စိတ်သောကဝေဒနာဆိုတာ စိတ်ဖိစီးမှုများလွန်းရင် ပေါ်ပေါက်လာတတ်တဲ့ စိတ်အခြေအနေတစ်မျိုးဖြစ်ပြီး စိတ်ကျရောဂါနဲ့လည်း ဆက်နွယ်နေပါတယ်။

ယေဘုယျအားဖြင့်တော့ စိတ်သောကရောက်နေပြီဆိုရင် လက်ဖက်ရည်ပူပူလေးတစ်ခွက် သောက်လိုက်ခြင်းက စိတ်သောက ဝေဒနာတွေကို အနည်းနဲ့အများတော့ သက်သာသွားစေတာပါပဲ။ လက်ဖက်ရည်ကြမ်း (ရေနွေးကြမ်း) ထဲမှာ ပါဝင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေထဲမှာ ခန္ဓာကိုယ်အတွက် ကျန်းမာရေးအကျိုးကျေးဇူးတွေသာမက စိတ်ပိုင်းဆိုင်ရာအတွက် အကျိုးကျေးဇူး တွေလည်း ပါဝင်ပါသေးတယ်။

 

စိတ်သောကဝေဒနာဆိုတာ စိတ်ဖိစီးမှုများလွန်းရင် ပေါ်ပေါက်လာတတ်တဲ့ စိတ်အခြေအနေတစ်မျိုးဖြစ်ပြီး စိတ်ကျရောဂါနဲ့လည်း ဆက်နွယ်နေပါတယ်။ စိတ်သောကဝေဒနာနဲ့ စိတ်ဖိစီးမှုကြောင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်တဲ့ ဟော်မုန်းတွေလည်း ထွက်လာစေနိုင်တဲ့အတွက် ခနခနစိတ်ဖိစီးနေတာက ကောင်းတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ နောက်ပြီး စိတ်သောကဝေဒနာဟာ အဆိုးမြင်စိတ်နဲ့လည်း ဆက်နွယ်နေတဲ့အတွက် လူမှုရေးနဲ့ လုပ်ငန်းခွင်အတွက်လည်း မကောင်းမွန်နိုင်ပါဘူး။

စိတ်ဖိစီးမှုနဲ့ စိတ်သောကကို လက်ဖက်ရည်လေးတစ်ခွက်သောက်ပြီး ဖယ်ရှားချင်တယ်ဆိုရင်တော့ စိတ်ဖိစီးနဲ့ သောကဝေဒနာတွေကို အကောင်းဆုံးတိုက်ဖျက်နိုင်တဲ့ လက်ဖက်ရည်အမျိုးအစားတွေ အကြောင်းကိုလည်း သိထားဖို့တော့ လိုအပ်ပါလိမ့်မယ်နော်။ အဲဒါတွေကတော့...

၁။ ပူစီနံလက်ဖက်ရည် (ပက်ပါးမင့်လက်ဖက်ရည်)

Peppermint-Tea-While-Breastfeeding.jpg 

ကဖင်းဓာတ်ပါဝင်မှုမရှိခြင်း၊ ရောင်ရမ်းခြင်း (inflammation) ကို တိုက်ဖျက်ပေးနိုင်ခြင်းနဲ့ ကြွက်သားကို သဘာဝအတိုင်း သွက်လက်လာစေခြင်း စတဲ့ ဂုဏ်သတ္တိတွေနဲ့ ကြွယ်ဝပြည့်စုံတာကြောင့် ပူစီနံလက်ဖက်ရည် (ပက်ပါးမင့်လက်ဖက်ရည်) ဟာ စိတ်ကိုသက်တောင့်သက်သာရှိစေပြီး ပူပန်သောကတွေကို အရည်ပျော်သွားစေဖို့အတွက် အကောင်းဆုံးတကာ့ အကောင်းဆုံး ရွေးချယ်မှုတစ်ခုပါပဲ။ ဒါ့အပြင် ပူစီနံရွက်လေးက အမူးအမော်ပေစေတော့ အနံ့လေးရတာနဲ့တင် စိတ်ပူပန်မှုတွေက တစ်ဝက်လောက် သက်သာနေပါပြီ။

၂။ သံပုရာဆီ လက်ဖက်ရည်

သံပုရာဆီလက်ဖက်ရည်နဲ့ ပတ်သက်ပြီး ပြုလုပ်ထားတဲ့ သုတေသနတွေအရ ဒီလိုလက်ဖက်ရည်မျိုးဟာ သွေးထဲမှာရှိတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကို တိုက်ရိုက်သက်ရောက်စေနိုင်ပြီး စိတ်ခံစားမှုနဲ့ ခွန်အားကို တိုးတက်ကောင်းမွန်စေပါတယ်တဲ့။ ပုံမှန်လက်ဖက်ရည် ထဲမှာပါတဲ့ ကဖင်းဓာတ်က စိတ်ကိုလှုံ့ဆော်ပြီးမှ တက်ကြွစေတာမျိုး ဖြစ်တဲ့အတွက် ရေရှည်မှာ ခန္ဓာကိုယ်အပေါ် သက်ရောက်မှု ရှိကောင်းရှိနိုင်ပါတယ်။

