဒီ antioxidant ထဲမှာ အထင်ရှားဆုံးကတော့ နှမ်းဆီမှာပါဝင်တဲ့ phytate ဆိုတဲ့ ရှားပါးတဲ့ ကင်ဆာကာကွယ်ရေး ဒြပ်ပေါင်းတစ်မျိုးပဲ ဖြစ်ပါတယ်။

အထူးသဖြင့် ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာနဲ့ ဆီးကြိတ်ကင်ဆာတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

၃။ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်တယ်

diabetes test.jpg 

နှမ်းစေ့ထဲမှာပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဖြစ်တဲ့ (မဂ္ဂနီစီယမ်လို အရာမျိုးဟာ) ဆီးချိုရောဂါအန္တရာယ်ကို လျှော့ချနိုင်စွမ်းနဲ့ ရောဂါရှိပြီးသား သူတွေရဲ့ရောဂါလက္ခဏာတွေကို လျှော့ချနိုင်စွမ်း ရှိပါတယ်။ ဒါ့အပြင် နှမ်းဆီဟာ Type 2 ဆီးချိုရောဂါသည်တွေကို ကုသရာမှာသုံးတဲ့ glibenclamide လိုမျိုး ဓာတုပစ္စည်းမျိုးရဲ့ လုပ်ဆောင်မှုကို မြှင့်တင်ပေးနိုင်ပြီး ခန္ဓာကိုယ်ထဲက အင်ဆူလင်နဲ့ ဂလူးကို့စ် မျှခြေကို ထိန်းညှိပေးနိုင်ပါတယ်။

၄။ အရိုးတွေကို သန်မာစေတယ်

9.jpg 

နှမ်းစေ့ထဲမှာပါဝင်တဲ့ ဇင့်၊ ကယ်လ်ဆီယမ်နဲ့ ဖော့စ်ဖရတ်စ်ဓာတ်တွေဟာ အရိုးကျန်းမာရေးအတွက်တော့ အလွန်အရေးပါတဲ့ သတ္ထုဓာတ်တွေပါပဲ။ အရိုးသစ်ဆဲလ်တွေ ဖြစ်ပေါ်ရေး၊ ထိခိုက်မှု တစ်ခုခုကြောင့် အားနည်းနေတဲ့ အရိုးတစ်ရှူးဆဲလ်တွေ ပြန်လည်အားကောင်းရေးနဲ့ အရိုးပွရောဂါ လက္ခဏာတွေကို လျှော့ချရေးတို့မှာ နှမ်းစေ့ရဲ့ကျန်းမာရေး အကျိုးကျေးဇူးတွေက အလွန်အသုံးဝင်ပါတယ်။

၅။ ခံတွင်းကျန်းမာရေး ကောင်းစေတယ်

woman looks at her mouth.jpg 

နှမ်းစေ့မှာပါဝင်တဲ့ အထင်ရှားဆုံး ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ခံတွင်းကျန်းမာရေးနဲ့ပတ်သက်ပြီး ကြီးမားတဲ့ သက်ရောက်မှု ရှိစေတာပါပဲ။ Oil pulling ဆိုတဲ့ခေါ်တဲ့ လုပ်ဆောင်မှုဟာဆိုရင် ပါးစပ်ထဲမှာ နှမ်းဆီနည်းနည်းကိုငုံပြီး ပလုုတ်ကျင်းပေးတဲ့အခါ နှမ်းဆီက ခံတွင်းထဲမှာလှည့်ပတ်သွားပြီး ဘက်တီးရီးယားပိုးတွေနဲ့ မှိုရောဂါပိုးတွေ၊ ခံတွင်းခေါင်းထဲက မလိုလားအပ်တဲ့ အကျိအချွဲတွေကို ဖယ်ရှားပေးတဲ့ လုပ်ဆောင်မှုပဲဖြစ်ပါတယ်။

ဒါ့အပြင် ခံတွင်းခေါင်းထဲမှာ ထိခိုက်မှုတစ်ခုခုကြောင့် သွေးထွက်နေတဲ့အခါ နှမ်းဆီငုံပေးမယ်ဆိုရင် အမြန်ဆုံးသွေးတိတ်အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ နောက်ပြီး သွားအပေါ်ယံကြွေလွှာတွေမှာ အခေါင်းပေါက်ကြီးတွေ ဖြစ်စေပြီး လှိုက်စားစေတဲ့ streptococcus ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးကိုလည်း နှမ်းစေ့က တိုက်ဖျက်ဖယ်ရှားပေးနိုင်ပါတယ်။

Source: Organicfacts


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က