ကမ္ဘာပေါ်မှာ ကင်ဆာအမျိုးအစား အများအပြားရှိသလို ကုသပျောက်ကင်းဖို့ဆိုတာလည်း ခက်ခဲနေဆဲပါပဲ။

ကမ္ဘာပေါ်မှာ ကင်ဆာရောဂါဟာ လူသေမှုနှုန်းအများဆုံး ရောဂါတစ်မျိုး ဖြစ်နေဆဲပါပဲ။ ကမ္ဘာပေါ်မှာ ကင်ဆာအမျိုးအစား အများအပြားရှိသလို ကုသပျောက်ကင်းဖို့ဆိုတာလည်း ခက်ခဲနေဆဲပါပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ နေ့စဉ်အပြုအမူတွေထဲက ကင်ဆာဖြစ်စေနိုင်တဲ့ အပြုအမူလေးတွေကို သိထားတာက မမှားပါဘူး။



၁။ အချိုအစားများခြင်း

01_causes_cancer_surprise_too_much_sugar_nambitomo.jpg 

အချိုအစားများခြင်းက ကျန်းမာရေးအတွက် အဆင်မပြေပါဘူး။ အချိုအစားများခြင်းက အဝလွန်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါတို့နဲ့  ဆက်နွယ်နေနိုင်တယ်ဆိုတာကို လူအများစုက သိထားကြပြီး ဖြစ်မှာပါ။ တက်ဆက်တက္ကသိုလ်က သုတေသန တစ်ခုအရဆိုရင် နေ့စဉ်အစားအသောက်ထဲမှာ အချိုဓာတ်ပါဝင်မှုနှုန်း မြင့်မားခြင်းက ရင်သားကင်ဆာဖြစ်နိုင်ခြေနဲ့ ဆက်နွယ်နေပါတယ်တဲ့။

ဓာတ်ခွဲခန်းထဲမှာ ကြွက်တွေနဲ့စမ်းသပ်ခဲ့ကြပြီး အချိုအစားများတဲ့ ကြွက်တွေဟာ ရင်သားကင်ဆာ အဖြစ်များတာကို တွေ့ရှိခဲ့ကြပါတယ်။ သုတေသနရလဒ်အဖြစ် အမျိုးသမီး အချိုဓာတ် အစားများရင် ရင်သားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ အဖြေထုတ်ခဲ့ကြပါတယ်။

၂။ ပူလောင်တဲ့သောက်စရာတွေကို သောက်သုံးခြင်း

02_causes_cancer_surprise_HOT_beverages_bgton.jpg 

မနက်မိုးလင်းရင် ကော်ဖီပူပူလေး သောက်လိုက်ရမှ နေသာထိုင်သာရှိသူလား။ ဒါဆိုရင်တော့ နောက်တစ်ခါ ပြန်တွေးလိုက်ပါဦး။ အပြည်ပြည်ဆိုင်ရာ ကင်ဆာဂျာနယ်ထဲမှာ ဖော်ပြထားတဲ့ သုတေသနတစ်ခုအရ ပူလောင်တဲ့ သောက်စရာတွေမှာ တွေ့ရတဲ့အပူချိန်ဟာ အစာပြွန်ကင်ဆာ ဖြစ်နိုင်ခြေနဲ့ ဆက်နွယ်နေပါတယ်တဲ့။

သီအိုရီအရတော့ အပူချိန်မြင့်မားခြင်းဟာ အစာပြွန်ထဲမှာ အပူလောင်ခြင်းကို ဖြစ်စေနိုင်ရာကနေ ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်နဲ့ ဟော်မုန်းပြောင်းလဲခြင်းတွေကိုပါ ဖြစ်စေနိုင်တာပါ။ ဒါကြောင့် ပူလောင်တဲ့သောက်စရာတွေကို ချက်ချင်းမသောက်ဘဲ အအေးခံပြီးမှ သောက်သုံးပေးသင့်ပါတယ်။

