စဉ်းစားကြည့်ပါ။ စာမေးပွဲခန်းထဲ ဝင်ခါနီးပဲဖြစ်ဖြစ်၊ အင်တာဗျူးဖြေခါနီးပဲဖြစ်ဖြစ် ဝမ်းချုပ်နေမယ်ဆိုရင် ဘယ်လောက် ခံရခက်မယ်ဆိုတာ။

စဉ်းစားကြည့်ပါ။ စာမေးပွဲခန်းထဲ ဝင်ခါနီးပဲဖြစ်ဖြစ်၊ အင်တာဗျူးဖြေခါနီးပဲဖြစ်ဖြစ် ဝမ်းချုပ်နေမယ်ဆိုရင် ဘယ်လောက် ခံရခက်မယ်ဆိုတာ။ ဗိုက်ကလည်းအောင့်၊ ခေါင်းတွေကလည်းမူး၊ ချွေးစေးတွေလည်း ပျံနဲ့ ကိုယ်ရသင့်ရထိုက်တဲ့ အခွင့်အရေးတစ်ခုကိုတောင် လက်လွတ်ဆုံးရှုံးသွားရနိုင်ပါတယ်။

 

ဝမ်းချုပ်ခြင်းဆိုတာ အစာလမ်းကြောင်းတလျှောက် လှုပ်ရှားမှုတွေ နှေးကွေးလာပြီး အစာဟောင်းတွေ စွန့်ထုတ်ရာမှာ ခက်ခဲလာခြင်းကိုခေါ်ပါတယ်။ ဝမ်းချုပ်ရောဂါကို တချို့က ဝမ်းပျော့စာတွေ ပြန်စားပြီး ဖြေရှင်းတတ်ကြသလို တချို့ကတော့ ဝမ်းနှုတ်ဆေးပြန်သောက်ပြီး ဖြေရှင်းတတ်ကြပါတယ်။ ဒါပေမဲ့ ဝမ်းချုပ်ရောဂါကို ဖျော်ရည်လေးနည်းနည်းသောက်ပြီး ဖြေရှင်းနိုင်တယ်ဆိုတာကိုကော သိကြလား။ ဘာဖျော်ရည်တွေလဲဆိုတော့...

၁။ ဆီးသီးဖျော်ရည်

Prune-Juice-For-Constipation.jpg 

ဆီးသီးထဲမှာ အမျှင်ဓာတ်နဲ့ sorbitol ဆိုတဲ့ အစာအိမ်အူလမ်းကြောင်းကို ကောင်းမွန်စေတဲ့ အာဟာရဓာတ်တစ်မျိုး ကြွယ်ဝစွာပါဝင်ပြီး ဝမ်းချုပ်နေသူများအတွက် ဝမ်းပျော့အောင် စွမ်းဆောင်ပေးနိုင်ပါတယ်။ ပျားရည်ကတော့ သဘာဝအတိုင်း ဘက်တီးရီးယားပိုးမွှား တိုက်ဖျက်နိုင်စွမ်းရှိပြီး ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဇီရာစေ့ကတော့ အစာအိမ်ကျန်းမာရေး ကောင်းစေဖို့အတွက် ဖျော်ရည်ရဲ့အရသာ ကောင်းမွန်စေဖို့အတွက် ထည့်သွင်းရတာပါ။

ပြုလုပ်နည်းလေးကတော့ ဆီးသီး (၅) လုံးခန့်ကို ရေနွေးနဲ့ (၅) မိနစ်ခန့်အရင်ပြုတ်ပါ။ ပြီးတော့မှ ဆီးသီးအရည်ပဲကျန်အောင် ဇကာနဲ့စစ်ထုတ်ပြီး ဆီးသီးအရည်ထဲကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ဇီရာစေ့အမှုန့် ဇွန်းဝက်ခန့်ကိုထည့်ပါ။ နည်းနည်းမွှေးပေးပြီး သောက်သုံးလိုက်ရင် အရသာရှိပြီး ဝမ်းချုပ်ရောဂါ ပျောက်ကင်းစေတဲ့ ဆီးသီးဖျော်ရည်လေးကို ရပါပြီ။

၂။ ပန်းသီးဖျော်ရည်

Apple-Juice-For-Constipation.jpg 

ပန်းသီးဟာလည်း သဘာဝအလျောက် အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးတစ်မျိုးပါ။ ဒါတင်မကသေးပါဘူး။ ဗိုက်တာမင်နဲ့ သတ္ထုဓာတ်တွေလည်း ကြွယ်ဝပါသေးတယ်။ ပန်းသီးမှာ ဝမ်းပျော့စေတဲ့ အာနိသင်တစ်ခုလည်း ရှိပါတယ်။ စမုန်နက်စေ့ကတော့ ဝမ်းသွားရလွယ်ကူအောင် ဝမ်းကိုပျော့စေနိုင်သလို အစာလမ်းကြောင်း လှုပ်ရှားမှုကိုလည်း ပိုမိုချောမွေ့အောင် ကူညီပေး နိုင်ပါတယ်။

ပန်းသီးဖျော်ရည် လုပ်ဆောင်ပုံလေးကတော့ အရွယ်တော်ပန်းသီးတစ်လုံးကို ရိုးတံဖယ်၊ ထက်ခြမ်းခြမ်း၊ အစေ့ထုတ်ပြီး မီးဖိုသုံးမွှေစက်ထဲကို ပစ်ထည့်လိုက်ပါ။ ပြီးရင် ရေနည်းနည်းရောပြီး မွှေပေးလိုက်ပါ။ ရလာတဲ့ ပန်းသီးဖျော်ရည်ကို ဖန်ခွက်တစ်ခွက်ထဲ လောင်းထည့်ပြီး စမုန်နက်စေ့မှုန့် နည်းနည်းပါ ဖြူးပေးလိုက်ပါဦး။ ပြီးရင်တော့ ဇွန်းနဲ့မွှေပြီး သောက်သုံးပေးနိုင်ပါတယ်။

၃။ လိမ္မော်သီးဖျော်ရည်

Orange-Juice-For-Constipation.jpg 

လိမ္မော်သီးဟာ ဗိုက်တာမင်စီ၊ သတ္ထုဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးတစ်မျိုးပါ။ လိမ္မော်သီးထဲက အမျှင်ဓာတ်နဲ့ ဗိုက်တာမင်စီဟာ အစာအိမ်ထဲမှာ ရေဓာတ်ပြည့်ဝစေပြီး အစာလမ်းကြောင်းမှာ ချောချောမွေ့မွေ့ဖြစ်အောင် ကူညီပေး နိုင်ပါတယ်။ လိမ္မော်သီးကို ဒီတိုင်းစားပေးရင်လည်း ဝမ်းချုပ်ရောဂါအတွက် ကောင်းမွန်သလို ဖျော်ရည်လုပ်သောက် ပေးရင်လည်း ကောင်းပါတယ်။

ုပြုလုပ်နည်းလေးကတော့ လိမ္မော်သီးတစ်လုံးကို အခွံခွာပြီး မွှေစက်ထဲထည့်မွှေလိုက်ပါ။ ပြီးရင်ဖန်ခွက်တစ်ခွက်ထဲ လောင်းထည့်ပြီး ဆားနည်းနည်းနဲ့ ရောမွှေပေးလိုက်ပါ။ သောက်သုံးပြီးရင် ဝမ်းချုပ်နေတဲ့ အခြေအနေ နာရီပိုင်းအတွင်း ပြောင်းလဲသက်သာသွားတာကို သတိထားမိလာမှာပါ။

Source: stylecraze

Share

Loading Next Article...
က္က