ခန္ဓာကိုယ်ပြောင်းလဲမှုတွေ အားလုံးကို သတိပြုမိဖို့ဆိုတာလည်း ခဲယဉ်းပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ဟော်မုန်းပြောင်းလဲမှုကြောင့် ခန္ဓာကိုယ်ပြောင်းလဲမှု ဖြစ်တယ်ဆိုတာ မဆန်းပါဘူး။ ယောကျ်ားလေး တွေဆိုရင် နှပ်ချေးတွဲလောင်းနဲ့ ပြေးလွှားဆော့ကစားနေရာကနေ အသံတွေသြလာပြီး နှုတ်ခမ်းမွှေးစစ ထွက်လာတာတို့၊ မိန်းကလေးတွေဆိုရင်လည်း ဟော်မုန်းပြောင်းလဲမှုကြောင့် တချို့ခန္ဓာကိုယ် အစိတ်အပိုင်းတွေ ပုံသဏ္ဍာန်ပြောင်းလဲသွားတာတို့ ဖြစ်တတ်ပါတယ်။



အဲဒီလို ခန္ဓာကိုယ်ပြောင်းလဲမှုတွေ အားလုံးကို သတိပြုမိဖို့ဆိုတာလည်း ခဲယဉ်းပါတယ်။ ဒါပေမဲ့ လူတိုင်းသတိပြုသင့်တဲ့ အရေးအကြီးဆုံး ခန္ဓာကိုယ်ပြောင်းလဲမှုလေးတွေလည်း ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သတိမထားမိရင် အဲဒီပြောင်းလဲမှု လေးတွေက ဆိုးရွားတဲ့ကျန်းမာရေး အခြေအနေတွေဆီကို ဦးတည်စေနိုင်လို့ပါပဲ။

၁။ ဘာဆေးလိမ်းလိမ်း ပျောက်မသွားတဲ့ ဝက်ခြံ/ အနီစက်တွေပေါက်နေခြင်း

01-Little-Body-Changes-that-Reveal-a-Lot-About-Your-Health-pimple-625205966_fizkes.jpg 

အရေပြားခွဲစိတ် အထူးကုဆရာဝန်တစ်ဦးဖြစ်တဲ့ Bradley Bloom ရဲ့အဆိုအရ ဘာဆေးလိမ်းလိမ်း ပျောက်မသွားတဲ့ ဝက်ခြံ/ အနီစက်တွေကို သတိထားသင့်ပါတယ်တဲ့။ သူ့ဆီကိုလာတဲ့ လူနာတွေဟာ သူတို့မျက်နှာပေါ်က ဝက်ခြံတွေ၊ အနီစက်တွေ ဘာဆေးလိမ်းလိမ်း ပျောက်ကွယ်မသွားတာကို တွေ့ရှိခဲ့ရာကနေ သေချာစစ်ဆေးကြည့်တော့ basel cell carcinoma လို့ခေါ်တဲ့ အဖြစ်အများဆုံး အရေပြားကင်ဆာ တမျိုးရဲ့ လက္ခဏာဖြစ်နေပါသတဲ့။ သူ့ရဲ့အဆိုအရတော့ ခွဲစိတ်ကုသလိုက်ခြင်းက ဆိုးကျိုးအနည်းဆုံးနဲ့ အလွယ်ကူဆုံး ဖြေရှင်းနည်းပါပဲတဲ့။

၂။ လက်သည်းမှာ အနီရောင်အစင်းကြောင်းလေးတွေ ပေါ်နေခြင်း

03-Little-Body-Changes-that-Reveal-a-Lot-About-Your-Health-red-line-90250539_petrograd99.jpg 

လူအများစုကတော့ သူတို့ရဲလက်သည်းတွေဟာ သူတို့ရဲ့ကျန်းမာရေးအကြောင်းကို အများကြီးပြောနိုင်မှန်း သဘောမပေါက်ကြပါဘူး။ သတိပြုသင့်တဲ့ အရာတစ်ခုကတော့ လက်သည်းတွေပေါ်က အနီရောင်အကြောင်းတွေပါပဲ။ Cleveland ဆေးခန်းက အရေပြား အထူးကုဆရာဝန် Thomas Knackstedt ကတော့ လက်သည်းပေါ်မှာ အနီရောင်အစင်းကြောင်းတွေ ပေါ်လာရခြင်းဟာ လက်သည်းရဲ့အမြစ်ထဲမှာ ရောင်ရမ်းခြင်းကြောင့် ဖြစ်နိုင်ပါတယ်။

