ကမ္ဘာ့လူဦးရေ (၃) ပုံ (၁) ပုံခန့်ဟာ ဆီးချိုရောဂါရှိနေပေမယ့် ရှိလို့ရှိနေမှန်း မသိကြဘူးလို့ ဆိုပါတယ်။

ဆီးချိုရောဂါဟာ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်များပြားပြီး အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ ရောဂါတစ်မျိုးပါ။ ကမ္ဘာ့လူဦးရေ (၃) ပုံ (၁) ပုံခန့်ဟာ ဆီးချိုရောဂါရှိနေပေမယ့် ရှိလို့ရှိနေမှန်း မသိကြဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် Type 2 ဆီးချိုရောဂါဆိုရင် ဘာလက္ခဏာမှ မပြသလောက်ပါပဲ။ ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုဖြစ်လို့ ဆီးချိုကို ပုံမှန်စစ်သင့်သလို စစ်ဖို့ မအားလပ်ရင်လည်း အောက်ပါလက္ခဏာတွေကို ကြည့်ပြီး ဆီးချိုရှိနေမှန်းသိနိုင်ပါတယ်။

၁။ ရေငတ်ခြင်း

15.jpg 

ုဆီးချိုရောဂါရှိနေပြီလို့ သိနိုင်တဲ့ လက္ခဏာတစ်ခုကတော့ ရေခနခန ငတ်တတ်တာပါပဲ။ ရေများများသောက်ခြင်းက ကျန်းမာရေးနဲ့ ညီညွတ်တယ်ဆိုပေမဲ့ အချိန်တိုင်းလိုလို ရေငတ်ပြီး ရေသောက်ချင်နေတယ်ဆိုရင်တော့ ဆီးချိုရောဂါရှိနေပြီလို့ သံသယရှိနိုင်ပါတယ်။ ဆရာဝန်နဲ့ပြသ စစ်ဆေးကြည့်သင့်ပါတယ်။

၂။ ဆီးခနခန သွားလိုခြင်း

diabetes test.jpg 

ထင်ရှားနေတာကတော့ ရေအများကြီးသောက်မယ်ဆိုရင် ဆီးလည်းခနခန သွားရမှာပါပဲ။ ဒါပေမဲ့ ဆီးခနခနသွားခြင်းကို ဖြစ်စေတဲ့ထဲမှာ ဆီးချိုရောဂါလည်း ပါပါတယ်။ ဆီးချိုရောဂါကြောင့် သွေးတွင်းသကြားဓာတ်တွေ မြင့်တက်လာတဲ့အခါ ဆီးအိမ်ထဲက ဆီးပမာဏကိုလည်း များပြားလာစေနိုင်ပါတယ်။ ဒါကြောင့် တစ်နေ့ အိမ်သာဘယ်နခါတက်ဖြစ်တယ် ဆိုတာကိုလည်း မှတ်သားထားသင့်ပါတယ်။

၃။ မောပန်းခြင်း

92.jpg 

ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်နေတာတောင် မောပန်းနေပြီလား။ အပျင်းကြီးတဲ့ ဓာတ်ခံကြောင့် ဖြစ်ကောင်းဖြစ်နိုင်သလို ဆီးချိုရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ သွေးဖိအားတက်လိုက် ကျလိုက်ဖြစ်တဲ့အချိန်မှာ ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရတတ်ပါတယ်။ ဆီးချိုကြောင့် ဂလူးကို့စ်တက်ခြင်းက သွေးလည်ပတ်မှုကို နှေးကွေးစေပြီး ခန္ဓာကိုယ်ဆဲလ်တွေမှာ လိုအပ်တဲ့ အာဟာရဓာတ်နဲ့ အောက်ဆီဂျင် အလုံအလောက်မရတဲ့အခါ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေပါတယ်။

၄။ မှက္ခရုနာပေါက်ခြင်း

ဆေးကုသမှုမပြုတဲ့ ဆီးချိုရောဂါဟာ လိင်အင်္ဂါနဲ့ အနီးတဝိုက်မှာ ယားယံနာနဲ့ အပူလောင်နာတွေကို ဖြစ်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သွေးတွင်းသကြား ပိုလျှံခြင်းက မှိုရောဂါကူးစက်နိုင်ခြေကို ပိုများစေနိုင်လို့ပါပဲ။ ဒါကြောင့် အဲဒီနေရာတဝိုက်မှာ အနာတွေပေါက်နေပြီဆိုရင် ဆီးချိုစစ်ကြည့်သင့်ပါပြီ။

၅။ မျက်စိမှုန်ခြင်း

1_m5FURzngXScSdDDLo2cX7g.jpeg 

ဂိမ်းဆော့များလို့၊ ကွန်ပျူတာအကြည့်များလို့ မျက်စိမှုန်တာ ဖြစ်နိုင်သလို ဆီးချိုကြောင့်လည်း မျက်စိမှုန်နိုင်ပါတယ်။ သွေးတွင်းသကြား မြင့်မားခြင်းက မျက်ကြည်လွှာတွေကို ရောင်ရမ်းစေနိုင်ပြီး စက္ခုအာရုံကို အားနည်းစေနိုင်ပါတယ်။ မျက်စိခြောက်ပြီး ခနခနယားယံနေမယ်ဆိုရင်လည်း ဆီးချိုလက္ခဏာပြဖို့ ကြိုးစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၆။ အနာအကျက်နှေးခြင်း

မတော်တဆဓားရှတာတို့၊ ချော်လဲတာတို့ကြောင့် သွေးထွက်သံယို အနာတရဖြစ်ပြီဆိုရင် ဒဏ်ရာပျောက်ဖို့ ခက်ခဲခြင်းဟာ ဆီးချိုရောဂါရဲ့ လက္ခဏာတစ်ခုပါပဲ။ နောက်ပြီး ဆီးချိုရောဂါကြောင့် ကိုယ်ခံအားနည်းနေတဲ့အတွက် ဒဏ်ရာကတဆင့် ကူးစက်ရောဂါရနိုင်ခြေလည်း များပါတယ်။ ဒါကြောင့် မိမိကိုယ်ကို ဆီးချိုရှိနေပြီလို့ သံသယရှိတဲ့အခါ ချွန်ထက်တဲ့ ဓားတွေနဲ့ ဝေးရာမှာနေပါ။

Source: Womens24x7

Share

Loading Next Article...
က္က