၃။ တာရှည်ခံအသားတွေကို စားခြင်း

03_causes_cancer_surprise_processed_meats_bhofack2.jpg 

တာရှည်ခံအောင်လို့ နေလှန်းထားတဲ့၊ ဆားသိပ်ထားတဲ့၊ ကြပ်တင်ထားတဲ့ အစားအသောက်တွေဟာ ကင်ဆာရောဂါဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိနေနိုင်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသန အဖွဲ့ကတော့ တာရှည်ခံအသားတွေ (Processed meat) တွေဟာ အူမကင်ဆာဖြစ်စေနိုင်တယ်လို့ ဆိုထားပါတယ်။

သူတို့ရဲ့အဆိုအရ တာရှည်ခံအသား (၁/၄) ပေါင်ခန့်စားမယ်ဆိုရင် အူမကင်ဆာ ဖြစ်နိုင်ခြေကို (၁၈) ရာခိုင်နှုန်းအထိ မြင့်တက်စေနိုင်ပါတယ်တဲ့။ ဒါကြောင့် တာရှည်ခံအသားတွေကို တတ်နိုင်သမျှ ရှောင်ရှားသင့်ပြီး စားမယ်ဆိုရင်လည်း ပမာဏနည်းနည်းပဲ လျှော့စားသင့်ပါတယ်။

၄။ အရက်အများကြီးသောက်ခြင်း

04_causes_cancer_surprise_too_much_alcohol_tomorca.jpg 

တကယ်တော့ အရက်ကို အတိုင်းအထွာနဲ့ ချင့်ချိန်သောက်သုံးတတ်မယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်ဘဲ ပမာဏာအများကြီး သောက်သုံးမိပြီဆိုရင်တော့ ကင်ဆာရောဂါနဲ့ တခြားရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

အမေရိကန် အမျိုးသားကင်ဆာသိပ္ပံရဲ့ အဆိုအရဆိုရင် အရက်သောက်သုံးခြင်းက ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ အစာအိမ်ကင်ဆာ၊ အသည်းကင်ဆာတို့နဲ့ ဆက်နွယ်နေနိုင်ပါတယ်။ အရက်က အစာပြွန်ထဲကို ဆင်းသွားချိန်မှာ acetaldehyde ဆိုတဲ့ ဓာတုအဆိပ်တစ်မျိုးကို ထွက်လာစေနိုင်ပြီး အဲဒီအဆိပ်က ကင်ဆာရောဂါကို ဖြစ်လာစေနိုင်ပါတယ်။

၅။ ညဘက်အလုပ်လုပ်ခြင်း

05_causes_cancer_surprise_working_night_shift_monkeybusinessimages.jpg 

ဒီခေါင်းစဉ်နဲ့ ပတ်သက်လာရင် ပိုပြီးအသေးစိတ်ကျတဲ့ သုတေသနတွေကို လုပ်ရဦးမယ်ဆိုပေမဲ့ ညဘက်အလုပ်လုပ်ခြင်း (ဇီဝနာရီ ပျက်ယွင်းခြင်း) ဟာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်တက်လာစေနိုင်တယ်လို့ သုတေသနအချို့က ဆိုထားပါတယ်။ ညဘက်အလုပ်လုပ်ရင် ဇီဝနာရီ အလုပ်လုပ်ဆောင်မှုတွေ မူမမှန်ဖြစ်စေနိုင်သလို ကိုယ်ခံအားလျော့နည်းခြင်းနဲ့ ရောင်ရမ်းခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါ့အပြင် ညဆိုင်းအလုပ်သမားတွေက ကဖင်းသောက်သုံးမှု မြင့်မားတဲ့အတွက် ညအိပ်မရတဲ့ရောဂါနဲ့ ကဖင်းဓာတ်လွန်ကဲခြင်း တွေလည်း ဖြစ်စေနိုင်ပြီး ကင်ဆာဖြစ်စေနိုင်ပါတယ်။

Source: Reader's Digest


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က