တစ်နည်းအားဖြင့် lichen planus နဲ့ psoriasis တို့လို အရေပြားရောဂါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒီတော့ လက်သည်းမှာ အနီစင်းလေးတွေ ပေါ်နေပြီဆိုရင် မပေါ့ဆဘဲ အရေပြားဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။

၃။ နှုတ်ခမ်းခြောက်ခြင်း

05-Little-Body-Changes-that-Reveal-a-Lot-About-Your-Health-chapped-172911615_gacooksey.jpg 

ရာသီဥတုအေးလာတာနဲ့အမျှ နှုတ်ခမ်းခြောက်လာတတ်တာ မဆန်းပါဘူး။ ဒါပေမဲ့ အဲဒါက actinic cheilitis လို့ခေါ်တဲ့ အရေပြားကင်ဆာ တစ်မျိုးကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ အစောပိုင်းအဆင့်တွေမှာ နေလောင်ခံခရင်မ် တစ်မျိုးလိမ်းပေးတာတို့၊ ရေများများသောက်ပေးတာတို့ လုပ်ပေးလို့ရပါတယ်။ ဒါပေမဲ့ အဲဒီအခြေအနေကို ပေါ့ပေါ့ဆဆထားလိုက်မယ်ဆိုရင်တော့ နှုတ်ခမ်းအရေခွံ ကင်ဆာဆဲလ်ပွားခြင်း ဆိတြံါ အခြေအနေ တစ်မျိုးထိ ဖြစ်သွားနိုင်ပါတယ်။

၄။ မျက်ခုံးပါးခြင်း

06-Little-Body-Changes-that-Reveal-a-Lot-About-Your-Health-brows-157504068_EmmaKStudio.jpg 

လူတွေအသက်ကြီးလာတာနဲ့အမျှ သဘာဝအတိုင်း အမွှေးပါးလာတာကို ကြုံရတတ်ပါတယ်။ Dr. Bloom ကတော့ အဲဒီလို မျက်ခုံးပါးတာကို သတိထားသင့်ပါတယ်တဲ့။ အဲဒါက hypothyroidism ဆိုတဲ့ သိုင်းရွိုက်ရောဂါတစ်မျိုးကြောင့် ဖြစ်နေနိုင်ပြီး စမ်းသပ်မှုတွေ ပြုလုပ်ဖို့အတွက် ဆရာဝန်နဲ့ သေချာပြသသင့်ပါတယ်။ တကယ်လို့ သိုင်းရွိုက်ရောဂါကြောင့် အမွှေးဆုံးရှုံးရတာဆိုရင် နောက်ခံက အကြောင်းရင်းကို ကုသပေးဖို့ လိုအပ်ပါတယ်။

၅။ ချိုင်းကြားပေါင်ကြားတွေမှာ မဲနက်လာခြင်း

07-Little-Body-Changes-that-Reveal-a-Lot-About-Your-Health-body-creases-185816767_CentralITAlliance.jpg 

Acanthosis nigricans ဆိုတာ ချိုင်းကြား၊ ပေါင်ကြားနဲ့ လည်ဂုတ်နေရာတွေမှာ အရေပြားတွေ မဲနက်လာတဲ့ အခြေအနေတစ်မျိုးပဲ ဖြစ်ပါတယ်။ Dr. Bloom ရဲ့အဆိုအရတော့ ဒီလိုပြောင်းလဲမှုက ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ခုခံမှုရဲ့ လက္ခဏာတစ်ရပ် ဖြစ်နေနိုင်ပါတယ်တဲ့။ တစ်နည်းအားဖြင့် ဒါဟာ Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေ အလွန်မြင့်မားမှုကို ဖော်ပြနေပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က