ညဘက် တော်တော်နဲ့အိပ်မရတော့ မနက်ဆို တော်တော်နဲ့မထနိုင် ရုံးနောက်ကျရတာလည်း ရက်ဆက်နေပြီလား

ဆောင်းရာသီနဲ့ ပတ်သက်လာရင် သဘောကျစရာတွေ အများကြီးရှိတယ်။ ရာသီဥတုအေးအေးလေးမှာ အိပ်ရာထဲ ကော်ဖီလေးသောက်ရင်း စာအုပ်ဖတ်၊ ဇာတ်လမ်းကြည့်ရတာတော့ အကြိုက်ဆုံးပါပဲ။ ဒါပေမဲ့ အရမ်းအေးလွန်းရင်လည်း အိပ်မရဘူး။ ညဘက် တော်တော်နဲ့အိပ်မရတော့ မနက်ဆို တော်တော်နဲ့မထနိုင် ရုံးနောက်ကျရတာလည်း ရက်ဆက်နေပြီပေါ့လေ။ ညဘက် ကောင်းကောင်းအိပ်ပျော်ဖို့ဆိုရင်တော့ အကြံဉာဏ်အချို့ မျှဝေလိုက်ပါရစေ။

 

၁။ အိပ်ရာခင်းကို နွေးထွေးပြီး သက်တောင့်သက်သာဖြစ်အောင် ဖန်တီးပါ။ ကျောခင်းစရာ အိပ်ရာက အေးစက်ပြီး မာတောင့်နေရင် အိပ်လို့ရမှာမဟုတ်ဘူး။ အိပ်ရာခင်းထူထူလေးခင်းရမယ်။

 

၂။ အရမ်းချမ်းလာရင် ရေနွေးအိပ်လေးဖက်ပြီး အိပ်ပါ။ ဖက်ခေါင်းအုံးတွေ၊ အရုပ်တွေက အရမ်းအေးတဲ့ ရာသီဥတုမှာ အလုပ်မဖြစ်ဘူး။ ရေနွေးအိတ်လေးပဲဖက်ထားလိုက်တာ ကောင်းပါတယ်။

 

၃။ ရေနွေးနဲ့ စိမ်ချိုးပါလား။ ရေနွေးဇလုံထဲ တစ်ကိုယ်လုံးနှစ်ပြီး စိမ်ထားလိုက်တော့ သွေးလည်ပတ်မှုက ကောင်းသွားတယ်။ အဲ့ဒီတော့ မြန်မြန်အိပ်ပျော်စေပါတယ်။

 

၄။ အပေါ်မှာ ပြောခဲ့သလိုပဲ ကော်ဖီပူပူလေးသောက်တာ ဇိမ်ပေါ့။ အိပ်ခါနီးဆိုတော့ ကဖင်းဓာတ် မပါတာကို သောက်ရပါမယ်။ နွားနို့ပူပူလေးသောက်ရင်သောက် ဒါမှမဟုတ် ချောကလက်ပူပူလေး တစ်ခွက်လောက် သောက်လိုက်ရင် နေလို့ထိုင်လို့ကောင်းသွားမယ်။

 

၅။ ခြေအိတ်၊ လက်အိတ်တွေကလည်း ဆောင်းရာသီရဲ့ ချပ်ဝတ်တန်ဆာတွေပါပဲ။ အိမ်ပြင်ထွက်လို့ ခြေအိတ်လက်အိတ် မစွပ်ဘူးဆိုလည်း ကိစ္စမရှိ။ ညအိပ်ရင်တော့ ခြေထောက်တွေကို နွေးအောင်ထားပေးတဲ့အခါ ပိုအိပ်ပျော်တယ်။ ခြေဖျားလက်ဖျား အေးနေရင်လည်း အိပ်မရဘူးလေ။

Source : Stylist

Share

Loading Next Article...
က္က