အိမ်မှာ အိမ်သားတစ်ယောက် ချောင်းဆိုးနေပြီဆိုရင် သူတစ်ယောက်တည်း အိပ်လို့မရတာ မဟုတ်ပါဘူး။ သူ့ချောင်းဆိုးသံကြောင့် တစ်အိမ်သားလုံးကော၊ အိမ်နီးနားချင်းတွေပါ အိပ်ရေးပျက်စေနိုင်ပါတယ်။

ချောင်းဆိုးခြင်းဆိုတာ လူကိုနေ့နေ့၊ ညည ဒုက္ခပေးနိုင်တဲ့ ဝေဒနာတစ်မျိုးပါ။ အိမ်မှာ အိမ်သားတစ်ယောက် ချောင်းဆိုးနေပြီဆိုရင် သူတစ်ယောက်တည်း အိပ်လို့မရတာ မဟုတ်ပါဘူး။ သူ့ချောင်းဆိုးသံကြောင့် တစ်အိမ်သားလုံးကော၊ အိမ်နီးနားချင်းတွေပါ အိပ်ရေးပျက်စေနိုင်ပါတယ်။

ရုတ်တရက်ချောင်းထဆိုးပြီး ဆေးခန်းသွားဖို့လည်း အဆင်မပြေ၊ အရေးပေါ် ချောင်းဆိုးပျောက်ဆေးလည်း မရှိဘူးဆိုရင်တော့ ဒီနည်းလမ်းလေးတွေနဲ့ ချောင်းဆိုးခြင်းပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

၁။ ပျားရည်နဲ့ သံပုရာသီး

3.-Honey-And-Lemon-For-Cough.jpg 

ပျားရည်ဟာ သဘာဝအချိုရည်တစ်မျိုးဖြစ်ပေမဲ့ ချောင်းဆိုးခြင်းကိုဖြစ်စေတဲ့ လည်ချောင်းယားယံခြင်းကို လျှော့ချပေးနိုင်ပါတယ်။ သံပုရာရည်ထဲမှာပါဝင်တဲ့ ဗိုက်တာမင်စီကတော့ လည်ချောင်းထဲကို ဘက်တီးရီးယားပိုးဝင်ခြင်းကို ကုသပေးနိုင်တော့ ဘက်တီးရီးယားပိုးဝင်ခြင်းကြောင့် ချောင်းဆိုးခြင်းကို သက်သာစေနိုင်ပါတယ်။

ပြုလုပ်နည်းကလည်း လွယ်ပါတယ်။ ပျားရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်းကို သံပုရာရည် လက်ဖက်ရည်ဇွန်း ဇွန်းဝက်ခန့်နဲ့ရောပြီး ရေနွေးနည်းနည်းနဲ့ ရောသောက်ပေးရုံပါပဲ။ မနက်တစ်ခါ၊ ညတစ်ခါ သောက်ပေးသင့်ပါတယ်။

၂။ ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်

642x361_IMAGE_1_Can_You_Really_Use_Honey_and_Cinnamon_for_Weight_Loss.jpg 

သစ်ကြံပိုးခေါက်မှုန့်မှာ သဘာဝကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ ပျားရည်နဲ့ ပေါင်းစပ်လိုက်ချိန်မှာတော့ ချောင်းဆိုးခြင်းဝေဒနာကို အချိန်တိုအတွင်းမှာ ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။ ဒီဆေးရည်လေးက ချွဲသလိပ်တွေကို ကြေပျက်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖြေရှင်းပေးနိုင်ပါတယ်။

အထူးသဖြင့် ကလေးတွေ ချောင်းဆိုးရင် ပျားရည်နဲ့ သစ်ကြံပိုးခေါက်မှုန့်ကိုရောပြီး သောက်သုံးသင့်ပါတယ်။ ပျားရည်ကို နည်းနည်းလေးနွေးအောင် အပူပေးပြီးမှ သစ်ကြံပိုးခေါက်မှုန့်နဲ့ရောပြီး သောက်ပေးရမှာပါ။ တစ်နေ့ (၃) ကြိမ်ခန့် သောက်ပေးရင် ချောင်းဆိုးခြင်းကို သက်သာစေနိုင်မှာပါ။

၃။ ဂျင်း၊ ပျားရည်နဲ့ ပူစီနံရွက်ပြုတ်ရည်

5.-Ginger-Peppermint-And-Honey-For-Cough.jpg 

ဂျင်းဟာ အဏုဇီဝပိုးမွှားတွေကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိကြွယ်ဝပါတယ်။ ပျားရည်နဲ့ရောလိုက်မယ်ဆိုရင်တော့ သဘာဝ အကိုက်အခဲပျောက်ဆေး တစ်မျိုးဖြစ်လာပြီး ချောင်းဆိုးခြင်းကို ယူပစ်သလို ပျောက်ကင်းစေနိုင်ပါတယ်။ ပူစီနံရွက်ကတော့ အအေးဓာတ်ကူဖြည့်ပေးနိုင်သလို ဂျင်းရဲ့အဏုဇီဝပိုးမွှား တိုက်ဖျက်နိုင်စွမ်းကိုပါ အားဖြည့်ပေးနိုင်ပါတယ်။

အစာလမ်းကြောင်းတလျှောက် ချွဲသလိပ်တွေ ကင်းစင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဒီဆေးရည်လေးကိုတော့ (၄) နာရီခြား တစ်ခါသောက်သုံးပေးရင် အကောင်းဆုံးပါပဲ။ ပြုလုပ်နည်းကတော့ အရင်ဆုံး ပူစီနံရွက်နဲ့ ဂျင်းကို ရေနဲ့ရောကြိုလိုက်ပါ။ ပြီးရင်အအေးခံပြီး ပျားရည်နဲ့ရောသောက်ပေးရုံပါပဲ။

Source: stylecraze

Share

Loading Next Article...
က္က