၃။ ပင်မှည့်ပန်းလက်ဖက်ရည်

Passionflower-tea-23.jpg 

ပင်မှည့်ပင်မှာပွင့်တဲ့ ပန်းမှ ပြုလုပ်ဖန်တီးထားတဲ့ လက်ဖက်ရည်ကတော့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ဖိနှိပ်ပေးနိုင်ပြီး စိတ်သောက ဝေဒနာကို လျော့ကျစေတဲ့ antioxidant နဲ့ ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ ဒါကြောင့် စိတ်သောကဝေဒနာကို သက်သာစေရုံသာမက အိပ်စက်ခြင်းနဲ့ဆိုင်တဲ့ ပြဿနာတချို့ကိုလည်း လျော့နည်းစေနိုင်ပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက ဒီလက်ဖက်ရည်ကို တခြား anti-anxiety (စိတ်သောကဝေဒနာပျောက်ဆေး) ဆေးဝါးတွေနဲ့တော့ တွဲဖက်အသုံးပြုလို့ မရပါဘူး။

၄။ လက်ဖက်စိမ်းရေနွေးကြမ်း (green tea)

နောက်ဆုံးမှာတော့ လက်ဖက်ရည်တို့ရဲ့ မင်းသားကြီးလာပါပြီခင်ဗျာ။ လက်ဖက်စိမ်းရေနွေးကြမ်းရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့ ပျော်မကုန်နိုင်အောင်ပါပဲ။ ဂျပန်လူမျိုးတွေကတော့ လက်ဖက်စိမ်းရေနွေးကြမ်းကို ပွဲလမ်းသဘင်နဲ့ကို အလေးအမြတ်ထားပြီး သောက်သုံးကြတဲ့အတွက် ရောဂါနည်းပြီး အသက်ရှည်ကြတာဖြစ်ပါတယ်။ လက်ဖက်စိမ်းရေနွေးကြမ်းထဲမှာ anti-flammation (ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့) ဂုဏ်သတ္တိတွေပါဝင်တဲ့အတွက် ခန္ဓာကိုယ်တွင်းမှာ စိတ်သောကရောက်ခြင်းကြောင့် ဟော်မုန်းအတက်အကျဖြစ်ခြင်းကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒီတော့ စိတ်ခံစားချက်တွေကို ကိုင်တွယ်ရာမှာ၊ စိတ်ကိုပေါ့ပေါ့ပါးပါး ဖြစ်စေရာမှာ ပိုမိုလွယ်ကူစေတာပေါ့။

၅။ နှင်းဆီလက်ဖက်ရည် (Rose Tea)

71gzJ4lZ2-L._SL1000_.jpg 

နှင်းဆီလက်ဖက်ရည်ကတော့ အိပ်ယာမဝင်ခင် သောက်ပေးသင့်တဲ့ လက်ဖက်ရည်အမျိုးအစားမျိုးပါ။ အဲဒီလိုသောက်ပေးမယ်ဆိုရင် စိတ်နဲ့ခန္ဓာကို ပိုမိုညင်သာစေနိုင်ပြီး အိပ်ရတာလည်း ပိုမိုအဆင်ပြေ ပါလိမ့်မယ်။ နှင်းဆီလက်ဖက်ရည် သောက်လိုက်လို့ စိတ်တည်ငြိမ်သွားခြင်းက ပိုမိုသက်တောင့်သက်သာရှိရှိနဲ့ အိပ်ပျော်စေနိုင်ပါလိမ့်မယ်။

၆။ လာဗင်ဒါလက်ဖက်ရည်

လေ့လာမှုတွေအရတော့ လာဗင်ဒါလက်ဖက်ရည်ဟာ ဟော်မုန်းအတက်အကျကြောင့်ဖြစ်တဲ့ စိတ်သောကဝေဒနာနဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်တဲ့။ အထူးသဖြင့် အမျိုးသမီးတွေမှာပေါ့။ ဓမ္မတာလာနေချိန်မှာ ဟော်မုန်းပြောင်းလဲပြီး စိတ်ဖိစီးမှုနဲ့ စိတ်သောကဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးတွေအတွက်တော့ အကောင်းဆုံး လက်ဖက်ရည်တစ်မျိုးပါပဲ။

Source: OrganicFacts

Share

Loading Next Article...
က္က