တချို့တွေက ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့ အရသာကို မနှစ်သက်ကြသလို တချို့ကတော့ ခါးသက်တဲ့အရသာကြောင့်ပဲ အလွန်နှစ်သက်ကြပါတယ်။

ကြက်ဟင်းခါးသီးဟာ ခါးသက်တဲ့အရသာကြောင့် ထင်ရှားပြီး ပုစွန်ခြောက်လေးရောပြီး ကြော်စားလိုက်မယ်ဆိုရင် ဆိမ့်တိမ့်တိမ့်နဲ့ စားလို့ကောင်းပါတယ်။ တချို့တွေက ကြက်ဟင်းခါးသီးရဲ့ ခါးသက်တဲ့ အရသာကို မနှစ်သက်ကြသလို တချို့ကတော့ ခါးသက်တဲ့အရသာကြောင့်ပဲ အလွန်နှစ်သက်ကြပါတယ်။

 

ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ကြက်ဟင်းခါးသီးဟာ နေ့စဉ်အစားအသောက်ထဲမှာ မဖြစ်မနေ ထည့်သွင်းသင့်တဲ့ ဟင်းသီးဟင်းရွက်တစ်မျိုးပါ။ အထူးသဖြင့် ဗိုက်ထဲမှာ ရင်သွေးလေးတွေကို လွယ်ထားရတဲ့ မိခင်လောင်းတွေအနေနဲ့ ကြက်ဟင်းခါးသီးကို ပိုစားပေးသင့်ပါတယ်။

၁။ ဖိုလိတ်ထ်ဓာတ် ကြွယ်ဝတယ်

suhyeon-choi-251615.jpg 

ဖိုလိတ်ထ်ဓာတ်ဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် မရှိမဖြစ်လိုအပ်ချက် တစ်မျိုးဖြစ်ပါတယ်။ ဒီသတ္ထုဓာတ်ဟာ မိခင်လောင်းတွေရဲ့ ဗိုက်ထဲကရင်သွေးလေးတွေကို neural tube defect လို့ခေါ်တဲ့ အာရုံကြောချို့ယွင်းမှု ဝေဒနာဘေးမှ ကာကွယ်ပေးနိုင်ပါတယ်။

အဲဒီဝေဒနာဟာ မိခင်လောင်းတွေ ကိုယ်ဝန်လွယ်ထားရပြီး (၁) လမှ (၃) လအတွင်းမှာ တွေ့ရတတ်ပြီး ကလေးရဲ့ ဦးနှောက်နဲ့ အာရုံကြော၊ ခါးရိုးနဲ့ ခါးရိုးနာ့ဗ်ကြောမကြီးတို့ကို သားအိမ်ထဲမှာ ရှိနေချိန်ကတည်းက ထိခိုက်စေနိုင်တဲ့ ရောဂါဝေဒနာ တစ်မျိုးလည်း ဖြစ်ပါတယ်။ ကြက်ဟင်းခါးသီးထဲမှာတော့ ဖိုလိတ်ထ်ပမာဏ မြင့်မားစွာ ပါဝင်ပြီး ကိုယ်ဝန်ဆောင်မိခင်တွေ နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် (၄) ပုံ (၁) ပုံကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

၂။ အမျှင်ဓာတ်ကြွယ်ဝတယ်

ကြက်ဟင်းခါးသီးထဲမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်ပြီး စိတ်ကျေနပ်မှုကိုလည်း ပေးစွမ်းနိုင်ပါတယ်။ ကြက်ဟင်းခါးသီးနဲ့ ထမင်းစားထားရင် ကိုယ်ဝန်ဆောင်ချိန်မှာ ချင်ခြင်းတက်တတ်တဲ့ အဆီများတဲ့ အစားအစာတွေ၊ ကယ်လိုရီများပြားတဲ့ အစားအစာတွေနဲ့ အမြန်ရအစားအစာတွေကို တပ်မက်စိတ်ကို လျှော့ချနိုင်ပါတယ်။ နောက်ပိုင်းတော့ မိန်းကလေးအများစု လိုလားကြတဲ့ ကိုယ်ဝန်ဆောင်နေချိန် အဆီပိုတွေနဲ့ ပုံပျက်ပန်းပျက်နိုင်မှုကို လျှော့ချပေးပြီး သွယ်လျလှပစေပါတယ်။

၃။ အစာခြေလမ်းကြောင်းကို ရှင်းလင်းပေးတယ်

_8ff148f6-f92b-11e6-ab12-d7625b180dd1.jpg 

ကမ္ဘာတဝှမ်းလုံးက ကိုယ်ဝန်ဆောင်မိခင်တွေ အများဆုံးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုကတော့ ဝမ်းချုပ်ရောဂါနဲ့ စအိုနဲ့ တင်ပါးတဝိုက်မှာ ယားယံရောင်ရမ်းမှု ဝေဒနာ (haemorrhoids) တို့ပဲ ဖြစ်ပါတယ်။ ကြက်သီးခါးသီးထဲမှာ ပါဝင်တဲ့ အမျှင်ဓာတ်က ဒီပြဿနာတွေကို နည်းသည်ထက်နည်းပါးအောင် ကူညီပေးပါလိမ့်မယ်။

၄။ ဆီးချိုကာကွယ်ပေးတယ်

ကြက်ဟင်းခါးသီးရဲ့ အရသာကိုက အခါးဓာတ်နဲ့ အဆိမ့်ဓာတ်ကဲတဲ့အတွက် သွေးတွင်းအချိုဓာတ် မြင့်မားမှုကို ကာကွယ်ပေးနိုင်ပြီး ဆီးချိုရောဂါကို သဘာဝအလျောက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဒါကြောင့် ဆီးချိုရောဂါကို ကာကွယ်ချင်ရင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကြက်ဟင်းခါးသီးကို နေ့စဉ်စားပေးသင့်ပါတယ်။ ကြက်ဟင်းခါးသီးထဲမှာ ပါဝင်တဲ့ charantin နဲ့ polypeptide-P တို့ကလည်း ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တတ်တဲ့ ဆီးချိုအန္တရာယ်ကို ကာကွယ်နိုင်ပါတယ်။

၅။ antioxidant ကြွယ်ဝတယ်

megan-lynette-402624.jpg 

ကြက်ဟင်းခါးသီးထဲမှာ ပါဝင်တဲ့ ဗိုက်တာမင်စီဟာ antioxidant တစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေရဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် မိခင်လောင်းတွေရဲ့ ခန္ဓာကိုယ်မှာ ကိုယ်ခံအားမြင့်တက်လာစေဖို့အတွက်လည်း ကူညီပေးနိုင်ပါတယ်။

Source: Stylecraze

Share

Loading Next Article...
က္က